Sunday 17 May 2015

အိုင်အက်စ်စစ် သွေးကြွများ ဥရောပသို့ ဒုက္ခသည်များနှင့်ရောနှော ခိုးဝင်လျှက်ရှိ

ရွှေ့ပြောင်းအခြေချဒုက္ခသည်များ လိုက်ပါလာသည့် လှေတစ်စင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters) ဒုက္ခသည်များကြားတွင် အိုအက်စ်များ ပုန်းဝှက်ပါလာလေ့ ရှိသည်ဟု ဆိုသည်။
လစ်ဗျား အရာရှိ တစ်ဦး၏ ဘီဘီစီသို့ ပြောကြားချက်အရ အိုင်အက်စ် တိုက်ခိုက်ရေးသမားများမှာ မြေထဲ ပင်လယ် ဒေသအတွင်းရှိ ဂိုဏ်းများမှတစ်ဆင့် ဥရောပသို့ ခိုးဝင်လာလျှက်ရှိသည်ဟု ဆိုသည်။ အစိုးရ အကြံပေး အက်ဗဒယ်ဘစစ် ဟာရွန်း၏ ပြောကြားချက်အရ လူမှောင်ခိုသမားများက ရွှေ့ပြောင်းအခြေချ များနှင့် ပြည့်ကျပ်နေသည့် လှေများပေါ်တွင် အိုင်အက်စ်စစ်သွေးကြွများကိုဝှက်ထည့်လာခဲ့သည်ဟုဆို သည်။

စစ်သွေးကြွများ ထိန်းချုပ်ထားသည့် မြောက်အာဖရိက အစိတ်အပိုင်းများမှ လှေပိုင်ရှင်များနှင့် စကားဝိုင်း များကို အခြေခံ၍ ထိုသို့ ကောက်ချက်ချရခြင်းဖြစ်ကြောင်း ဟာရွန်းက ပြောကြားသည်။ ကုလသမဂ္ဂ၏ ခန့် မှန်းချက်အရ ယခုနှစ်တွင် လူ ၆၀၀၀၀ခန့်မှာ မြေထဲပင်လယ်ကို ဖြတ်သန်းရန် ကြိုးစားခဲ့သည်ဟုဆိုသည်။

၂၀၁၅ခုနှစ်တွင် တရားလွန်ပြည့်ကျပ်နေပြီး၊ ပင်လယ်ခရီးသွားရန် မသင့်တော်သည့် လှေများဖြင့် ခရီး သွားသည့် အတွက် လူပေါင်း ၁၈၀၀ ကျော်မှာ လမ်းခုလတ်တွင် အသက်ဆုံးရှုံးမည့် အန္တရာယ်နှင့် ကြုံတွေ့ နေရပြီး၊ ထိုပမာဏမှာ ၂၀၁၄ ခုနှစ်ကထက် အဆပေါင်း 20 မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဥရောပရဲများက မည်သူက အိုင်အက်စ်၊ မည်သူက သာမန်ဒုက္ခသည်ဟု ခွဲခြားရခက်ခဲသောကြောင့် အိုင်အက်စ်တို့က ၄င်းတို့ ဥရောပသို့ စေလွှတ်လိုသော လူများအတွက် ယခုကဲ့သို့ ရွှေ့ပြောင်းအခြေချ လှေများကို အသုံးပြုနေခြင်းဖြစ်သည်ဟု မစ္စတာ ဟာရွန်းက ဘီဘီစီနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။ စစ်သွေးကြွတွေဟာ များသောအားဖြင့် ရွှေ့ပြောင်းအခြေချများမှ ခွဲ၍ ထိုင်နေလေ့ရှိပြီး။ နယ်စပ် ဖြတ်ကျော်ခြင်းကို ကြောက်ရွံ့မနေဘူးဆိုရင် အိုင်အက်စ်ဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသွားပြီဟုလည်း ၄င်းက ထပ်လောင်းပြောကြားသည်။

ဆက်လက်ပြီး အိုင်အက်စ်တို့က လှေပိုင်ရှင်များကို အလုပ်လုပ်ခွင့်ပေးထား သော်လည်း ၄င်းတို့ တစ်ခေါက် ပြေးဆွဲတိုင်း ရသည့်ဝင်ငွေမှ တစ်ဝက် တိတိကို ဖြတ်တောက်ယူသည်ဟုလည်း ဟာရွန်းက ပြောကြား သည်။ ဥရောပတွင် ပြုလုပ်မည့် အနာဂတ်ကာလ တိုက်ခိုက်မှုများအတွက်  အိုင်အက်စ်တို့ ကြိုတင် စီမံကိန်း များ ချမှတ်နေပုံရသည်ဟုလည်း ဟာရွန်းက ၎င်း၏ ထင်မြင်ချက်ကို ပြောကြားခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment