Sunday 17 May 2015

မန်းကျောက်စိမ်းဈေးကွက်အပွင့်လိုင်း အရောင်းအဝယ်သွက်

မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ် ဈေးကွက်တွင် အပွင့်လိုင်းကျောက်များသာ လတ်တလော အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရ သည်။

''အခုရက်ပိုင်းကတော့ အပွင့် လိုင်းလေးတွေတော့ တော်တော်အ လုပ်ဖြစ်နေတယ်၊ ကျန်တဲ့လိုင်းတွေက တော့ အရောင်းအဝယ်က ဖြောက် တောက်ဖြောက်တောက်ရယ် တဖြည်း တဖြည်းတော့ အရောင်းအဝယ် ဖြစ်လာမှာပါ''ဟု (ပြည့်ဝကျော် ကျောက်မျက်ရတနာအရောင်းဆိုင်) ပိုင်ရှင် ကိုကျော်ကျော်ညွန့်က ပြော သည်။

မန္တလေးကျောက်စိမ်း ဈေးကွက်တွင် ၂၀၁၄ ခုနှစ်အတွင်းမှစတင်ကာ ကျောက်အရောင်းအဝယ်များ သိသာ စွာ အေးနေပြီး တရုတ်ဈေးကွက်တစ်ခုတည်းကိုသာ မှီခိုနေရခြင်းကလည်း မြန်မာ့ကျောက်စိမ်း ဈေးကွက်၏ အားနည်းချက်တစ်ခုပင်ဖြစ်သည်ဟု ကျောက်အရောင်းအဝယ် လုပ်ကိုင်သူများက ဆိုသည်။

''အခုဝိုင်းထဲမှာကလူတော့ စည်တယ်၊ မနက်ခင်းဝိုင်းတွေမှာရောင်းတဲ့ အောက်ကျောက်တွေလဲ အလုပ် သိပ်မဖြစ်ကြဘူး၊ ပုတီးသမားတွေ သိပ်မဝယ်တော့ဘူး၊ လက်ကောက်လုပ်သူတွေလောက်သာပဲ နည်းနည်း ဈေးမေးကြတာရှိတယ်၊ ကျောက်ကောင်းတွေကြတော့လဲ ဈေးမရတော့ မရောင်းကြဘူး။ အ လုပ်သိပ်မဖြစ် ဘူး၊ အရည်အပွင့်လေး တွေတော့ အလုပ်ဖြစ်နေပါတယ်''ဟု ကျောက်လုပ်ငန်းရှင် ကိုစိုးညွန့်က ပြောသည်။

လက်ရှိအရောင်းအဝယ်ဖြစ် နေသည့် ကျောက်စိမ်းအပွင့်လိုင်း အတွင်း ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ ဝန်းကျင် တန်ဖိုးရှိ ကျောက်များ သာ အလုပ်ဖြစ်လျက်ရှိပြီး သိန်းရာ ကျော်တန်သည့် ကျောက်များအရောင်း အဝယ်အေးလျက်ရှိကြောင်း သိရသည်။

လက်ရှိကျောက်စိမ်းဈေးကွက် အတွင်း ကျောက်ကောင်းများရှားပါး လာပြီး ကျောက်ကောင်းများရရှိလာ ပါက ဈေးနည်းနေသည့်အတွက် ကျောက်ကုန်သည်များမှာ ငွေသိမ်း ခြင်းမရှိပဲ ကျောက်ကောင်းများသာ သိမ်းဆည်းလာခြင်းနှင့် ဈေးနှုန်းထိန်း ညှိနေခြင်းများကြောင့်လည်း ကျောက် အရောင်းအဝယ် ဈေးကွက်အေးနေ ခြင်းဖြစ်ကြောင်း သိရသည်။

PTH(MMK)
Democracytoday

No comments:

Post a Comment