Sunday 17 May 2015

ဓာတုဆေးဂိုဒေါင်မီးလောင်မှု ငြှိမ်းသတ်စဉ် မီးသတ်သမား ၁၀ဦး အသက်ရှူကျပ်၍ ဆေးရုံရောက်

မီးလောင်မှုဖြစ်ပွားရာဓာတုဆေးဂိုဒေါင်သို့ လာရောက်ငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး အသက်ရှူကျပ်နေစဉ် (ဓာတ်ပုံ−ညီညီဇော်) 
မန္တလေးစက်မှုဇုန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဓာတုဆေးဂိုဒေါင်ကို မီးငြှိမ်းသတ်ရာမှ မီးသတ်သမား ၁၀ဦး အသက်ရှူကျပ်   ဝေဒနာကြောင့် ဆေးရုံသို့အရေးပေါ်တင်ပို့ကုသ ခဲ့ရကြောင်းသတင်းရရှိသည်။

မေလ ၁၆ရက် နေ့လယ်၁နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ဖိုးရာဇာလမ်း၊ ၅၄ လမ်းနှင့် ၅၅လမ်းကြားရှိ ဓာတု ဆေးပုံးများသိုလှောင်ရာ ဂိုဒေါင် တစ်ခုတွင် ဆိုဒီယမ်ဆာလဖိတ်ပုံး ပေါ် မိုးရေယို စီးကျပြီး ဓာတုဓာတ် ပြုမှုဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။   အဆိုပါ   မီးလောင်မှုကြောင့် မီးသတ်ရဲဘော်များအသက်ရှူကျပ်မှုများ ဖြစ်ပေါ် လာခဲ့ပြီး ဆေးရုံသို့တင်ပို့ကုသခဲ့ရာ ခုနစ်ဦးမှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနှင့် သုံးဦးမှာ ၆၂လမ်းရှိ ခုတင်၃၀၀ဆေးရုံတို့ တွင် အသီးသီးတက်ရောက် ကုသဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

‘‘မီးလောင်တဲ့နေရာကို မက်စ်(နှာခေါင်းစွပ်)မတပ်ဘဲဘယ်လို မှ ၀င်လို့မရဘူး။ မူးလာပြီးအသက်ရှူတွေ ကျပ်လာတယ်’’ဟု မီးငြှိမ်း သတ်နေသည့် စက်ရုံဝန်ထမ်းတစ် ဦးကပြောသည်။

၎င်းခုနစ်ဦးအနက်နှစ်ဦးမှာ ပြည်ကြီးတံခွန်မြို့နယ်မှ မီးသတ်ဝန်ထမ်းများဖြစ်ပြီး ကျန်ငါးဦးမှာ သင်ပန်းကုန်း၊ တံခွန်တိုင်၊ အရာတော်၊ မြရည်နန္ဒာ၊ မဟာမြိုင်အစရှိသည့် ရပ်ကွက်များမှ စေတနာ့ ၀န်ထမ်းအရန် မီးသတ်တပ်ဖွဲ့ဝင် များဖြစ်ကြောင်း၊ ၎င်းတို့အခြေအ နေမှာမူ    စိုးရိမ်စရာမရှိတော့ကြောင်း မီးသတ်တာဝန် ရှိသူက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့်  ဓာတုဆေးပုံး ၁၅၀ခန့် လောင် ကျွမ်းခဲ့ပြီး ကျပ်သိန်း ၃၀ဖိုးခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ခန့်မှန်းတွက်ချက်သည်။

7Day DAILY 

No comments:

Post a Comment