Saturday 23 May 2015

ကမ္ဘာ့ နိုင်ငံ (၃၀) လောက် ကျန်းမာရေး စောင့်ရှောက်မှု စနစ် စိုးရိမ်စရာ အားနည်းနေ

 
ကမ္ဘာ့နိုင်ငံ (၃၀) လောက်နီးပါးသည် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဆိုးဆိုးဝါးဝါး အားနည်းလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က သတိပေး ပြောကြား လိုက်သည်။ ထိုသို့ အားနည်းခဲ့ မှုကြောင့်လည်း ဂီနီ၊ လိုင်ဘေးရီး ယား၊ ဆီရာရာလီယွန် တို့ကဲ့သို့ နိုင်ငံ များသည် အီဘိုလာ ဒုက္ခပေးခြင်း ကို ခံခဲ့ ရသည်။
လူပေါင်း (၁၁၁၀၀) ကျော်သေဆုံး ခဲ့ရသော အီဘိုလာ အရေးမှ သင်ခန်းစာ ယူကာ ကျန်းမာရေး စောင့်ရှောက်မှု စနစ် များကို အဆင့်မြှင့် တင်ပြီး နောက်တစ်ကြိမ် ဖြစ်လာနိုင် သည့် ရောဂါ ဆိုးကြီးကို ကြိုတင် ဖော်ထုတ် နိုင်အောင်နှင့် အမြန်ဆုံး တိုက်ဖျက်နိုင်အောင် ပြင်ဆင်ထားကြ ရမည် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားသည်။

အီဘိုလာ ကဲ့သို့ ကပ်ရောဂါမျိုး၏ ထိုး နှက်ချက်ကိုသာမက သဘာဝဘေး၊ ငွေ ကြေးပျက်ကပ်စသည့် ထိုးနှက်ချက် မျိုးစုံ ဒဏ်ကိုပါ ခံနိုင်ရည် ရှိသော ကမ္ဘာလုံးချီ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မျိုးရှိအောင် ထူထောင် ထားကြ ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အီဘိုလာ နှိပ်စက်ခြင်း ဒဏ်ခံခဲ့ရသော ဂီနီ၊ ဆီရာရာလီယွန်နှင့် လိုင်ဘေးရီးယား တို့သည် ပဋိပက္ခများ၊ တိုက်ပွဲများ၊ ဆင်းရဲနွမ်းပါးမှု များကြောင့် ယခင် ကတည်းက ကျန်းမာရေးစနစ် ချို့ယွင်းနေခဲ့ရာ အီဘိုလာ ၀င်လာသည်တွင် ခုခံစရာ လက်နက် မရှိသော တပ်ကဲ့သို့ ဖြစ်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အာဖရိကမှ နိုင်ငံအများအပြား၊ အာ ရှနှင့် လက်တင်အမေရိကတို့မှ နိုင်ငံအချို့ အပါအ၀င် (၂၈) နိုင်ငံခန့် သည် ကျန်းမာရေး အခြေခံ အဆောက်အအုံ ဆိုးဆိုးဝါးဝါး ချို့ယွင်းနေ သဖြင့် နောက်ထပ် ရောဂါ ကပ် ဘေးကြီးကို ဖိတ်ခေါ်ရာရောက် နေကြောင်း မစ္စတာခရက်ခ်က ပြောသည်။ စာရင်းထဲ တွင် ကွန်ဂိုဒီမို ကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံ၊ မက်ဒါဂတ်စကာ၊ ဘူရန်ဒီ၊ ဆူဒန်၊ အာဖဂန်နစ္စတန်နှင့် ဟေတီတို့လည်း ပါဝင်သည်။          

 Source: AFP          
Messenger News Journal

No comments:

Post a Comment