Saturday 23 May 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ လိုက်ပါလာသည့် စက်လှေဖမ်းမိ၍ နိုင်ငံတကာ စွပ်စွဲချက်များကို ဖြေရှင်းရန် အထောက်အကူပြုဟုဆို

မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေး ရွာအနောက်ဘက် ရေမိုင် လေးမိုင်ခန့်အကွာရှိ မြန်မာ့ ပင် လယ်ပြင်ရေပိုင်နက်အတွင်း တပ်မတော်(ရေ)က မေလ ၂၁ ရက်ညနေတွင် ဖမ်းဆီးရမိပြီးနော က် တွေ့ရစဉ် (ဓာတ်ပုံ − MOI/EPA)
မြန်မာ့ပင်လယ်ရေပြင် ပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာကျော်လိုက်ပါ လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းမိခဲ့ပြီး ယင်းဖြစ်စဉ်မှာ လှေစီးဒုက္ခသည် များနှင့်ပတ်သက်၍ နိုင်ငံတကာ မှ စွပ်စွဲမှုများကိုဖြေရှင်းရန် အ ထောက်အကူပြုသည်ဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က 7Day Daily အား ပြောသည်။မေလ ၂၁ ရက် နေ့လယ် ၃ နာရီခွဲခန့်က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအနောက် ဘက် ရေမိုင် လေးမိုင်ခန့်အကွာ မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်၌ စက်လှေနှစ်စီးကို တပ်မတော်ရေက တွေ့ ရှိခဲ့ခြင်း ဖြစ် ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၈ ဦးနှင့် ၎င်း တို့ကို ခေါ်ဆောင်လာသူများ အပါအ၀င် စုစုပေါင်း ၂၂၈ ဦး လိုက်ပါလာပြီး ၎င်းတို့အားလုံး ကို မောင်တောမြို့ အလယ်သံကျော် ကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်၍ ဖြစ်စဉ်အမှန်ကို စုံစမ်းမေးမြန်းနေကြောင်း သတင်းရရှိသည်။

လှေစီးဒုက္ခသည်များအရေး နှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံ များက မြန်မာနိုင်ငံကို ဖိအားပေး မှုများရှိနေချိန်တွင် မြန်မာ့ပင် လယ်ရေပြင်ပိုင်နက်အတွင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးနိုင်ခြင်းနှင့် ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ‘‘ကျွန်တော်တို့ ဟိုတစ်နေ့ က ၁၁ ယောက် လာတာတွေ့ တယ်။ ပြန်လွှတ်တယ်။ ဒါပေမဲ့ ဒါက အလုံးအရင်းနဲ့ ပထမဆုံးပေါ့ နော်။ ဒီပြဿနာတွေ မြင့်တက်နေ တဲ့အချိန်မှာ ပေါ်တဲ့အတွက် ဒါက ပြောရရင် ကျွန်တော်တို့ နိုင်ငံအ တွက်၊ နောက်တစ်ခု ကျွန်တော် တို့ ပြည်သူတွေအတွက် ခိုင်မာတဲ့ ရပ်တည်ချက်။ နဂိုကလည်း ကျွန် တော်တို့ တစိုက်မတ်မတ် ရပ် တည်တယ်။ မနေ့ကလည်း သမ္မတကြီးကလည်း ပြောတယ်။ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က လည်း ပြောတယ်။ ဒုသမ္မတကြီး ဦးဉာဏ်ထွန်းကလည်း ပြော တယ်။ ဒီ Boat People တွေက မြန်မာကပါဆိုတာ ကျွန်တော်တို့က လက်မခံပါဘူး’’ဟု ပြောသည်။

ထို့ပြင် ဦးဇော်ဌေးက ယခု ဖြစ်စဉ်မှာ Boat People ဆိုသည့် ဘင်္ဂါလီများ၏ နောက်ကွယ်တွင် ၎င်းတို့အပေါ် မတရားမှုပြုလုပ်နေ သည့် ရာဇ၀တ်မှုများရှိနေသည်ဟု မြင်သာစေကြောင်း ပြောသည်။

၎င်းတို့အား စစ်ဆေးချက် အရ စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံရနောင်းမြို့တွင် နေထိုင်သူဖြစ်ပြီး ရနောင်းမြို့မှ ဧပြီလ ၈ ရက်တွင် စတင်ထွက်ခွာကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရေပိုင်နက်အတွင်းသို့ ဧပြီ ၁၃ ရက် တွင် ရောက်ရှိခဲ့ကြောင်း၊ ဧပြီ ၂၀ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် အုန်းကျွန်းအနောက် ဘက် လေးမိုင်ခန့်အကွာတွင် စက်လှေကို ရပ်တန့်ထားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ က လှေငယ် များဖြင့် စက်လှေသို့ အဖွဲ့လိုက်ရောက်ရှိခဲ့ကြောင်း အုန်းကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့တွင် ပင်လယ်ပြင်စစ်ဆေးမှုများရှိနေသဖြင့် မေလ ၁၅ ရက်တွင် နောက်ကြော င်း ပြန်လှည့်မောင်းနှင်လာစဉ် မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိပြီး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း စက်လှေပေါ် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတွင် နေထိုင်သည့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံ သား ၂၀၈ ဦး လိုက်ပါလာပြီး လှေသမား ကိုးဦးနှင့် စကားပြန် ဘင်္ဂါလီနှစ်ဦးပါဝင်ပြီး စုစုပေါင်း ၂၁၉ ဦးလိုက်ပါလာကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ရိက္ခာလိုက်ပေးသည့် စက်လှေမှာ မြိတ်မြို့မှ ကိုခိုင်ဆိုသူပိုင်ဆိုင်ပြီး ယင်းစက်လှေပေါ်မှ ဘင်္ဂါလီ တစ်ဦး၊ လှေသမား ရှစ်ဦးလိုက်ပါပြီး အားလုံးကို ကယ်ဆယ်ရေးစခန်းတွင်ထား၍ စစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

‘‘အဓိကကတော့ ၂၀၈ ယောက်ကို မေးမြန်းနေတာပေါ့။ လောလောဆယ်တော့ ဘင်္ဂလား ဒေ့ရှ်က လို့ ပြော တယ်။ သူတို့ကို အာရ်ဗီ ကျောင်းမှာ ကောင်း ကောင်းမွန်မွန်ထားပါတယ်’’ ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကြီးဘိုဘိုဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment