Saturday 23 May 2015

ကန်ထရိုက်တိုက်များ သတ်မှတ်ကာလအတွင်း မဆောက်နိုင်ပါက မြေပိုင်ရှင်များ တိုင်ကြားနိုင်ဟုဆို

ကန်ထရိုက်တိုက်များကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သတ်မှတ် ကာလအတွင်း ဆက်လက် မဆောက် လုပ်ဘဲ ရပ်နားထားသည်ကို မြေပိုင်ရှင်က ဌာနသို့ တိုင်ကြားလာပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
‘‘အိမ်ရှင်ဘက်က တိုင်ကြားရင်တော့ စည်းကမ်းဖောက်ဖျက်မှုနဲ့ အိမ်ရှင် ကိုယ်တိုင် တရားစွဲနိုင်သလို ဌာနကလည်း လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူလို့ရတယ်’’ဟု ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လာရောက်တိုင် ကြားသော မြေရှင်များလည်း ရှိ နေသဖြင့် ဌာနက လတ်တလော ဖြေရှင်းပေးေ နရကြောင်း ၎င်းက ပြောသည်။

 သို့သော် အရေးယူထား သည့် ပမာဏအနည်းငယ်သာရှိ နေပြီး တိုင်ကြား၍ အရေးယူခဲ့မှုအ သေးစိတ် ကိုမူ ပြောကြားခြင်းမရှိ ပေ။ ထို့ပြင် လိုင်စင်ရကန်ထရိုက်တာမဟုတ်ဘဲ တရားမ၀င်ကန်ထ ရိုက်တာဖြင့် တည်ဆောက်သူများ အား မြေရှင်များက တရားစွဲဆို၍ မရနိုင်သကဲ့သို့ ဌာနအနေဖြင့် အ ထက်ပါကဲ့သို့ အရေးယူရန် ခက်ခဲ ကြောင်း ဌာနက ဆိုသည်။

လက်ရှိတွင် နေ့စဉ်နိုင်ငံပိုင် သတင်းစာများတွင် ဆောက်လုပ် သူ ကန်ထရိုက်တာများဘက်က တည်ဆော က် မှု ကို ရပ်နားထား သောကြောင့် မြေရှင်များက တရားစွဲဆိုသည့် ကြော်ငြာများ မကြာ ခဏတွေ့မြင်နေရ သဖြင့် နောက် ပိုင်းလည်း ယင်းကဲ့သို့ ပြဿနာ များ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ဆိုသည်။

အချို့ဆောက်လုပ်သူများ ကလည်း ဆက်လက်ဆောက်လုပ် ရန် ငွေမလည်ပတ်သောကြောင့်  ကြိုပွိုင့်အခန်းများကို လျှော့ဈေး ဖြင့် ရောင်းချနေပြီး သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီတည်ေ ဆာက်နေ ရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

‘‘အခုဖြစ်တဲ့ ပြဿနာက ဈေးကွက်မှာ တကယ်ဝယ်နိုင်မယ့်သူ ရှိ၊ မရှိ ဆောက်လုပ်သူတွေဘက် က သေချာ သုတေသန လုပ်သင့် နေပြီ’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲ ဖက်အတွင်းရေးမှူး ဦးအေးလင်း က ပြောသည်။

ကြိုပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ်လုပ်သည့် တိုက်ခန်းများတွင် ဆောက်လုပ်ခြင်းကို ကန်ထရိုက်တာဘက်က ရပ်ဆိုင်းလိုက်သည့်အတွက် မြေရှင်က မကျေနပ်၍ တရားစွဲဆိုနေခြင်းဖြစ်ပြီး ယခုနောက်ပိုင်း လွန်စွာများပြား လာသည်ဟု New Generation ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးဉာဏ်သစ်လှိုင် က ပြောကြားသည်။

7Day DAILY

No comments:

Post a Comment