Friday 13 March 2015

တရားမဝင်သစ်ထုတ်လုပ်မှုများကိုထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်နေဟုဆို

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်အတွင်း ဘုန်းချောင်း၊ မော်လိုက်နှင့် နတ်တံ ခါးချောင်းဖျားဒေသများတွင် တရား မဝင်သစ်နှင့် အုတ်ထင်းများ ထုတ် လုပ်နေခြင်းကြောင့် ကျေးလက် လမ်းများပျက်စီးမှု ကြီးမားလျက်ရှိ ရာ ယင်းတရားမဝင်သစ်ထုတ်လုပ် မှုများ၊ အုတ်ထင်းအဖြစ် ထုတ်လုပ် နေသည့် ထင်းကားများကို ထိရောက် စွာ အရေးယူဆောင်ရွက်ရန် လိုအပ် နေကြောင်း ကလေးမြို့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ တာ ဝန်ရှိသူ ဦးဝင်းက ပြောသည်။

''ကလေးဒေသမှာ အခုဆယ် နှစ်အတွင်း သဘာဝသစ်တောတွေ ပျက်စီးမှု အလွန်ကြီးမားနေပါတယ်၊ တရားမဝင် သစ်ခိုးထုတ်နေမှုကတော့ အကြီးမားဆုံးပါ။ အုတ်ထင်းထုတ် လုပ်မှုက ဒုတိယအကြီးမားဆုံးလို့ ပြောလို့ရပါတယ်၊ မုံရွာ-မန္တလေး ဘက်မှာ ဖမ်းမိနေတဲ့ သစ်အများစု ဟာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်၊ ကလေး၊ ချင်းတောင်၊ မြစ်သာမြစ်ရိုး တစ်လျှောက်က ခိုးထုတ်လာတဲ့သစ် တွေပါ၊ အုတ်ထင်းဆိုရင်လဲ ဒီဘက် မှာ ထင်းဆိုရင်ပြီးရော အပြောင်ရှင်း စနစ်နှင့်အကုန်ခုတ်ပြီး အုတ်ထင်း၊ မီးသွေးထင်း၊ ထုံးဖုတ်ထင်းအဖြစ်သုံးစွဲနေကြတယ်'' ဟု ကလေးဒေသ ခံတစ်ဦးက ပြောသည်။
''ကလေးဒေသ သစ်တောပြုန်း တီးမှုနှင့်ပတ်သက်ပြီး ပြောရရင် အ ခုလတ်တလောမှာတော့ အုတ်ထင်း ထုတ်ယူမှုကြောင့်လဲအပါအဝင်ဖြစ် တယ်၊ အုတ်ငါးသောင်းတစ်သိန်း တစ် ခါဖုတ်ရင် ထင်းတန်သုံးလေးဆယ် လောက်ကုန်တယ်၊ အုတ်ဖိုတစ်ခုဆို ရင် တစ်နှစ်ကို အုတ်ထင်း တန်ရာ ချီပြီး ကုန်ကျမှုရှိတယ်၊ ကလေးမြို့ မှာ အုတ်ဖိုပေါင်း ၅၀ ဝန်းကျင်ရှိ တယ်ဆိုတော့ နှစ်စဉ်ကုန်တဲ့ထင်း တန် တွက်ကြည့်ရင်သိနိုင်ပါတယ်၊အခုပြောတဲ့ ကုန်ကျမှုဆိုတာ အနည်း ဆုံးကိုပြောထားတာပါ'' ဟု ကလေး မြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့မှ ဦးဝင်းက ပြောသည်။
ကလေးဒေသတွင် တရားဝင် သတ်မှတ်ထားသော သစ်တောကြိုး ဝိုင်း ၁၁ ခုရှိပြီး၊ ကြိုးပြိုင်သစ်တော သုံးခု တိုးချဲ့သတ်မှတ်ထားမှုရှိကြောင်း ကလေးခရိုင် သစ်တောဌာနမှ ထုတ် ပြန်ချက်အရ သိရသည်။
MOS
Democracytoday

No comments:

Post a Comment