Saturday 1 November 2014

ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြုလုပ်ရန် ညွှန်ကြား

Photo: ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြုလုပ်ရန် ညွှန်ကြား
Saturday, November 1, 2014

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်းအလုပ်ရုံများသည် ရေဆိုး စွန့်ပစ်မှုများ လာသည့် အတွက် ရေဆိုးသန့်စင်မှုပြုလုပ်ရန်ညွှန် ကြားထားပြီး ယင်းအလုပ်ရုံများ ကို ဒီဇင်ဘာတွင် ပြန်လည်စစ် ဆေးမည်ဟု သတင်းရရှိသည်။

ဝမ်းတွင်းမြို့နယ်တွင် စက် ရက်ကန်းအလုပ်ရုံ ၂၀၆ ရုံရှိရာ ယင်းအလုပ်ရုံများမှ ထွက်ရှိလာ သည့် စွန့်ပစ်ရေဆိုးများမှာ ဝမ်း တွင်းမြို့နယ်ရှိ ဆည်အောက်ပိုင်း တစ်လျှောက်မှ ချောင်း၊ မြောင်း များသို့ ပျံ့နှံ့နေပြီး ပတ်ဝန်းကျင် တွင် ညစ်ညမ်းမှုများရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်ရက်ကန်းအလုပ်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း နေမှုကို ကာကွယ်တားဆီးနိုင်ရန် ၂၀၁၄ မတ်လက နည်းပညာပေး ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ကိုဖွဲ့စည်း၍ အလုပ်ရုံများသို့ လစဉ်သွားရောက်ပြီး ရေဆိုးသန့် စင်သည့် နည်းပညာလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

စက်ရက်ကန်းအလုပ်ရုံများမှ စက်ရုံသုံးရုံသာရေဆိုးသန့်စင်မှု ပြုလုပ်ထားရာ ကျန်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြု လုပ်ထားခြင်းရှိ၊ မရှိကို ဒီဇင်ဘာ တွင်စစ်ဆေး၍ လိုက်နာခြင်းမရှိ သည့် အလုပ်ရုံများကိုအရေးယူ နိုင်ရန် ဆက်လက်တင်ပြသွားမည် ဟု ၎င်းကဆိုသည်။

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်း အလုပ်ရုံများသည် ပတ် ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ် တားဆီးနိုင်ရန် စွန့်ပစ်ဆိုးဆေးရေများကို မဖြစ်မနေ သန့်စင်မှုပြုလုပ်ပြီးမှ စွန့်ပစ်ကြရန်နှင့် ဆေးဆိုးရန်မလိုအပ်သည့် အသင့်ဆေးဆိုးပြီး ၁×၃၀၊ ၁×၄၀ ချည်ခင်များ ဝယ်ယူသုံးစွဲရန် နည်းပညာပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

စွန့်ပစ်ရေဆိုးများသည် ဝမ်း တွင်းမြို့နယ်ရှိ ဆည်အောက်ပိုင်း တစ်လျှောက် လယ်ယာမြေများကို ဖြန့်ဝေပေးနေသည့် သုံးခွ ချောင်းထဲသို့ ဝင်ရောက်နေပြီး ယင်းရေများမှာ ဆိုးရွားစွာမည်း ညစ်နေကြောင်း ဝမ်းတွင်းမြို့နယ် သို့ ရေဆိုးသန့်စင်မှု နည်းပညာ များ သွားရောက်ပြသခဲ့သည့် ရေဆိုးသန့်စင်မှုပညာရှင်ဦးခင်မောင်ဝင်းက ပြောသည်။

ယင်းရေဆိုးများကြောင့်  ဝမ်းတွင်းမြို့နယ်ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေ၊ မြေအောက်ရေတွင် စွန့်ပစ်ရေဆိုးများဝင်ရောက်မှု အခြေအနေတို့ကို စစ်တမ်းကောက်ယူပြီး ရေဆိုးစွန့်ပစ်မှုများနှင့် စွန့်ပစ်ထားသော ရေဆိုးများ တစ်ပြိုင်နက်တည်းပြန်လည်သန့်စင်ရန်လုပ်ဆောင်သင့် ကြောင်း ၎င်းက ဆိုသည်။

‘‘ရေတွေမှာ ဘာဓာတ်များနေလဲဆိုတာ မစစ်ရသေးဘူး။ ဝမ်း တွင်းမြို့သားတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ စိုးရိမ်ရ တယ်ထင်တယ်။ ကလေးတွေက အဲဒီရေထဲမှာ ဆော့နေကြတယ်။ ဆည်ရဲ့အောက်ပိုင်းက ချောင်း၊ မြောင်းတွေမှာ ရေတွေကအကြည် မရှိဘူး။ ရေဆိုးတွေက မည်းနေ တာဟု ဦးခင်မောင်ဝင်းက ပြော သည်။

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်း လုပ်ငန်းများမှ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်း ထားသည့် နည်းပညာပေးရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ကျွမ်းကျင်ပညာရှင်များ၊ စက်ရက်ကန်းလုပ်ငန်းရှင်များနှင့် မြို့နယ်နှင့် ကျေးရွာတာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

7Day DAILY 

စက်ရက်ကန်းအလုပ်ရုံများမှ စွန့်ပစ်သော ရေဆိုးများကို တွေ့ရစဉ် (ဓာတ်ပုံ− ခင်မောင်ဝင်း)
စက်ရက်ကန်းအလုပ်ရုံများမှ စွန့်ပစ်သော ရေဆိုးများကို တွေ့ရစဉ် (ဓာတ်ပုံ− ခင်မောင်ဝင်း)
ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းအလုပ်ရုံများသည် ရေဆိုးစွန့်ပစ်မှုများလာသည့်အတွက် ရေဆိုး သန့်စင်မှုပြုလုပ်ရန်ညွှန်ကြားထားပြီး ယင်းအလုပ်ရုံများကို ဒီဇင်ဘာတွင် ပြန်လည်စစ်ဆေးမည်ဟုသတင်းရရှိသည်။

ဝမ်းတွင်းမြို့နယ်တွင် စက် ရက်ကန်းအလုပ်ရုံ ၂၀၆ ရုံရှိရာ ယင်းအလုပ်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ် ရေဆိုးများမှာ ဝမ်း တွင်းမြို့နယ်ရှိ ဆည်အောက်ပိုင်း တစ်လျှောက်မှ ချောင်း၊ မြောင်း များသို့ ပျံ့နှံ့နေပြီး ပတ်ဝန်းကျင် တွင် ညစ်ညမ်းမှုများရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်ရက်ကန်းအလုပ်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း နေမှုကို ကာကွယ်တားဆီးနိုင်ရန် ၂၀၁၄ မတ်လက နည်းပညာပေး ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ကို ဖွဲ့စည်း၍ အလုပ်ရုံများသို့ လစဉ်သွားရောက်ပြီး ရေဆိုးသန့် စင်သည့် နည်းပညာလုပ်ငန်းများ ပြုလုပ်လျက် ရှိကြောင်း သိရ သည်။

စက်ရက်ကန်းအလုပ်ရုံများမှ စက်ရုံသုံးရုံသာရေဆိုးသန့်စင်မှု ပြုလုပ်ထားရာ ကျန်ရက်ကန်းအလုပ်ရုံများ ရေဆိုးသန့်စင်မှုပြု လုပ်ထားခြင်းရှိ၊ မရှိကို ဒီဇင်ဘာ တွင်စစ်ဆေး၍ လိုက်နာခြင်းမရှိသည့် အလုပ်ရုံများကို အရေးယူ နိုင်ရန် ဆက်လက်တင်ပြသွားမည် ဟု ၎င်းကဆိုသည်။

ဝမ်းတွင်းမြို့နယ်ရှိ စက် ရက်ကန်း အလုပ်ရုံများသည် ပတ် ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ် တားဆီးနိုင်ရန် စွန့်ပစ်ဆိုးဆေးရေများကို မဖြစ်မနေ သန့်စင်မှုပြုလုပ်ပြီးမှ စွန့်ပစ်ကြရန်နှင့် ဆေးဆိုးရန်မလိုအပ်သည့် အသင့်ဆေးဆိုးပြီး ၁×၃၀၊ ၁×၄၀ ချည်ခင်များ ဝယ်ယူသုံးစွဲရန် နည်းပညာပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

စွန့်ပစ်ရေဆိုးများသည် ဝမ်း တွင်းမြို့နယ်ရှိ ဆည်အောက်ပိုင်း တစ်လျှောက် လယ်ယာမြေများကို ဖြန့်ဝေ ပေးနေသည့် သုံးခွချောင်းထဲသို့ ဝင်ရောက်နေပြီး ယင်းရေများမှာ ဆိုးရွားစွာမည်း ညစ်နေကြောင်း ဝမ်းတွင်းမြို့နယ် သို့ ရေဆိုးသန့်စင်မှု နည်းပညာများ သွားရောက်ပြသခဲ့သည့် ရေဆိုးသန့်စင်မှုပညာရှင် ဦးခင်မောင်ဝင်းက ပြောသည်။

ယင်းရေဆိုးများကြောင့်  ဝမ်းတွင်းမြို့နယ်ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေ၊ မြေအောက် ရေတွင် စွန့်ပစ်ရေဆိုးများဝင်ရောက်မှု အခြေအနေတို့ကို စစ်တမ်းကောက်ယူပြီး ရေဆိုးစွန့်ပစ်မှုများနှင့် စွန့်ပစ်ထားသော ရေဆိုးများ တစ်ပြိုင်နက်တည်းပြန်လည်သန့်စင်ရန်လုပ်ဆောင်သင့် ကြောင်း ၎င်းက ဆိုသည်။

‘‘ရေတွေမှာ ဘာဓာတ်များနေလဲဆိုတာ မစစ်ရသေးဘူး။ ဝမ်းတွင်းမြို့သားတွေရဲ့ ကျန်းမာရေး အခြေအနေ ကတော့ စိုးရိမ်ရ တယ်ထင်တယ်။ ကလေးတွေက အဲဒီရေထဲမှာ ဆော့နေကြတယ်။ ဆည်ရဲ့အောက်ပိုင်းက ချောင်း၊ မြောင်းတွေမှာ ရေတွေကအကြည် မရှိဘူး။ ရေဆိုးတွေက မည်းနေ တာဟု ဦးခင်မောင်ဝင်းက ပြော သည်။

ဝမ်းတွင်းမြို့နယ်ရှိ စက်ရက်ကန်းလုပ်ငန်းများမှ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် နည်းပညာပေးရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ကျွမ်းကျင်ပညာရှင်များ၊ စက်ရက်ကန်းလုပ်ငန်းရှင်များနှင့် မြို့နယ်နှင့် ကျေးရွာတာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment