Saturday 1 November 2014

စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးစာရင်းတွင် မြန်မာ ငါးဆင့်သာတက်၍ စစ်တမ်းအပေါ် ပြည်ထောင်စုဝန်ကြီး မတင်းတိမ်

Photo: စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးစာရင်းတွင် မြန်မာ ငါးဆင့်သာတက်၍ စစ်တမ်းအပေါ် ပြည်ထောင်စုဝန်ကြီး မတင်းတိမ်
Saturday, November 1, 2014

အစိုးရက ဖြေလျှော့မှု များစွာ ပြုလုပ်ပေးသော်လည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Doing Business စစ်တမ်းတွင် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံအဆင့်သတ်မှတ်ရာ၌ မြန်မာနိုင်ငံမှာ ငါးဆင့်သာမြင့်တက်လာသဖြင့် လာမည့်နှစ်တွင်  ပိုမိုစနစ်တကျ စစ်တမ်းကောက်ခံရန် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ရှေ့နှစ်ကျရင် ပိုပြီးတိတိ ကျကျစစ်တမ်းကောက်နိုင်ဖို့ကို ကူညီပေးမယ်’’ဟု ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ၂၀၁၅ ခုနှစ် Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံ သည် သွင်းကုန်ထုတ်ကုန် လုပ် ငန်းများ ဆောင်ရွက်ရသည့် စာ ရွက်စာတမ်းဆိုင်ရာ ဆောင်ရွက် မှုများကို လျှော့ချလိုက်ခြင်းအား ဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပိုမို လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့ ပြီး ယခုဘဏ္ဍာရေးနှစ် ဇွန်လကုန် ထိ စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများအနက်မှ တစ်ခု ကို အနည်းဆုံးပြေလျော့စေရန် ဆောင်ရွက်ပေးခဲ့သည်ဟု စစ် တမ်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံစာရင်းတွင် အဆင့် ၁၇၇၌ ရပ်တည်နေပြီး ယခင်နှစ်က ၁၈၂ ဖြစ်သည်။ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို အဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံများမှာ ထိပ်ဆုံးမှဖြစ်ပြီး၊ အောက်ရောက်လေလေ စီးပွား ရေးလုပ်ရန် ခက်ခဲလေလေဟု သတ်မှတ်ထားခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ် Doing Business စစ်တမ်းသည် တိုင်း ပြည်တစ်ခု၏ စီးပွားရေးတိုးတက် မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင် ရောက်ရန် အထောက်အပံ့များဖြစ်သည်။ ယင်းကြောင့် မြန်မာနိုင်ငံသည် ယခင်နှစ်စာရင်းတွင် ပါဝင်သော အဆင့်ကို ဖြေလျှော့ရန် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်း ရေးမှူးဦးအောင်နိုင်ဦးက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် စတင်ချိန်မှစ၍ အခက်အခဲများစွာရှိနေသဖြင့် ကုမ္ပဏီမှတ်ပုံတင်ပြုလုပ်ချိန် ယခင်က ခြောက်လခန့် ကြာတတ်သော်လည်း ယခုအခါ သုံးရက်မှ နှစ်ပတ်အတွင်းပြုလုပ်ပေးနေသည်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးမှာလည်း ပြည်တွင်းလုပ်ငန်းရှင်များဆိုလျှင် ကျပ်ငွေ ၁၂ သန်းသာ ကုန်ကျသည်။ ထို့အတူ ကုမ္ပဏီတည်ထောင်ရာတွင် မတည် ရင်းနှီးငွေကိုလည်း အနည်းဆုံး ပမာဏကို သတ်မှတ်မထားဘဲ စတိသဘောမျိုးအဖြစ် ကျပ်ငွေ ၂ ကျပ်သာ သတ်မှတ်ထားသည်။ ယခင်က မတည်ရင်းနှီးငွေကို ကျပ် သန်း ၅၀ သတ်မှတ်ထားသည်။

ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင် ရန် ပြင်ဆင် ထားခြင်းဖြစ်သည်။

ဖြေလျှော့မှုများပြုလုပ်ထား သော်လည်း ကမ္ဘာဘဏ်၏ DoingBusiness စစ်တမ်းထုတ်ပြန်ချိန် တွင် အဆင့်တစ်ဆင့်သာ  တိုး တက်လာသဖြင့် ပြည်ထောင်စု ၀န်ကြီးက စစ်တမ်းစနစ်တကျ ကောက်ခံရန် အကြံပြုခြင်းဖြစ်သည်။

‘‘တိုင်းပြည်ပြုပြင်ပြောင်းလဲ မှုက စာရွက်ထဲမှာပဲရှိသေးတယ်။ တကယ် လက်တွေ့ ဘ၀ကို ရောက်မလာသေးဘူး’’ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေ၀င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် DoingBusinessတွင် အဆင့်တိုးမြှင့် နိုင်ရန် ၀န်ကြီးဌာနအသီးသီးမှအကောင်အထည်ဖော် ဆောင်ရွက်ရုံသာမက ပိုမိုထိ ရောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (IFC)မှ အကူအညီပေးခဲ့သည်။ DoingBusiness ၂၀၁၄ အစီရင်ခံစာကို မြန်မာနိုင်ငံတွင် ကောက်ယူရာ၌ အခြေခံ အချက်ကြီး ၁၁ ချက်ပေါ်မှာသာ လေ့လာထားခြင်းဖြစ်ပြီး ကဏ္ဍအားလုံးကို မလွှမ်းခြုံကြောင်း နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းမှ အကြီးတန်းအရာရှိ Mr. Charles Schneiderက ပြောကြားထားသည်။

7Day DAILY 

လက်ရှိအစိုးရလက်ထပ်တွင် ဆောက်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူ အများဆုံးဖြစ်သည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လက်ရှိအစိုးရလက်ထပ်တွင် ဆောက်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူ အများဆုံးဖြစ်သည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အစိုးရက ဖြေလျှော့မှု များစွာ ပြုလုပ်ပေးသော်လည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Doing Business စစ်တမ်းတွင် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံအဆင့်သတ်မှတ်ရာ၌ မြန်မာနိုင်ငံမှာ ငါးဆင့်သာ မြင့် တက်လာသဖြင့် လာမည့်နှစ်တွင်  ပိုမိုစနစ်တကျ စစ်တမ်းကောက်ခံရန် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ရှေ့နှစ်ကျရင် ပိုပြီးတိတိ ကျကျစစ်တမ်းကောက်နိုင်ဖို့ကို ကူညီပေးမယ်’’ဟု ပြည်ထောင်စု ၀န်ကြီးက ပြောကြား သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ၂၀၁၅ ခုနှစ် Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရသည့် စာရွက်စာတမ်းဆိုင်ရာ ဆောင်ရွက် မှုများကို လျှော့ချလိုက်ခြင်းအား ဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပိုမို လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် ဇွန်လကုန်ထိ စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများအနက်မှ တစ်ခုကို အနည်းဆုံး ပြေလျော့ စေရန် ဆောင်ရွက်ပေးခဲ့သည်ဟု စစ် တမ်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံစာရင်းတွင် အဆင့် ၁၇၇၌ ရပ်တည် နေပြီး ယခင်နှစ်က ၁၈၂ ဖြစ်သည်။ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို အဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး နိုင်ငံများမှာ ထိပ်ဆုံးမှဖြစ်ပြီး၊ အောက်ရောက်လေလေ စီးပွား ရေးလုပ်ရန် ခက်ခဲလေလေဟု သတ်မှတ်ထားခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ် Doing Business စစ်တမ်းသည် တိုင်း ပြည်တစ်ခု၏ စီးပွားရေးတိုးတက် မှု၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင် ရောက်ရန် အထောက်အပံ့များဖြစ်သည်။ ယင်းကြောင့် မြန်မာနိုင်ငံသည် ယခင်နှစ်စာရင်းတွင် ပါဝင်သော အဆင့်ကို ဖြေလျှော့ရန် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်း ရေးမှူးဦးအောင်နိုင်ဦးက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် စတင်ချိန်မှစ၍ အခက်အခဲများစွာရှိနေသဖြင့် ကုမ္ပဏီမှတ်ပုံတင်ပြုလုပ် ချိန် ယခင်က ခြောက်လခန့် ကြာတတ်သော်လည်း ယခုအခါ သုံးရက်မှ နှစ်ပတ်အတွင်းပြုလုပ်ပေးနေ သည်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးမှာလည်း ပြည်တွင်းလုပ်ငန်းရှင်များဆိုလျှင် ကျပ်ငွေ ၁၂ သန်းသာ ကုန်ကျသည်။ ထို့အတူ ကုမ္ပဏီတည်ထောင်ရာတွင် မတည် ရင်းနှီးငွေကိုလည်း အနည်းဆုံး ပမာဏကို သတ်မှတ်မထားဘဲ စတိသဘောမျိုးအဖြစ် ကျပ်ငွေ ၂ ကျပ်သာ သတ်မှတ်ထားသည်။ ယခင်က မတည် ရင်းနှီးငွေကို ကျပ် သန်း ၅၀ သတ်မှတ်ထားသည်။

ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင် ရန် ပြင်ဆင် ထားခြင်းဖြစ်သည်။

ဖြေလျှော့မှုများပြုလုပ်ထားသော်လည်း ကမ္ဘာဘဏ်၏ DoingBusiness စစ်တမ်းထုတ်ပြန်ချိန်တွင် အဆင့် တစ်ဆင့်သာ  တိုးတက်လာသဖြင့် ပြည်ထောင်စု ၀န်ကြီးက စစ်တမ်းစနစ်တကျ ကောက်ခံရန် အကြံပြုခြင်း ဖြစ်သည်။

‘‘တိုင်းပြည်ပြုပြင်ပြောင်းလဲမှုက စာရွက်ထဲမှာပဲရှိသေးတယ်။ တကယ်လက်တွေ့ ဘ၀ကို ရောက်မလာသေး ဘူး’’ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေ၀င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် DoingBusinessတွင် အဆင့်တိုးမြှင့် နိုင်ရန် ၀န်ကြီးဌာနအသီးသီးမှ အကောင် အထည်ဖော် ဆောင်ရွက်ရုံသာမက ပိုမိုထိရောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ကော်ပို ရေးရှင်း (IFC)မှ အကူအညီပေးခဲ့သည်။ DoingBusiness ၂၀၁၄ အစီရင်ခံစာကို မြန်မာနိုင်ငံတွင် ကောက် ယူရာ၌ အခြေခံ အချက်ကြီး ၁၁ ချက်ပေါ်မှာသာ လေ့လာထားခြင်းဖြစ်ပြီး ကဏ္ဍအားလုံးကို မလွှမ်းခြုံ ကြောင်း နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းမှ အကြီးတန်းအရာရှိ Mr. Charles Schneiderက ပြောကြား ထားသည်။

7Day DAILY 

No comments:

Post a Comment