Saturday 1 November 2014

ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံးလမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ် စတင်

Photo: ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံးလမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ် စတင်
Saturday, November 1, 2014

ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှစောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်နေသည့် လမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ်အား စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးပွိုင့်များအနက် မီးပွိုင့် ၇၅ ခုမှာ နေ့စဉ်ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှု အများဆုံးဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောရှင်းလင်းသည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စနစ်ပြောင်းထားသည့် မီးပွိုင့်များတွင် ယခင်ကဲ့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လမ်းရှင်းပေးသည့်စနစ်ကို ဆောင်ရွက်သွားမည်မဟုတ်ကြောင်း၊ လျှပ်စစ်မီးပျက်သည့် အချိန်တွင်လည်း မီးပွိုင့်စနစ် အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဒီစနစ်ကို ဂျပန်နိုင်ငံက ဂျိုက်ကာအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ အခုဒီရက်ပိုင်းမှာတော့ မီးပွိုင့် ၁ဝ ခုကို ပြီးစီးအောင် ဆောင်ရွက်သွားမယ်။ အဲဒီ ၁ဝ ခုကို Control Center ကနေ စောင့်ကြည့်ထိန်းချုပ်သွားမယ်။ ပြီးရင် နောက်ထပ်မီးပွိုင့် ၆၅ ခုကို ဆက်လက်လုပ်ဆောင်သွားမယ်။ ယာဉ်ကြောအရမ်းများတဲ့ လမ်းကြောင်း၊ ယာဉ်ကြောအရမ်းပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေကို စောင့်ကြည့်ပြီးတော့ အဲဒီလမ်းကြောင်းကို မီးပွိုင့်အချိန်ပိုပြီး လွှတ်ပေးမယ်။ အခုအချိန်မှာတော့ မီးပွိုင့်ငါးခုကို ပြင်ဆင်ပြီးသွားပါပြီ” ဟု လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ စော်ဘွားကြီးကုန်းမီးပွိုင့်၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းတစ်လျှောက်တို့တွင် အော်တိုမီးပွိုင့်စနစ်ကို ပြောင်းလဲတပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

အမှတ်(၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က “စနစ်ပြောင်းထားတဲ့ မီးပွိုင့်တွေမှာ ပိုကျပ်လာလား၊ လျော့ကျသွားလားဆိုတာကို လိုက်ကြည့်နေတယ်။ တကယ်လို့ အခြေအနေ ထူးခြားမှုမရှိဘူး၊ ပိုကျပ်လာတယ်ဆိုရင်တော့ ပြန်လည်စစ်ဆေးပြီး ပြင်ဆင်သွားမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

အငှားယာဉ်မောင်း ကိုအောင်ကျော်ကလည်း “ကျွန်တော် ရန်ကုန်မှာ ကားမောင်းလာတဲ့သက်တမ်းက ခုနစ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့ အခုလထဲမှာမှ ယာဉ်ကြောတွေတော်တော်လေး ပိတ်ဆို့လာတယ်လို့ ယူဆရတယ်။ ခရီးသည်တစ်ဦးက ငှားရင်မောင်းရမယ့် လမ်းကြောကို စိတ်ကူးရုံနဲ့ မမောင်းချင်လောက်အောင် ဖြစ်နေပါတယ်” ဟု ၎င်း၏ကိုယ်တွေ့ဖြစ်စဉ်ကို ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများကို လုပ်ဆောင်နေသော်လည်း အဓိကလုပ်ဆောင်ရမည့် ကားတင်သွင်းမှုစနစ်နှင့် အထပ်မြင့်ကားပါကင် ပြုလုပ်ပေးမှုကို မြေနေရာ အခက်အခဲများကြောင့် လုပ်ဆောင်ရန် ကြန့်ကြာမှုများ ရှိနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ လမ်းမကြီးများ အားလုံးတွင် လူသွားလမ်းပလက်ဖောင်းများအား သွားလာနိုင်လောက်သည့် အတိုင်းအတာတစ်ခု အထိထားပြီး ယင်းနေရာများတွင် ကားပါကင်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Eleven Media Group 

အော်တိုစနစ် ပြောင်းလဲတပ်ဆင်ထားသည့် ချော်တွင်းကုန်းမီးပွိုင့်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
အော်တိုစနစ် ပြောင်းလဲတပ်ဆင်ထားသည့် ချော်တွင်းကုန်းမီးပွိုင့်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
ရန်ကုန်မြို့ရှိ မီးပွိုင့် ၇၅ ခုအား Control Center မှစောင့်ကြည့်ကာ ယာဉ်ကြောကျပ်တည်းမှု အများဆုံး ဖြစ်နေသည့် လမ်းကြောင်းကို ဦးစားပေးမီးပွိုင့် လွှတ်သည့်စနစ်အား စတင်အကောင်အထည်ဖော် လုပ်ဆောင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယ ဌာနမှူး ဦးစိုးသိန်းအောင်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးပွိုင့်များအနက် မီးပွိုင့် ၇၅ ခုမှာ နေ့စဉ်ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှု အများဆုံးဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ Control Center မှ စောင့်ကြည့်ကာ ယာဉ်ကြောရှင်းလင်း သည့် စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စနစ်ပြောင်းထားသည့် မီးပွိုင့်များတွင် ယခင်ကဲ့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လမ်းရှင်းပေး သည့် စနစ်ကို ဆောင်ရွက်သွားမည်မဟုတ်ကြောင်း၊ လျှပ်စစ်မီးပျက်သည့် အချိန်တွင်လည်း မီးပွိုင့်စနစ် အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဒီစနစ်ကို ဂျပန်နိုင်ငံက ဂျိုက်ကာအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ အခုဒီရက်ပိုင်းမှာ တော့ မီးပွိုင့် ၁ဝ ခုကို ပြီးစီးအောင် ဆောင်ရွက်သွားမယ်။ အဲဒီ ၁ဝ ခုကို Control Center ကနေ စောင့်ကြည့် ထိန်းချုပ်သွားမယ်။ ပြီးရင် နောက်ထပ်မီးပွိုင့် ၆၅ ခုကို ဆက်လက်လုပ်ဆောင်သွားမယ်။ ယာဉ်ကြော အရမ်းများတဲ့ လမ်းကြောင်း၊ ယာဉ်ကြောအရမ်းပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေကို စောင့်ကြည့်ပြီး တော့ အဲဒီလမ်းကြောင်းကို မီးပွိုင့်အချိန်ပိုပြီး လွှတ်ပေးမယ်။ အခုအချိန်မှာတော့ မီးပွိုင့်ငါးခု ကို ပြင်ဆင်ပြီးသွားပါပြီ” ဟု လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ စော်ဘွားကြီးကုန်းမီးပွိုင့်၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်း တစ်လျှောက်တို့တွင် အော်တိုမီးပွိုင့်စနစ်ကို ပြောင်းလဲတပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

အမှတ်(၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က “စနစ်ပြောင်းထားတဲ့ မီးပွိုင့်တွေမှာ ပိုကျပ် လာလား၊ လျော့ကျသွားလားဆိုတာကို လိုက်ကြည့်နေတယ်။ တကယ်လို့ အခြေအနေ ထူးခြားမှု မရှိဘူး၊ ပိုကျပ်လာတယ်ဆိုရင်တော့ ပြန်လည်စစ်ဆေးပြီး ပြင်ဆင်သွားမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

အငှားယာဉ်မောင်း ကိုအောင်ကျော်ကလည်း “ကျွန်တော် ရန်ကုန်မှာ ကားမောင်းလာတဲ့သက်တမ်းက ခုနစ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့ အခုလထဲမှာမှ ယာဉ်ကြောတွေတော်တော်လေး ပိတ်ဆို့လာတယ်လို့ ယူဆရတယ်။ ခရီးသည်တစ်ဦးက ငှားရင်မောင်းရမယ့် လမ်းကြောကို စိတ်ကူးရုံနဲ့ မမောင်းချင်လောက် အောင် ဖြစ်နေပါတယ်” ဟု ၎င်း၏ကိုယ်တွေ့ဖြစ်စဉ်ကို ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများကို လုပ်ဆောင်နေသော်လည်း အဓိကလုပ်ဆောင်ရမည့် ကားတင်သွင်းမှု စနစ်နှင့် အထပ်မြင့်ကားပါကင် ပြုလုပ်ပေးမှုကို မြေနေရာ အခက်အခဲများကြောင့် လုပ်ဆောင်ရန် ကြန့်ကြာ မှုများ ရှိနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ လမ်းမကြီးများ အားလုံးတွင် လူသွားလမ်းပလက်ဖောင်းများအား သွားလာနိုင် လောက်သည့် အတိုင်းအတာတစ်ခု အထိထားပြီး ယင်းနေရာများတွင် ကားပါကင်များ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Eleven Media Group

No comments:

Post a Comment