Saturday 1 November 2014

ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး ဆောင်ရွက်ရန် အချက်လေးချက် ကမ္ဘာ့ဘဏ်အကြံပြု

Photo: ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး ဆောင်ရွက်ရန် အချက်လေးချက် ကမ္ဘာ့ဘဏ်အကြံပြု
Saturday, November 1, 2014

 မြန်မာနိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အရှိန် မြှင့်တင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ပြု လုပ်ရန် အခက်အခဲများအဖြစ် ရင်ဆိုင်နေရသော ကဏ္ဍကြီး လေးခုဖြစ်သည့် ငွေကြေးအထောက်အကူရရှိနိုင်မှု၊ မြေ ယာ၊ လျှပ်စစ် ဓာတ်အားကဏ္ဍပြု ပြင်ပြောင်းလဲရေးနှင့် ကျွမ်းကျင် လုပ်သား မွေးထုတ်ရေး တို့သည် အလျင်အမြန်ဆောင်ရွက်ရန် လို အပ်နေသေးကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးဆိုင်ရာ လေ့လာချက် အသစ်တွင် ထောက်ပြထား သည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်မှသာ မျှတမှုနှင့် ပွင့် လင်းမြင်သာမှုရှိသည့် စီးပွားရေး ၀န်းကျင်ကောင်းတစ်ခုပေါ်ထွန်း နိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ကာ အလုပ် အကိုင် အခွင့်အလမ်းများ တိုး တက်လာနိုင် မည်ဟု အကြံပြု ဖော်ပြထားသည်။

‘‘ယခု လေ့လာတွေ့ရှိချက် တွေဟာ အစိုးရရဲ့ မူဝါဒချမှတ် ရာမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ် လုပ်မှုမြှင့်တင်ရေး၊ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေးကို ဖော်ဆောင်နိုင် မယ့် တန်းတူညီမျှရှိတဲ့ စီးပွားရေး ၀န်းကျင်တစ် ခုပေါ် ထွန်းရေးကို ဦးတည်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်’’ ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ အဗ္ဗဒူလာရေဆက်ကပြောသည်။

ကမ္ဘာ့ဘဏ်က စီးပွားရေး လုပ်ငန်းဆိုင်ရာ ကွင်းဆင်းလေ့ လာမှုများကို ၂၀၁၄ နွေရာသီက ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့် ပဲခူးမြို့များတွင် လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းလုပ် ငန်းရှင်များနှင့် နိုင်ငံခြားသား လုပ်ငန်းရှင် များဆောင်ရွက်နေ သည့် စိုက်ပျိုးရေးလုပ်ငန်း မဟုတ်သော စီးပွားရေးလုပ်ငန်း ရှင်များ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ လက်လီရောင်းချသူများနှင့် ၀န် ဆောင်မှု လုပ်ငန်းများမှ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်ကို မေးမြန်းခဲ့မှုမှ အဆိုပါ အချက်များတွေ့ရှိရသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

စစ်တမ်းကောက်ယူခဲ့သော လုပ်ငန်းများမှ လုပ်ငန်းပေါင်း ၂၃ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်မှုအတွက် ငွေကြေးအ ထောက်အပံ့ရရှိနိုင်မှု အခက်အခဲ သည် ကြီးမားဆုံးသော အတား အဆီးကြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအထဲ တွင် လုပ် ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းသာ  ဘဏ်၌ ငွေစာရင်းဖွင့်ထားမှုရှိပြီး ယင်းမှာ ဒေသတွင်းတွင် အနိမ့်ဆုံးအခြေအနေတစ်ခုဖြစ်နေသည်။

စစ်တမ်းကောက်ယူရန် လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် လုပ်ငန်းများ၏ ငါးပုံတစ်ပုံမှာ မြေယာကိစ္စကို အဓိက ဖြစ်နေ ကြောင်း ဖော်ပြကြပြီး  ၁၇ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ကျွမ်းကျင်လုပ်သားများအတွက် အဓိက ကန့်သတ်ချက်များဖြစ်နေကြောင်း စစ်တမ်းက ဆိုထားသည်။

 ‘‘လေ့လာတွေ့ရှိချက်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ ကို ထင်ဟပ်ရုံ မကဘဲ စီးပွားရေး လုပ်ငန်းများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လေ့လာ ရာမှာ လည်း တခြားနိုင်ငံများနဲ့ ချိန်ထိုး သုံးသပ်ဖို့ အခွင့်အလမ်းများရရှိ မှာဖြစ်ပါတယ်’’ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် မစ္စတာ အဗ္ဗဒူလာရေ ဆက်ကပြောသည်။

‘‘ဒီပြဿနာတွေက အားလုံး သိပြီးသားပဲ။ ဒီအစိုးရတက်က တည်းက ရှိခဲ့တဲ့ ပြဿနာတွေ။ အခုထိမရှင်းနိုင်သေးတာပါ’’ ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။

လက်ရှိပြည်တွင်း၌ ထုတ် ကုန်လုပ်ငန်းရှင်များသည် လျှပ် စစ်မီး လိုအပ် ချက်၊ ငွေကြေး ထောက်ပံ့လိုအပ်ချက်၊ မြေယာ ဈေးကြီးမြင့်မှုကြောင့် လုပ်ငန်းချဲ့ ထွင်ရန် အခက်အခဲရှိသည့်အပြင် နည်းပညာ မပြည့်စုံမှုတို့ကြောင့် ပြည်တွင်း လုပ်ငန်းရှင်များမှာ ၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုက်အ၀န်း ဖြစ်လာ မည်ကိုပင် ထိတ်လန့်နေကြရကြောင်း ၎င်းကပြောကြားသည်။

7Day DAILY 

ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ၀င်ရောက်လာမည့်မျှော်လင့်ချက်ဖြင့် တည်ဆောက်ရန် စီစဉ်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း (ဓာတ်ပုံ− kyaukpadaung.wordpress)
ပြည်ပရင်းနှီးမြှုပ်နှံမှုများစွာ ၀င်ရောက်လာမည့်မျှော်လင့်ချက်ဖြင့် တည်ဆောက်ရန် စီစဉ်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း (ဓာတ်ပုံ− kyaukpadaung.wordpress)
 မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခက် အခဲများအဖြစ် ရင်ဆိုင်နေရသော ကဏ္ဍကြီး လေးခုဖြစ်သည့် ငွေကြေးအထောက်အကူရရှိနိုင်မှု၊ မြေယာ၊ လျှပ်စစ်ဓာတ်အားကဏ္ဍပြု ပြင်ပြောင်းလဲရေးနှင့် ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးတို့သည် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ လေ့လာချက် အသစ်တွင် ထောက်ပြထားသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်မှသာမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် စီးပွားရေး ၀န်းကျင်ကောင်း တစ်ခု ပေါ်ထွန်း နိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ကာ အလုပ် အကိုင် အခွင့်အလမ်းများ တိုး တက်လာနိုင် မည်ဟု အကြံပြု ဖော်ပြထားသည်။

‘‘ယခု လေ့လာတွေ့ရှိချက် တွေဟာ အစိုးရရဲ့ မူဝါဒချမှတ် ရာမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ် လုပ်မှုမြှင့် တင်ရေး၊ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေးကို ဖော်ဆောင်နိုင် မယ့် တန်းတူညီမျှ ရှိတဲ့ စီးပွားရေး ၀န်းကျင်တစ် ခုပေါ် ထွန်းရေးကို ဦးတည်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်’’ ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ အဗ္ဗဒူလာရေဆက်က ပြောသည်။

ကမ္ဘာ့ဘဏ်က စီးပွားရေး လုပ်ငန်းဆိုင်ရာ ကွင်းဆင်းလေ့ လာမှုများကို ၂၀၁၄ နွေရာသီက ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့် ပဲခူးမြို့များတွင် လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းလုပ် ငန်းရှင်များနှင့် နိုင်ငံခြား သား လုပ်ငန်းရှင် များဆောင်ရွက်နေ သည့် စိုက်ပျိုးရေးလုပ်ငန်း မဟုတ်သော စီးပွားရေးလုပ်ငန်း ရှင်များ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ လက်လီရောင်းချသူများနှင့် ၀န်ဆောင်မှုလုပ်ငန်းများမှ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်ကို မေးမြန်းခဲ့မှုမှ အဆိုပါ အချက်များတွေ့ရှိရသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

စစ်တမ်းကောက်ယူခဲ့သော လုပ်ငန်းများမှ လုပ်ငန်းပေါင်း ၂၃ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်မှုအတွက် ငွေကြေးအ ထောက်အပံ့ရရှိနိုင်မှု အခက်အခဲ သည် ကြီးမားဆုံးသော အတား အဆီးကြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအထဲတွင် လုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းသာ  ဘဏ်၌ ငွေစာရင်းဖွင့်ထားမှု ရှိပြီး ယင်းမှာ ဒေသတွင်းတွင် အနိမ့်ဆုံးအခြေအနေတစ်ခုဖြစ်နေသည်။

စစ်တမ်းကောက်ယူရန် လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် လုပ်ငန်းများ၏ ငါးပုံတစ်ပုံမှာ မြေယာကိစ္စကို အဓိက ဖြစ်နေ ကြောင်း ဖော်ပြကြပြီး  ၁၇ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ကျွမ်းကျင် လုပ်သားများ အတွက် အဓိက ကန့်သတ်ချက်များဖြစ်နေကြောင်း စစ်တမ်းက ဆိုထားသည်။

 ‘‘လေ့လာတွေ့ရှိချက်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ ကို ထင်ဟပ်ရုံ မကဘဲ စီးပွားရေး လုပ်ငန်းများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လေ့လာ ရာမှာ လည်း တခြားနိုင်ငံများနဲ့ ချိန်ထိုး သုံးသပ်ဖို့ အခွင့်အလမ်းများရရှိ မှာဖြစ်ပါတယ်’’ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် မစ္စတာ အဗ္ဗဒူလာရေ ဆက်ကပြောသည်။

‘‘ဒီပြဿနာတွေက အားလုံး သိပြီးသားပဲ။ ဒီအစိုးရတက်က တည်းက ရှိခဲ့တဲ့ ပြဿနာတွေ။ အခုထိမရှင်း နိုင်သေးတာပါ’’ ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။

လက်ရှိပြည်တွင်း၌ ထုတ်ကုန်လုပ်ငန်းရှင်များသည် လျှပ်စစ်မီး လိုအပ်ချက်၊ ငွေကြေးထောက်ပံ့ လိုအပ် ချက်၊ မြေယာဈေးကြီးမြင့်မှုကြောင့် လုပ်ငန်းချဲ့ ထွင်ရန် အခက်အခဲရှိသည့်အပြင် နည်းပညာ မပြည့်စုံမှု တို့ကြောင့် ပြည်တွင်း လုပ်ငန်းရှင်များမှာ ၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုက်အ၀န်း ဖြစ်လာမည် ကိုပင် ထိတ်လန့်နေကြရကြောင်း ၎င်းကပြောကြားသည်။

7Day DAILY 

No comments:

Post a Comment