Saturday 1 November 2014

အင်တာနက်သုံးလျှင် အသုံးပြုခသက်သာသောနည်းကို တယ်လီနောစီအီးအိုပြော

တယ်လီနောဆင်းမ်ကတ်များဖြင့် အင်တာနက်အသုံးပြု၍ အွန်လိုင်းစာမျက်နှာများ ကြည့်ရှုခြင်း၊ သတင်း အချက်အလက်များရှာဖွေခြင်းများကို Opera Mini Browserဖြင့်ပြုလုပ်ပါက အင်တာနက်အသုံးပြုခ သက် သာစေမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကဆိုသည်။

‘‘Opera ကအသုံးပြုသူတွေ လိုချင်တဲ့ဝက်ဘ်ဆိုက်စာမျက်နှာတွေနဲ့ ဒေတာတွေကိုချုံ့ပြီးတော့ အသုံးပြုသူ တွေကိုရှာပေးတဲ့အတွက် ဒေတာနဲ့ကောက်တဲ့ အသုံးပြုခတွေကိုသက်သာစေမယ့်အပြင် အင်တာနက် သုံးတဲ့ အခါ ပိုပြီးတော့မြန်စေမှာဖြစ်ပါတယ်’’ဟု Petter Furberg ကဆိုသည်။

တယ်လီနောသည် ၎င်းတို့၏ အင်တာနက်အသုံးပြုခများကို ဒေတာဖြင့်ကောက်ယူသည့်အတွက် Opera Mini Bro-wser Software သည် အခြား Browser Software များထက်ဒေတာ အသုံးပြုမှုပမာဏကို ၈၀ ရာခိုင် နှုန်း အထိ လျှော့ချပေးနိုင်သည့်အတွက် အင်တာနက်အသုံးပြုခ သက်သာစေမည်ဖြစ်သည်။

‘‘Opera ဟာ အသုံးပြုသူ တွေကြည့်ချင်တဲ့ဝက်ဘ်ဆိုက်ဒ် စာမျက်နှာတွေကို တိုက်ရိုက်ရှာ ပေးလိုက်တာ မဟုတ်ပါဘူး။ Opera Sever ကနေတစ်ဆင့် ဝက်ဘ်ဆိုက်တွေရဲ့အရွယ်အစား ကို ၉၀ ရာခိုင်နှုန်းအထိ ချုံ့ပြီးမှာ ပို့ပေးတဲ့အတွက် အသုံးပြုခသက်သာပြီး မြန်ဆန်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်’’ဟု Opera-Software၏အမှုဆောင်အရာရှိ Lars Boilesen ကပြောသည်။

ယခုအစီအစဉ်ကို Opera နှင့် တယ်လီနောတို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး Opera Browser အားအသုံးပြုပါက ပြည်တွင်း၌ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် Smart Page စာမျက်နှာကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တယ်လီနောအနေဖြင့် အင်တာနက်အသုံးပြုခများကို ပုံစံနှစ်မျိုးဖြင့်ကောက်ယူလျက်ရှိပြီး သာမန်မြန်နှုန်း အင်တာနက် အတွက် 1MB လျှင် ခြောက်ကျပ်နှင့် မြန်နှုန်းမြင့်အင်တာနက် အတွက် 1MB လျှင် ၁၀ ကျပ် နှုန်း ဖြင့်ကောက်ခံလျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment