Saturday 1 November 2014

ထိုင်းရောက်တရားမ၀င် မြန်မာလုပ်သား ငါးသိန်းကျော် ပန်းရောင်ကတ် လျှောက်ထား

ဘန်ကောက် - ထိုင်းနိုင်ငံတွင် တရားမ၀င် လုပ်သားများအား ခြောက်လသက်တမ်းရှိ ပန်းရောင်ကတ် များကို အောက်တိုဘာ ၃၁ ရက်က နောက်ဆုံးပြုလုပ်ပေးရာ တရားမ၀င်မြန်မာလုပ်သား ငါး သိန်းကျော် လာရောက်ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက် တရားမ၀င်လာ ရောက်လုပ်ကိုင် သော နိုင်ငံခြား သားများကို ဖမ်းဆီးမှုများပြုလုပ် ပြီးနောက် တရားဝင်နေထိုင်ခွင့် ရရှိရန် ခြောက်လ သက်တမ်းရှိ ပန်းရောင်ကတ် များကို ဇွန်လ ၃၀ ရက်က စတင်ပြုလုပ်ပေး ခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခြင်းကို အောက်တိုဘာ ၃၁ ရက်က နောက်ဆုံးပြုလုပ်ပေးရာ တရားမ၀င်မြန်မာလုပ်သား ၅၇၅,၅၆၉ ဦး လာရောက်ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လာအိုနိုင်ငံသား နှစ်သိန်းကျော်နှင့် ကမ္ဘောဒီယား နိုင်ငံသားခြောက်သိန်းကျော် ကလည်း ကတ်ပြုလုပ် ခဲ့သည်။

ထိုင်းနိုင်ငံ ခရိုင်အသီးသီးတွင် One Stop Service ဖြင့် တစ်နေရာတည်း အပြီးပြုလုပ် ပေးခဲ့ခြင်း ဖြစ် သည်။ ခြောက်လသက်တမ်းရှိ ပန်းရောင်ကတ်များ ထုတ်ပေးရာတွင် ပန်းရောင်တစ်ကတ်အတွက် ကျန်းမာရေးဆေးစစ်ခ၊ ကျန်းမာ ရေးအာမခံလက်မှတ်၊ အလုပ်လုပ်ခွင့်လက်မှတ်စသည်တို့အတွက် ထိုင်းဘတ်ငွေ ၃၁၀၀ ကုန်ကျသည်။ အဆိုပါကတ်များမှာမတ် ၃၁ ရက်အထိ အသုံးဝင်မည် ဖြစ်သည်။ ထိုကာလအတွင်း တရားဝင်ပတ်စ်ပို့ စာအုပ်နှင့် ဗီဇာရရှိရန် ဆောင်ရွက်သွားရမည် ဖြစ်သည်။ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း မရှိပါက မြန်မာနိုင်ငံသို့ ပြန်လည်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အရင်က သုံးနှစ်တစ်ခါ လောက်လုပ်ပေးပါတယ်။ အရင် အခေါက်တွေ လုပ်ပေးတုန်းက တစ်နှစ်သက်တမ်း လုပ်ပေးတာ။ ဘတ်ငွေ ၃၈၁၀ ကျတယ်။ အခု ဟာက ခြောက်လပဲ။ ဒီခြောက်လ အတွင်းမှာ တရားဝင်ပါမစ်ဖြစ် အောင် လုပ်သွားရမှာ။ ဒီရက်ပိုင်း အတွင်းမှာ အများဆုံးလာလုပ်နေ ကြတာ တွေ့တယ်’’ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ ကိုဖြိုးသစ်ဆန်းက ပြော ကြားသည်။

7Day DAILY 

No comments:

Post a Comment