Saturday 1 November 2014

ရော်နယ်ဒိုထက် မက်ဆီက စွမ်းရည်ပိုကောင်းသည်ဟု ကာပယ်လိုပြော

ရီးရဲလ်အသင်းမှ ၂၀၁၃ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ရော်နယ်ဒိုထက် ဘာစီလိုနာမှ မက်ဆီက စွမ်းရည်ပို ပြည့်ဝသည်ဟု အင်္ဂလန်နည်းပြ ဟောင်း ဖာဘီယိုကာပယ်လိုက ပြောကြားသည်။

မက်ဆီ(၂၇)နှစ်မှာ လာမည့် လာလီဂါပွဲစဉ်တွင် နောက်ထပ် နှစ်ဂိုးထပ်သွင်းနိုင်ပါက လာလီဂါ၏ ထာဝရ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်လာပေမည်။

ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒို (၂၉)နှစ်မှာ လာလီဂါ ဂိုးသွင်းအများဆုံး ဘောလုံးသမားများစာရင်းတွင် ဒသမမြောက်နေရာ၌ ရှိနေသည်။

 ‘‘ရော်နယ်ဒိုက အရမ်းကောင်းတဲ့ နည်းစနစ်တွေနဲ့ အင်အားကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ မက်ဆီရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုမျိုး သူ့မှာ မရှိပါ ဘူး’’ဟု ကာပယ်လိုက ပြောကြား သည်။


မက်ဆီမှာ ဘာကာအတွက် ပွဲပေါင်း ၂၈၄ ပွဲ ကစားထားပြီး ဂိုး ပေါင်း ၂၅၀ သွင်းယူထားကာ ဘီ ဘာအို အသင်းမှ တယ်လ်မိုဇာရာ ၁၉၄၀ နှင့် ၁၉၅၀ ပြည့်နှစ်များ ကြား တင်ထားခဲ့သည့် စံချိန်ကို ချိုးဖျက်နိုင်ရန် နီးစပ်နေပြီဖြစ် သည်။

မက်ဆီမှာ ယခုနှစ် ဘောလုံးရာသီအတွင်း လာလီဂါသွင်းဂိုးမှာ ရော်နယ်ဒို သွင်းယူထားသော ဂိုးပေါင်း ထက် ကိုးဂိုးလျော့နည်းပြီး အသင်းဖော် နေမာထက်လည်း နှစ်ဂိုးလျော့ကာ ဂိုးပေါင်းခုနစ်ဂိုးသာ သွင်းယူ ထားသေးသည်။

—Ref: BBC
7Day DAILY 

No comments:

Post a Comment