Thursday 13 March 2014

ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံး

Photo: ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံး
Thursday, March 13, 2014

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် မီးညွန့်ကျိုးကာ ၃ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

“သုံးပင်ကွင်းရပ်ကွက်၊ ရေတံခွန် ၂ လမ်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အငြိမ်းစား ဆရာမကြီးအိမ်ကစပြီး လောင်ကျွမ်းခဲ့တာပါ။ စာအုပ်ရောင်းတဲ့ တပ်မတော်သားတွေက မီးလောင်နေတာတွေ့လို့ ပြောရာကနေ အနီးနားကလူတွေသိပြီး ၀ိုင်းပြီးငြှိမ်းသတ် ခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ဆရာမကြီးက လေငန်းဝေဒနာသည် ဖြစ်ပါတယ်။ သူ့ရဲ့ညီမကတော့ ဘာမှမဖြစ်ပါဘူး” ဟု မျက်မြင်တစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သူ အငြိမ်းစား ဆရာမကြီး ဒေါ်လှကြည် အသက် ၈၃ နှစ်သည် ကျန်းမာရေးအခြေအနေကြောင့် မီးလောင်ကျွမ်းစဉ် တိမ်းရှောင်နိုင်ခြင်း မရှိသဖြင့် မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ကာ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်မှူး ဒုရဲအုပ် နန်းဝင်းအောင်ထံ ဆက်သွယ်ရာ “မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ငါးလုံး ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ မည်သို့သော အကြောင်းကြောင့် မီးစတင် လောင်ကျွမ်းခြင်း ဖြစ်သည်နှင့် ဆုံးရှုံးမှု ပမာဏတို့အား စိစစ်နေဆဲဖြစ်ကြောင်း” ဟု မတ် ၁၂ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ဟင်္သာတ ဗဟိုမီးသတ်နှင့် ပန်းဘဲတန်းရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့မှ မီးသတ်ယာဉ်လေးစီး၊ ဇလွန်မီးသတ်မှတစ်စီး စုစုပေါင်း မီးသတ်ယာဉ်ငါးစီး၊ အင်အား ၁၀၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် မီးညွန့် ကျိုးကာ ၃ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

“သုံးပင်ကွင်းရပ်ကွက်၊ ရေတံခွန် ၂ လမ်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အငြိမ်းစား ဆရာမကြီး အိမ်ကစပြီး လောင်ကျွမ်းခဲ့တာပါ။ စာအုပ်ရောင်းတဲ့ တပ်မတော်သားတွေက မီးလောင်နေတာတွေ့လို့ ပြောရာကနေ အနီးနားကလူတွေသိပြီး ၀ိုင်းပြီးငြှိမ်းသတ် ခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ဆရာမကြီးက လေငန်းဝေဒနာသည် ဖြစ်ပါတယ်။ သူ့ရဲ့ညီမကတော့ ဘာမှမဖြစ်ပါဘူး” ဟု မျက်မြင်တစ်ဦး က ပြောကြားသည်။

သေဆုံးခဲ့သူ အငြိမ်းစား ဆရာမကြီး ဒေါ်လှကြည် အသက် ၈၃ နှစ်သည် ကျန်းမာရေးအခြေအနေကြောင့် မီးလောင်ကျွမ်းစဉ် တိမ်းရှောင်နိုင်ခြင်း မရှိသဖြင့် မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ကာ နေအိမ်တွင် တစ်ဦး တည်း ရှိနေစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်မှူး ဒုရဲအုပ် နန်းဝင်းအောင်ထံ ဆက်သွယ်ရာ “မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ငါးလုံး ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ မည်သို့သော အကြောင်းကြောင့် မီးစတင် လောင်ကျွမ်းခြင်း ဖြစ်သည်နှင့် ဆုံးရှုံးမှု ပမာဏတို့အား စိစစ်နေဆဲဖြစ်ကြောင်း” ဟု မတ် ၁၂ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ဟင်္သာတ ဗဟိုမီးသတ်နှင့် ပန်းဘဲတန်းရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့မှ မီးသတ်ယာဉ်လေးစီး၊ ဇလွန်မီးသတ်မှတစ်စီး စုစုပေါင်း မီးသတ်ယာဉ်ငါးစီး၊ အင်အား ၁၀၀ ခန့် လာရောက်ငြှိမ်း သတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment