Thursday 13 March 2014

ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ရန်ကုန်မြို့တော် စည်ပင်နှင့် အောင်ကောင်းကျော် ကုမ္ပဏီကို တရားစွဲမည်

Photo: ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ရန်ကုန်မြို့တော် စည်ပင်နှင့် အောင်ကောင်းကျော် ကုမ္ပဏီကို တရားစွဲမည်
Thursday, March 13, 2014

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ သင်္ဃန်းကျွန်း ဈေးသစ်နှင့် ကပ်လျက် အနော်ရထာလမ်းကို ဈေးဧရိယာ အတွင်းသို့ ထည့်သွင်းထားမှုကို ပယ်ဖျက်ပြီး အဆိုပါ လမ်းမြေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံ များကို ဖယ်ရှားခြင်း မပြုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အဆိုပါ ဈေးကို ဆောက်လုပ်သော အောင်ကောင်းကျော် ကုမ္ပဏီတို့ကို ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက်ဖြင့် နှစ်ကြိမ်တိုင် ဆန္ဒ ထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးခြင်း၊ အကြောင်း ပြန်ကြားခြင်းများ မရှိသဖြင့် လာမည့် သီတင်းပတ်အတွင်း တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးသန်းအောင်က ပြောကြားသည်။

“အနော်ရထာ လမ်းပေါ်မှာ ရှိနေတဲ့ ခရိုင်စည်ပင်ရုံးနဲ့ အခြား ပစ္စည်းတွေ ဖယ်ပေးဖို့ လိုပါတယ်။ အခုဆို လမ်းက အရေးပေါ် ယာဉ်တွေ ဝင်လို့ မရတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ၎င်းက The Voice သို့ ဆက်လက် ပြောကြားသည်။

အနော်ရထာလမ်းမှာ မူလက ဈေးဆိုင်ခန်း ၂၀၀ ကျော်ရှိသော လေဟာပြင်ဈေး တည်ရှိပြီး သင်္ဃန်းကျွန်းဈေး မီးလောင်ပြီးနောက် ပြန်လည် တည်ဆောက်ချိန်တွင် မီးတားနယ်မြေ အဖြစ် ထားရှိကာ လမ်းလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အောင်ကောင်းကျော် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ လမ်းအကျယ်ကလည်း ၂၂ ပေလောက်ရှိမှာ ဖြစ်တဲ့အတွက် ယာဉ်များ သွားလာနိုင်မှာပါ၊ လမ်းပိတ်နေတာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း စာတင်မှသာ ဖြေဆိုပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ သင်္ဃန်းကျွန်း ဈေးသစ်နှင့် ကပ်လျက် အနော်ရထာ လမ်းကို ဈေးဧရိယာ အတွင်းသို့ ထည့်သွင်းထားမှုကို ပယ်ဖျက်ပြီး အဆိုပါ လမ်းမြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အအုံ များကို ဖယ်ရှားခြင်း မပြုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အဆိုပါ ဈေးကို ဆောက်လုပ်သော အောင်ကောင်းကျော် ကုမ္ပဏီတို့ကို ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်တွင် နေထိုင်သူ အချို့က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက်ဖြင့် နှစ်ကြိမ်တိုင် ဆန္ဒ ထုတ်ဖော်ခဲ့သော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးခြင်း၊ အကြောင်း ပြန်ကြားခြင်းများ မရှိသဖြင့် လာမည့် သီတင်းပတ်အတွင်း တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးစံဖေ ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးသန်းအောင်က ပြောကြားသည်။

“အနော်ရထာ လမ်းပေါ်မှာ ရှိနေတဲ့ ခရိုင်စည်ပင်ရုံးနဲ့ အခြား ပစ္စည်းတွေ ဖယ်ပေးဖို့ လိုပါတယ်။ အခုဆို လမ်းက အရေးပေါ် ယာဉ်တွေ ဝင်လို့ မရတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ၎င်းက The Voice သို့ ဆက်လက် ပြောကြားသည်။

အနော်ရထာလမ်းမှာ မူလက ဈေးဆိုင်ခန်း ၂၀၀ ကျော်ရှိသော လေဟာပြင်ဈေး တည်ရှိပြီး သင်္ဃန်းကျွန်းဈေး မီးလောင်ပြီးနောက် ပြန်လည် တည်ဆောက်ချိန်တွင် မီးတားနယ်မြေ အဖြစ် ထားရှိကာ လမ်းလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အောင်ကောင်းကျော် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ လမ်းအကျယ်ကလည်း ၂၂ ပေလောက်ရှိမှာ ဖြစ်တဲ့အတွက် ယာဉ်များ သွားလာနိုင်မှာပါ၊ လမ်းပိတ်နေတာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း စာတင်မှသာ ဖြေဆိုပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly

No comments:

Post a Comment