Thursday 13 March 2014

နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင် ရွှေဂေါင်းပြောင်ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်

Photo: နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင် ရွှေဂေါင်းပြောင်ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမည်
Thursday, March 13, 2014

မြန်မာကာတွန်းလောကတွင် နာမည်ကျော်ကြားပြီး ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များအနက် တစ်ချိန်က နာမည်ကျော် ကာတွန်းဇာတ်ကောင်ဖြစ်သည့် ကာတွန်း အောင်အောင်၏ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်ကောင်နှင့် ဇာတ်လမ်းများသည် ၁၉၇၀ ပြည့်နှစ် ၀န်းကျင်ခန့်မှစတင်ကာ မြန်မာကာတွန်းရုပ်ပြလောကတွင် ထင်ရှားကျော်ကြားလာသည့် ကာတွန်းဇာတ်ကောင်နှင့် ဇာတ်လမ်းများဖြစ်သည်။ ယင်းကာတွန်းဇာတ်လမ်းများသည် တရားမျှတမှုကို မြတ်နိုးသည့် သူရဲကောင်း ရွှေဂေါင်းပြောင်၏ စွန့်စားရဲဝံ့မှု နှင့် အမှန်တရားဘက်မှ ရပ်တည်မှုတို့ကို ဘ၀သရုပ်ဖော်များနှင့် တွဲဖက်တင်ဆက်ထားခြင်းဖြစ်သည်။ ရွှေဂေါင်းပြောင် ရုပ်သံဇာတ်လမ်းတွဲများကို ၂၀၀၇ ခုနှစ်ကပင် ရိုက်ကူးကာ မြ၀တီရုပ်သံတွင် အရှက်နှင့်အသက်၊ လေတံခွန်မလေးဇာတ်လမ်းပိုင်းများ ပြသခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြသမှုများနှင့်ရိုက်ကူးမှုများကို ရပ်နားခဲ့သည်ဟု သိရသည်။

အဆိုပါ ဇာတ်လမ်းများကို အသင်္ချေရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ပြီး ရွှေဂေါင်းပြောင်အဖြစ် ညီညီမင်းထက်နှင့် အတူ ကျော်ဝင်းထွဋ်နှင့် စိုင်းသီဟတို့ကပင် ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။

“ မြန်မာဇာတ်လမ်းတွဲတွေ တကယ်ကို အောင်မြင်စေချင်ပါတယ်။ နောက်ပြီး သူရဲကောင်းအဖြစ် တင်စားမယ်ဆိုရင် မြန်မာသူရဲကောင်းတွေကို သိတဲ့သူနည်းသွားပြီဖြစ်လို့ ဒီဇာတ်လမ်းကို ရွေးပြီးရိုက်ဖြစ်တာပါ”ဟု ဒါရိုက်တာ လွတ်လပ်အိမ်က ဆိုသည်။

ယင်းကာတွန်းဇာတ်လမ်းများကို ဒါရိုက်တာ လွတ်လပ်အိမ်က ရိုက်ကူးမည်ဖြစ်ကာ ရွှေဂေါင်းပြောင်အဖြစ် ညီညီမင်းထက်က အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။  ရွှေဂေါင်းပြောင်၏ သွေးသောက်ရဲဘော် သူငယ်ချင်းများအဖြစ် ကျော်ဝင်းထွဋ်နှင့် စိုင်းသီဟတို့ ပါဝင်ကြမည်ဖြစ်သည်။

 ယင်းဇာတ်လမ်းတွဲများကို ဇာတ်ကောင်အပါအ၀င် ဇာတ်လမ်းများကိုလည်း ကာတွန်းအောင်အောင်၏ ဇာတ်လမ်းများကို ရိုက်ကူးမည်ဖြစ်ကာ ဇာတ်ညွှန်းနှင့် တွဲဖက်ဒါရိုက်တာအဖြစ် မောင်ရူပက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ဇာတ်လမ်းတွဲတွင် အသုံးပြုမည့် ရွှေဂေါင်းပြောင်သီချင်းကို ရန်နောင်ဦးက ရေးသားထားပြီး ဆူးနစ်က သီဆိုပေးထားသည်ဟု သိရသည်။

Eleven Media Group

ရွှေဂေါင်းပြောင်ဇာတ်လမ်းတွဲ ပိုစတာကိုတွေ့ရစဉ်
ရွှေဂေါင်းပြောင်ဇာတ်လမ်းတွဲ ပိုစတာကိုတွေ့ရစဉ်

မြန်မာကာတွန်းလောကတွင် နာမည်ကျော်ကြားပြီး ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များအနက် တစ်ချိန်က နာမည်ကျော် ကာတွန်းဇာတ်ကောင်ဖြစ်သည့် ကာတွန်း အောင်အောင်၏ ရွှေဂေါင်းပြောင် ကာတွန်း ဇာတ်လမ်းများကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ရွှေဂေါင်းပြောင် ကာတွန်းဇာတ်ကောင်နှင့် ဇာတ်လမ်းများသည် ၁၉၇၀ ပြည့်နှစ် ၀န်းကျင်ခန့်မှ စတင်ကာ မြန်မာကာတွန်းရုပ်ပြလောကတွင် ထင်ရှားကျော်ကြားလာသည့် ကာတွန်းဇာတ်ကောင်နှင့် ဇာတ်လမ်းများဖြစ်သည်။ ယင်းကာတွန်းဇာတ်လမ်းများသည် တရားမျှတမှုကို မြတ်နိုးသည့် သူရဲကောင်း ရွှေဂေါင်းပြောင်၏ စွန့်စားရဲဝံ့မှု နှင့် အမှန်တရားဘက်မှ ရပ်တည်မှုတို့ကို ဘ၀သရုပ်ဖော်များနှင့် တွဲဖက် တင်ဆက် ထားခြင်းဖြစ်သည်။ ရွှေဂေါင်းပြောင် ရုပ်သံဇာတ်လမ်းတွဲများကို ၂၀၀၇ ခုနှစ်ကပင် ရိုက်ကူးကာ မြ၀တီရုပ်သံတွင် အရှက်နှင့်အသက်၊ လေတံခွန်မလေးဇာတ်လမ်းပိုင်းများ ပြသခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ပြသမှု များနှင့်ရိုက်ကူးမှုများကို ရပ်နားခဲ့သည်ဟု သိရသည်။

အဆိုပါ ဇာတ်လမ်းများကို အသင်္ချေရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ပြီး ရွှေဂေါင်းပြောင်အဖြစ် ညီညီမင်းထက်နှင့် အတူ ကျော်ဝင်းထွဋ်နှင့် စိုင်းသီဟတို့ကပင် ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။

“ မြန်မာဇာတ်လမ်းတွဲတွေ တကယ်ကို အောင်မြင်စေချင်ပါတယ်။ နောက်ပြီး သူရဲကောင်းအဖြစ် တင်စား မယ် ဆိုရင် မြန်မာသူရဲကောင်းတွေကို သိတဲ့သူနည်းသွားပြီဖြစ်လို့ ဒီဇာတ်လမ်းကို ရွေးပြီးရိုက်ဖြစ်တာပါ”ဟု ဒါရိုက်တာ လွတ်လပ်အိမ်က ဆိုသည်။

ယင်းကာတွန်းဇာတ်လမ်းများကို ဒါရိုက်တာ လွတ်လပ်အိမ်က ရိုက်ကူးမည်ဖြစ်ကာ ရွှေဂေါင်းပြောင်အဖြစ် ညီညီမင်းထက်က အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။  ရွှေဂေါင်းပြောင်၏ သွေးသောက်ရဲဘော် သူငယ် ချင်းများအဖြစ် ကျော်ဝင်းထွဋ်နှင့် စိုင်းသီဟတို့ ပါဝင်ကြမည်ဖြစ်သည်။

 ယင်းဇာတ်လမ်းတွဲများကို ဇာတ်ကောင်အပါအ၀င် ဇာတ်လမ်းများကိုလည်း ကာတွန်းအောင်အောင်၏ ဇာတ်လမ်းများကို ရိုက်ကူးမည်ဖြစ်ကာ ဇာတ်ညွှန်းနှင့် တွဲဖက်ဒါရိုက်တာအဖြစ် မောင်ရူပက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ ဇာတ်လမ်းတွဲတွင် အသုံးပြုမည့် ရွှေဂေါင်းပြောင်သီချင်းကို ရန်နောင်ဦးက ရေးသားထားပြီး ဆူးနစ်က သီဆိုပေးထားသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment