Thursday 13 March 2014

လေယာဉ်ပျောက်ဆုံးမှု ရှာဖွေရေးလုပ်ငန်းများတွင် သတင်းအချက်အလက် ကွဲလွဲမှုများအတွက် မလေးရှားတို့ ပြင်းထန်သော ဝေဖန်မှုများ ရင်ဆိုင်နေရ

Photo: လေယာဉ်ပျောက်ဆုံးမှု ရှာဖွေရေးလုပ်ငန်းများတွင် သတင်းအချက်အလက် ကွဲလွဲမှုများအတွက် မလေးရှားတို့ ပြင်းထန်သော ဝေဖန်မှုများ ရင်ဆိုင်နေရ
Thursday, March 13, 2014

လူ ၂၃၉ ဦးလိုက်ပါခဲ့သောလေယာဉ် ပျောက်ဆုံးနေသည်ကို ရှာဖွေမှုတွင် သတင်းအချက်အလက် ကွဲပြားမှုများအတွက် မတ် ၁၂ ရက်တွင် မလေးရှားကို ပြင်းထန်သော ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့အသွား ခရီးတွင် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သော ဗီယက်နမ်၏ တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းအနီး၌ နိုင်ငံစုံမှ လေယာဉ်များ၊ သင်္ဘောများက ရှာဖွေရေး လုပ်ငန်းများ အဓိက ဆောင်ရွက်ခဲ့ကြသည်။ သို့သော် လေယာဉ်သည် ပျံသန်းရမည့် လမ်းကြောင်းမှ လှည့်၍ အနောက်ဘက်သို့ ပျံသန်းခဲ့ကြောင်း ရှာဖွေရေးနယ်မြေကို အင်ဒိုနီးရှား၏မြောက်ဘက် ကပ္ပလီ(အက်ဒမန်)ပင်လယ်ထိ ချဲ့ထွင်ခဲ့ကြောင်း မလေးရှားက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောင်းလဲမှုက မလေးရှားအာဏာပိုင်များသည် ယခုကဲ့သို့ အရေးကြီးသည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ထင်မြင်ယူဆမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့ပြင် ကွာလာလမ်ပူနှင့် မလေးရှားတွင် စောင့်ဆိုင်းနေကြသော ဆွေမျိုးသားချင်းများကို ဒေါသထွက်စေခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက လေယာဉ်တွင် လိုက်ပါခဲ့သော တရုတ်ခရီးသည် ၁၅၃ ဦး၏ ဆွေမျိုးများကို လေယာဉ်လမ်းကြောင်းနှင့် ပတ်သက်၍ စစ်ဘက်က ရရှိထားသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ရမည့်အချိန် မဟုတ်သေးကြောင်း ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မလေးရှားမှ ဗီယက်နမ်ဝေဟင် ပိုက်နက်သို့ မကူးပြောင်းမီ လေယာဉ်မှူးအခန်းမှ နောက်ဆုံးရေဒီယို ပေးပို့မှုသည် “Alright, good night” ဟု ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်ဟု စင်ကာပူသတင်းစာ စထရိတ်တိုင်းမ်က ဖော်ပြခဲ့သည်။

စစ်ဘက်နှင့် အရပ်ဘက်ရေဒါများမှ ရရှိသော အချက်အလက်များသည် မည်သည့်အချက်အလက်များ ဖြစ်သည်ကို လေ့လာသုံးသပ်သူများက အလွန်သိချင်နေကြသည်။

ထို့ပြင် ငါးရက်ကြာသည်အထိ ရလဒ်မရှိသော ရှာဖွေမှုအတွက်လည်း သည်းခံမှုမှ ဒေါသနှင့် စိတ်ကသိကအောက်ဖြစ်မှုသို့ ပြောင်းလဲလာခဲ့ကြောင်း မလေးရှားအွန်လိုင်း သတင်းဝက်ဘ်ဆိုက် Malaysian Insider က ရေးသားခဲ့သည်။ တောင်ပံအကျယ် ပေ ၂၀၀ ရှိသော လေယာဉ်ကြီးသည် ကောင်းကင်မှ ကျဆင်းခဲ့ခြင်း မရှိသလို၊ လေထုအတွင်း၌ ပျောက်ဆုံးခဲ့ခြင်း မရှိဟု ဆိုသောကြောင့် တစ်ကမ္ဘာလုံးက မလေးရှားကို စောင့်ကြည့်နေကြကြောင်း Malaysian Insider က ရေးသားခဲ့သည်။ သတင်းအချက်အလက်များ ရေရေရာရာ မရရှိသောကြောင့် ကောလာဟလများ ဖြစ်နေပြီး အချို့က အာဏာပိုင်များသည် ဖုံးဖိနေကြသည်ဟု ယူဆနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

Eleven Media Group

ပျောက်ဆုံးမလေးရှားလေယာဉ်ကို အင်ဒိုနီးရှားစစ်တပ်က ရှာဖွေရေးပြုလုပ်နေသည့် လမ်းကြောင်းကို ကြည့်ရှုနေသော အင်ဒိုနီးရှား လေတပ်အဖွဲ့ဝင်တစ်ဦးကို မတ် ၁၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)
ပျောက်ဆုံးမလေးရှားလေယာဉ်ကို အင်ဒိုနီးရှားစစ်တပ်က ရှာဖွေရေးပြုလုပ်နေသည့် လမ်းကြောင်းကို ကြည့်ရှုနေသော အင်ဒိုနီးရှား လေတပ်အဖွဲ့ဝင်တစ်ဦးကို မတ် ၁၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)

လူ ၂၃၉ ဦးလိုက်ပါခဲ့သောလေယာဉ် ပျောက်ဆုံးနေသည်ကို ရှာဖွေမှုတွင် သတင်းအချက်အလက် ကွဲပြားမှု များ အတွက် မတ် ၁၂ ရက်တွင် မလေးရှားကို ပြင်းထန်သော ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့အသွား ခရီးတွင် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သော ဗီယက်နမ်၏ တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းအနီး၌ နိုင်ငံစုံမှ လေယာဉ်များ၊ သင်္ဘောများက ရှာဖွေရေး လုပ်ငန်းများ အဓိက ဆောင်ရွက်ခဲ့ကြသည်။ သို့သော် လေယာဉ်သည် ပျံသန်းရမည့် လမ်းကြောင်းမှ လှည့်၍ အနောက်ဘက်သို့ ပျံသန်းခဲ့ကြောင်း ရှာဖွေရေးနယ်မြေကို အင်ဒိုနီးရှား၏မြောက်ဘက် ကပ္ပလီ(အက်ဒမန်) ပင်လယ်ထိ ချဲ့ထွင်ခဲ့ကြောင်း မလေးရှားက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောင်းလဲမှုက မလေးရှားအာဏာပိုင်များသည် ယခုကဲ့သို့ အရေးကြီးသည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ထင်မြင်ယူဆမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့ပြင် ကွာလာလမ် ပူနှင့် မလေးရှားတွင် စောင့်ဆိုင်းနေကြသော ဆွေမျိုးသားချင်းများကို ဒေါသထွက်စေခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက လေယာဉ်တွင် လိုက်ပါခဲ့သော တရုတ်ခရီးသည် ၁၅၃ ဦး၏ ဆွေမျိုးများကို လေယာဉ်လမ်းကြောင်းနှင့် ပတ်သက်၍ စစ်ဘက်က ရရှိထားသည့် သတင်းအချက် အလက် များကို ထုတ်ဖော်ရမည့်အချိန် မဟုတ်သေးကြောင်း ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မလေးရှားမှ ဗီယက်နမ်ဝေဟင် ပိုက်နက်သို့ မကူးပြောင်းမီ လေယာဉ်မှူးအခန်းမှ နောက်ဆုံးရေဒီယို ပေးပို့မှုသည် “Alright, good night” ဟု ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်ဟု စင်ကာပူသတင်းစာ စထရိတ်တိုင်းမ်က ဖော်ပြခဲ့သည်။

စစ်ဘက်နှင့် အရပ်ဘက်ရေဒါများမှ ရရှိသော အချက်အလက်များသည် မည်သည့်အချက်အလက်များ ဖြစ် သည် ကို လေ့လာသုံးသပ်သူများက အလွန်သိချင်နေကြသည်။

ထို့ပြင် ငါးရက်ကြာသည်အထိ ရလဒ်မရှိသော ရှာဖွေမှုအတွက်လည်း သည်းခံမှုမှ ဒေါသနှင့် စိတ်ကသိ ကအောက်ဖြစ်မှုသို့ ပြောင်းလဲလာခဲ့ကြောင်း မလေးရှားအွန်လိုင်း သတင်းဝက်ဘ်ဆိုက် Malaysian Insider က ရေးသားခဲ့သည်။ တောင်ပံအကျယ် ပေ ၂၀၀ ရှိသော လေယာဉ်ကြီးသည် ကောင်းကင်မှ ကျဆင်းခဲ့ခြင်း မရှိသလို၊ လေထုအတွင်း၌ ပျောက်ဆုံးခဲ့ခြင်း မရှိဟု ဆိုသောကြောင့် တစ်ကမ္ဘာလုံးက မလေးရှားကို စောင့်ကြည့်နေကြကြောင်း Malaysian Insider က ရေးသားခဲ့သည်။ သတင်းအချက်အလက်များ ရေရေ ရာရာ မရရှိသောကြောင့် ကောလာဟလများ ဖြစ်နေပြီး အချို့က အာဏာပိုင်များသည် ဖုံးဖိနေကြသည်ဟု ယူဆနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment