Thursday 13 March 2014

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန်

Photo: ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်း ကန့်သတ် ထုတ်ပြန်
Thursday, March 13, 2014

ရန်ကုန် မြို့တော်တွင်းရှိ မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း အခြေအနေ များကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ မီဒီယာများထံ တရားဝင် ထုတ်ပြန်ပေးလျက် ရှိရာမှ မတ်လ ၁ ရက်နေ့မှ စတင်ကာ သတင်း ထုတ်ပြန်ပေးမှုများ ကန့်သတ် ထုတ်ပြန်လျက် ရှိကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

တိုင်းဒေသကြီး အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို ကွန်ပျူတာဌာနမှ ၎င်းတို့နှင့် ရင်းနှီးသူ မီဒီယာ အချို့ထံ ရောင်းစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပုံနှိပ် မီဒီယာများကို သတင်း ထုတ်ပြန်ပေးရာတွင် သတင်းများ ထိမ်ချန်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးထံမှ သိရှိရသည်။

“မိန်းကွန်ပျူတာ ဌာနက သတင်း ရောင်းစားနေတာကို သိလို့ အရေးယူပြီး သတင်း မပေါက်ကြားအောင် နောက်ရဲတပ်ဖွဲ့ကို ပြောင်းခိုင်းထားပြီး အန္တရာယ်ရှိတဲ့ သတင်းမျိုးတွေ အပြင် မပေါက်ကြားအောင် ရဲမှူးကြီးက ဆောင်ရွက်ခိုင်းတာကြောင့် အရင်လို သတင်းတွေ အကုန်ထုတ် မပေးတော့ဘဲ ရွေးပြီး ပေးရတာ” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

အထက်အရာရှိ ညွှန်ကြားချက်ဖြင့် သတင်းများ ကန့်သတ်ပြီး ပုံနှိပ် မီဒီယာများကို ထုတ်ပြန်ပေးသော်လည်း အစိုးရပိုင် သတင်းမီဒီယာနှင့် ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှ ရန်ကုန်တိုင်း အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို အပြည့်အစုံ ရရှိနေသည်ဟု သတင်း မီဒီယာများ ထံမှ သိရှိရသည်။

အမှုများမှာ ကနဦး တိုင်ကြားချက် ဖြစ်သောကြောင့် အချို့ တိုင်ကြားချက် အမှုများမှာ ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးခြင်း အပြီးမသတ်ခင် သတင်းစာများတွင် ဖော်ပြခံရမှုကြောင့် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့တွင် ဆုံးရှုံး နစ်နာမှုများနှင့် မလိုလားအပ်သော ပြဿနာများ ရှိသောကြောင့် သတင်းအချို့ကို ချန်လှပ်ပြီး မီဒီယာများထံ ပေးခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး မြင့်ထွေးက ပြောကြားသည်။

“အများနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို သူတို့ (ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့) ပိုင်တဲ့ သတင်းအချက် အလက်လို့ ထင်တယ်ဆိုတာ မှားနေတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဆိုတာ ပြည်သူသိဖို့ ပြောရမယ့် တာဝန်နဲ့ ဝတ္တရား ဆိုတာ ရှိပါတယ်။ ဒီလိုမျိုး ပိတ်လို့ မရဘူး” ဟု မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ငါးစောင်မှ မှုခင်း သတင်းထောက်များက သတင်း ချန်လှပ်ပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ မှုခင်း သတင်းများကို မခြွင်းမချန် ထုတ်ပြန်ပေးရန် မတ်လ ၁ ရက်နေ့မှ မတ်လ ၁၂ ရက် နေ့အထိ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ကန့်သတ် ထုတ်ပြန်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။

“ရန်ကုန်တိုင်း ရဲရုံးက မှုခင်းဖြစ်စဉ်ကို ယူပြီး မှုခင်းဖြစ်တဲ့ မြို့နယ်က ရဲစခန်း၊ ရပ်ကွက် တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေသူတွေ ထံမှာ ဆက်လက် စုံစမ်းပြီး သတင်း ဖော်ပြတာ။ သတင်းကျင့်ဝတ် မညီဘဲ ဖော်ပြခဲ့မိရင် ဥပဒေအတိုင်း အရေးယူနိုင်တယ်လေ။ မီဒီယာတချို့က သတင်းကို မမေးမြန်းဘဲ တိုင်းရုံးက ထုတ်တဲ့ ကနဦး တိုင်ကြားချက် အတိုင်း ရေးသားဖော်ပြလို့ မပေးတော့ဘူး ဆိုတော့ မီဒီယာ ကျင့်ဝတ်အတိုင်း လုပ်ဆောင်နေတဲ့ သူတွေပါ နစ်နာတယ်” ဟု နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတိုက်မှ မှုခင်း သတင်းထောက် တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းများ ချန်လှပ်ပြီး မီဒီယာများထံ ထုတ်ပြန်ပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်ကို မေးမြန်းရန် မတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပုဂ္ဂလိက သတင်းစာတိုက်မှ မှုခင်း သတင်းထောက်များ သွားရောက် တွေ့ဆုံ မေးမြန်းခွင့် တောင်းဆိုခဲ့သော်လည်း အစည်းအဝေး ရှိသောကြောင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း သတင်းမီဒီယာများ ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
ရန်ကုန် မြို့တော်တွင်းရှိ မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက်ရှိသော မှုခင်းအခြေအနေများကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ မီဒီယာများထံ တရားဝင်ထုတ်ပြန်ပေးလျက် ရှိရာမှ မတ်လ ၁ ရက်နေ့မှ စတင်ကာ သတင်း ထုတ်ပြန်ပေးမှုများ ကန့်သတ်ထုတ်ပြန်လျက်ရှိကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရ သည်။

တိုင်းဒေသကြီး အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို ကွန်ပျူတာဌာနမှ ၎င်းတို့နှင့် ရင်းနှီးသူ မီဒီယာ အချို့ထံ ရောင်းစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပုံနှိပ် မီဒီယာများကို သတင်း ထုတ်ပြန်ပေးရာတွင် သတင်းများ ထိမ်ချန်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးထံမှ သိရှိရသည်။

“မိန်းကွန်ပျူတာ ဌာနက သတင်း ရောင်းစားနေတာကို သိလို့ အရေးယူပြီး သတင်း မပေါက်ကြားအောင် နောက်ရဲတပ်ဖွဲ့ကို ပြောင်းခိုင်းထားပြီး အန္တရာယ်ရှိတဲ့ သတင်းမျိုးတွေ အပြင် မပေါက်ကြားအောင် ရဲမှူးကြီး က ဆောင်ရွက်ခိုင်းတာကြောင့် အရင်လို သတင်းတွေ အကုန်ထုတ် မပေးတော့ဘဲ ရွေးပြီး ပေးရတာ” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

အထက်အရာရှိ ညွှန်ကြားချက်ဖြင့် သတင်းများ ကန့်သတ်ပြီး ပုံနှိပ် မီဒီယာများကို ထုတ်ပြန်ပေးသော်လည်း အစိုးရပိုင် သတင်းမီဒီယာနှင့် ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှ ရန်ကုန်တိုင်း အတွင်း နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်း သတင်းများကို အပြည့်အစုံ ရရှိနေသည်ဟု သတင်း မီဒီယာများ ထံမှ သိရှိရသည်။

အမှုများမှာ ကနဦး တိုင်ကြားချက် ဖြစ်သောကြောင့် အချို့ တိုင်ကြားချက် အမှုများမှာ ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးခြင်း အပြီးမသတ်ခင် သတင်းစာများတွင် ဖော်ပြခံရမှုကြောင့် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့တွင် ဆုံးရှုံး နစ်နာမှုများနှင့် မလိုလားအပ်သော ပြဿနာများ ရှိသောကြောင့် သတင်းအချို့ကို ချန်လှပ်ပြီး မီဒီယာများထံ ပေးခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး မြင့်ထွေးက ပြောကြားသည်။

“အများနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို သူတို့ (ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့) ပိုင်တဲ့ သတင်းအချက် အလက်လို့ ထင်တယ်ဆိုတာ မှားနေတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဆိုတာ ပြည်သူသိဖို့ ပြောရမယ့် တာဝန်နဲ့ ဝတ္တရား ဆိုတာ ရှိပါတယ်။ ဒီလိုမျိုး ပိတ်လို့ မရဘူး” ဟု မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ငါးစောင်မှ မှုခင်း သတင်းထောက်များက သတင်း ချန်လှပ်ပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ မှုခင်း သတင်းများကို မခြွင်းမချန် ထုတ်ပြန်ပေးရန် မတ်လ ၁ ရက်နေ့မှ မတ်လ ၁၂ ရက် နေ့အထိ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ကန့်သတ် ထုတ်ပြန်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။

“ရန်ကုန်တိုင်း ရဲရုံးက မှုခင်းဖြစ်စဉ်ကို ယူပြီး မှုခင်းဖြစ်တဲ့ မြို့နယ်က ရဲစခန်း၊ ရပ်ကွက် တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေသူတွေ ထံမှာ ဆက်လက် စုံစမ်းပြီး သတင်း ဖော်ပြတာ။ သတင်းကျင့်ဝတ် မညီဘဲ ဖော်ပြခဲ့မိရင် ဥပဒေအတိုင်း အရေးယူနိုင်တယ်လေ။ မီဒီယာတချို့က သတင်းကို မမေးမြန်းဘဲ တိုင်းရုံးက ထုတ်တဲ့ ကနဦး တိုင်ကြားချက် အတိုင်း ရေးသားဖော်ပြလို့ မပေးတော့ဘူး ဆိုတော့ မီဒီယာ ကျင့်ဝတ်အတိုင်း လုပ်ဆောင်နေ တဲ့ သူတွေပါ နစ်နာတယ်” ဟု နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတိုက်မှ မှုခင်း သတင်းထောက် တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းများ ချန်လှပ်ပြီး မီဒီယာများထံ ထုတ်ပြန်ပေးမှုနှင့် ပတ်သက်၍ ရန်ကုန် တိုင်း ရဲမှူးကြီး ဝင်းနိုင်ကို မေးမြန်းရန် မတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပုဂ္ဂလိက သတင်းစာတိုက်မှ မှုခင်း သတင်းထောက်များ သွားရောက် တွေ့ဆုံ မေးမြန်းခွင့် တောင်းဆိုခဲ့သော်လည်း အစည်းအဝေး ရှိသောကြောင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း သတင်းမီဒီယာများ ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment