Thursday 13 March 2014

မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး မတ် ၁၂ ရက်တွင် ပြန်လည်ရောက်ရှိ

Photo: မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး မတ် ၁၂ ရက်တွင် ပြန်လည်ရောက်ရှိ
Thursday, March 13, 2014

မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄  ဦး ပြည်တွင်းသို့ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့သည်။

ယခုပြန်လည်ရောက်ရှိသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၄ ဦးသည် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

“သီတဂူ ကိုယ်စားပြုအနေနဲ့ ဒုက္ခရောက် ကိုယ့်မြန်မာနိုင်ငံသားတွေကို ကူညီခွင့်ရတာ ၀မ်းသာမိပါတယ်။ သူတို့တွေ ပြည်တွင်းကိုပြန်ရောက်ဖို့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီကို ငွေကျပ်နှစ်သောင်းစီလည်း ပေးအပ်ခဲ့ပါတယ်” ဟု သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)မှ ဦးမြင့်အောင်က ပြောကြားသည်။

ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ငွေကြေးလှူဒါန်းမှုများ၊ သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)၊ MAI လေကြောင်းလိုင်း၊ ကမ္ဘောဇဘဏ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၎င်းတို့ကို အခမဲ့ ပြန်လည်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“မလေးရှားကိုရောက်တာ သုံးနှစ်ပြည့်တဲ့အချိန်မှာ အရေးပေါ်စီမံချက်နဲ့ အဖမ်းခံရပြီး အချုပ်နဲ့ထောင်ထဲမှာ စုစုပေါင်း လေးလလောက်နေရပြီးမှ မြန်မာပြည်ကို အခုလို ပြန်လာခွင့်ရဖို့ သီတဂူနဲ့ အားလုံးရဲ့ကူညီမှုကို ကျေးဇူးတင်ပါတယ်” ဟု မြန်အောင်မြို့နယ်တွင် နေထိုင်သော ဦးသိန်းဇော်က ပြောကြားသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြောက်ဥက္ကလာပမြို့နယ်နေ ကိုဇော်ဦးက “မလေးရှားကိုသွားတုန်းက ကျွန်တော်အောက်လမ်းကနေ သွားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ၇ လပိုင်းကမှ သွားတာပါ။ ဟိုရောက်လို့ ၁ လ ၂ လပဲ ရှိသေးတယ်။ ငှားနေတဲ့ အခန်းဘေးက မလေးလူမျိုးတွေက လူစုနေတာ များလို့ဆိုပြီး ရဲတိုင်ရာကနေ အဖမ်းခံခဲ့ရပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄  ဦး ပြည်တွင်းသို့ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့သည်။

ယခုပြန်လည်ရောက်ရှိသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၄ ဦးသည် MAI လေကြောင်း လိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

“သီတဂူ ကိုယ်စားပြုအနေနဲ့ ဒုက္ခရောက် ကိုယ့်မြန်မာနိုင်ငံသားတွေကို ကူညီခွင့်ရတာ ၀မ်းသာမိပါတယ်။ သူတို့တွေ ပြည်တွင်းကိုပြန်ရောက်ဖို့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီကို ငွေကျပ်နှစ်သောင်း စီလည်း ပေးအပ်ခဲ့ပါတယ်” ဟု သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)မှ ဦးမြင့်အောင် က ပြောကြားသည်။

ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ငွေကြေးလှူဒါန်းမှုများ၊ သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)၊ MAI လေကြောင်းလိုင်း၊ ကမ္ဘောဇဘဏ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၎င်းတို့ကို အခမဲ့ ပြန်လည်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“မလေးရှားကိုရောက်တာ သုံးနှစ်ပြည့်တဲ့အချိန်မှာ အရေးပေါ်စီမံချက်နဲ့ အဖမ်းခံရပြီး အချုပ်နဲ့ထောင်ထဲမှာ စုစုပေါင်း လေးလလောက်နေရပြီးမှ မြန်မာပြည်ကို အခုလို ပြန်လာခွင့်ရဖို့ သီတဂူနဲ့ အားလုံးရဲ့ကူညီမှုကို ကျေးဇူးတင်ပါတယ်” ဟု မြန်အောင်မြို့နယ်တွင် နေထိုင်သော ဦးသိန်းဇော်က ပြောကြားသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြောက်ဥက္ကလာပမြို့နယ်နေ ကိုဇော်ဦးက “မလေးရှားကို သွားတုန်းက ကျွန်တော်အောက်လမ်းကနေ သွားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ၇ လပိုင်းကမှ သွားတာပါ။ ဟိုရောက်လို့ ၁ လ ၂ လပဲ ရှိသေးတယ်။ ငှားနေတဲ့ အခန်းဘေးက မလေးလူမျိုးတွေက လူစုနေတာ များလို့ဆိုပြီး ရဲတိုင်ရာကနေ အဖမ်းခံခဲ့ရပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment