Friday 21 November 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်များအနက် အချို့ကိစ္စရပ်များသည် ၂၀၁၅ မတိုင်မီ အသက်ဝင်နိုင်မည် ဖြစ်သော်လည်း အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲပြီးနောက် လွှတ်တော် ဖွဲ့စည်းပြီးမှ သာ အသက်ဝင်မည်ဟု ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပြော

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်များအနက် အချို့ကိစ္စရပ်များသည် ၂၀၁၅ မတိုင်မီ အသက်ဝင်နိုင်မည် ဖြစ်သော်လည်း အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲပြီးနောက် လွှတ်တော် ဖွဲ့စည်းပြီးမှ သာ အသက်ဝင်မည်ဟု ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပြော
Friday, November 21, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်များအနက် အချို့ကိစ္စရပ်များသည် ၂ဝ၁၅ မတိုင်မီ အသက်ဝင်နိုင်မည်ဖြစ်သော်လည်း  အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
 
“၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း”ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းစဉ် ဦးစောလှထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဦးစောလှထွန်းက ပြောကြားရာတွင် “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်များကို လာမည့်ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက် ပြုပြင်ပြောင်းလဲ ကျင့်သုံးသွားရမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်ဖြစ်သော အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲမတိုင်မီ အသက်ဝင်နိုင်ပြီး အချို့ကိစ္စရပ်များသည် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂ဝဝ၈ ခုနှစ်တွင် အတည်ပြုနိုင်ပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပချိန်မှသာ စတင်အသက်ဝင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
ဆက်လက်၍ ဦးစောလှထွန်းက “ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ပြင်ဆင်သင့်တဲ့အချက်များကို လွှတ်တော်က စဉ်းစားနိုင်ဖို့တင်ပြကြသလို မပြင်ဆင်သင့်ကြောင်း ဆွေးနွေးချက်များလည်း ရှိနေပါတယ်။ 
အများပြည်သူကလည်း ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များကို စောင့်မျှော်နေကြမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
“ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ အခုလို အခြေအနေနဲ့ အချိန်အခါအရ ပြင်ဆင်သင့်တဲ့အချက်များကို ပြင်ဆင်နိုင်ရေးဟာ ဥပဒေပြု အဖွဲ့အစည်းများပီပီ နည်းလမ်းတကျ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဘယ်အချက်တွေကို ပြင်မယ်၊ ဘယ်အချက်တွေကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ပြင်မယ်။ ဘယ်အချက်တွေကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးမှ ပြင်လို့ရမယ်။ ဒါဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပေးဖို့ ဥပဒေတစ်ရပ် အရင်ပြဌာန်းဖို့လိုအပ်မှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။
 
“ယခုအခြေအနေနဲ့ အချိန်အခါအရ ပြင်ဆင်သင့်တဲ့အချက်တွေ၊ လက်တွေ့လုပ်ငန်း လုပ်ကိုင်ရာမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေ၊ ခေတ်စနစ်ရဲ့လိုအပ်ချက်တွေအရ ပြင်သင့်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ရင်ထဲမှာ ရှိနေပါပြီ။ 
ဒီနေရာမှာ ပြင်သင့်တာကို ရဲရဲဝံ့ဝံ့ပြင်ဖို့၊ မပြင်သင့်သေးတာကို မပြင်မိစေဖို့ အထူးဂရုပြုရမယ့် ကာလဖြစ်ပါတယ်”ဟု ဦးစောလှထွန်းက ပြောကြားသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂ဝ၁၅ ခုနှစ် မေလတွင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားထားသည်။ 

Eleven Medai Group 

နိုဝင်ဘာ၂၀ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ၀င်ရောက်ဆွေးနွေးစဉ်

နိုဝင်ဘာ၂၀ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ၀င်ရောက်ဆွေးနွေးစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်များအနက် အချို့ကိစ္စရပ် များသည် ၂ဝ၁၅ မတိုင်မီ အသက်ဝင်နိုင်မည်ဖြစ်သော်လည်း  အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲ ပြီးနောက် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

“၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း”ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းစဉ် ဦးစောလှထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးစောလှထွန်းက ပြောကြားရာတွင် “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်များကို လာမည့်ရွေးကောက်ပွဲ သက်တမ်း တစ်လျှောက် ပြုပြင်ပြောင်းလဲ ကျင့်သုံးသွားရမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်ဖြစ်သော အချို့ကိစ္စရပ်များသည် ရွေးကောက်ပွဲမတိုင်မီ အသက်ဝင်နိုင်ပြီး အချို့ကိစ္စရပ်များသည် လွှတ်တော်ဖွဲ့စည်းပြီးမှသာ အသက်ဝင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂ဝဝ၈ ခုနှစ်တွင် အတည်ပြုနိုင်ပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပချိန်မှသာ စတင်အသက်ဝင်တာကို တွေ့ရှိရမှာဖြစ် ပါတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ ဦးစောလှထွန်းက “ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ပြင်ဆင်သင့်တဲ့ အချက်များကို လွှတ်တော်က စဉ်းစားနိုင်ဖို့တင်ပြကြသလို မပြင်ဆင်သင့်ကြောင်း ဆွေးနွေးချက်များလည်း ရှိနေပါတယ်။ အများပြည်သူကလည်း ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များကို စောင့်မျှော်နေကြမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

“ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ အခုလို အခြေအနေနဲ့ အချိန်အခါအရ ပြင်ဆင်သင့်တဲ့ အချက် များကို ပြင်ဆင်နိုင်ရေးဟာ ဥပဒေပြု အဖွဲ့အစည်းများပီပီ နည်းလမ်းတကျ ဆောင်ရွက်သွားရမှာဖြစ် ပါတယ်။ ဘယ်အချက်တွေကို ပြင်မယ်၊ ဘယ်အချက်တွေကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ပြင်မယ်။ ဘယ်အချက်တွေကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးမှ ပြင်လို့ရမယ်။ ဒါဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပေးဖို့ ဥပဒေတစ်ရပ် အရင်ပြဌာန်းဖို့လိုအပ်မှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

“ယခုအခြေအနေနဲ့ အချိန်အခါအရ ပြင်ဆင်သင့်တဲ့အချက်တွေ၊ လက်တွေ့လုပ်ငန်း လုပ်ကိုင်ရာမှာ တွေ့ ကြုံလာတဲ့ အခက်အခဲတွေ၊ ခေတ်စနစ်ရဲ့လိုအပ်ချက်တွေအရ ပြင်သင့်တယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ရင်ထဲမှာ ရှိနေပါပြီ။ ဒီနေရာမှာ ပြင်သင့်တာကို ရဲရဲဝံ့ဝံ့ပြင်ဖို့၊ မပြင်သင့် သေးတာကို မပြင်မိစေဖို့ အထူးဂရုပြုရမယ့် ကာလဖြစ်ပါတယ်”ဟု ဦးစောလှထွန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂ဝ၁၅ ခုနှစ် မေလတွင် ဆောင် ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားထားသည်။

Eleven Medai Group

No comments:

Post a Comment