Friday 21 November 2014

ကျောက်ကပ်ကိုအကျိုးပြုတဲ့ စူပါအစားအစာတွေကိုသိသလား

Photo: ကျောက်ကပ်ကိုအကျိုးပြုတဲ့ စူပါအစားအစာတွေကိုသိသလား
Friday, November 21, 2014

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အဆိပ်အတောက်တွေကို စစ်ယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေးတာကြောင့် ကျောက်ကပ်ကျန်းမာဖို့ဆိုတာ နှလုံးကျန်းမာဖို့လိုအပ်သလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ် ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

ဂေါ်ဖီထုပ် - ကျောက်ကပ်အတွက်အားဖြစ်စေတဲ့ သဘာဝ အစားအစာ တစ်ခုဖြစ်ပြီး ဗီတာမင်ဘီ၆၊ ဗီတာမင်စီ၊ ကေနဲ့ အမျှင်ဓာတ်၊ ဖောလစ်အက်စစ် တို့ကြွယ်ဝပါတယ်။

ဘယ်ရီသီးများ - စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ ဘယ်ရီသီး အားလုံးလိုလိုမှာ မဂ္ဂနိစ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ကျောက်ကပ်အတွက် အကျိုးပြုပါတယ်။

ငါး - အသားဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ကျောက်ကပ် သမားတွေ ငါးများများစားပေးသင့်ပါတယ်။

ကြက်ဥအကာ - ကြက်ဥအကာတွေချည်းပဲ မွှေကြော်စားတာပဲဖြစ်ဖြစ်၊ ကျက်ကျက် ပြုတ်ထားတဲ့ ကြက်ဥကိုအကာချည်းပဲဖြစ်ဖြစ် စားပေးသင့်ပါတယ်။

သံလွင်ဆီ - ကျောက်ကပ်အတွက်ရော နှလုံးအတွက်ရော ကောင်းကျိုးပြု ပါတယ်။

ကြက်သွန်ဖြူ - ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး မလိုအပ်တဲ့ ကိုလက်စထရော တွေကို ဖယ်ရှား ပေးပါတယ်။

ကြက်သွန်နီ - အဆိပ်အတောက်တွေကင်းပြီး ကျောက်ကပ်ကိုသန့်စင် ပေးနိုင်စွမ်း ရှိပါတယ်။

ပန်းငရုတ်ပွနီ - သွေးတွင်းအဆိပ်အတောက်တွေဖယ်ရှားပေးပြီး ဗီတာမင်အေ၊ ဘီ၆၊ စီ၊ ဖောလစ် အက်စစ်နဲ့အမျှင်ဓာတ်ကြွယ်ဝပါတယ်။

ပန်းဂေါ်ဖီ - ဗီတာမင်စီ၊ အမျှငဓာတ်နဲ့ဖောလစ်အက်စစ်တို့ပါဝင်ပြီး ဂေါက် ရောဂါနဲ့ ကျောက်ကပ် ကျောက်တည်တာတွေကို သက်သာပျောက်ကင်း စေပါတယ်။

ပန်းသီး - ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ ကျောက်ကပ်ကျောက်တည်တာတွေ မဖြစ်အောင် ကာ ကွယ်နိုင်သလို ကိုလက်စထရောလည်းလျော့ကျစေပါတယ်။  

Ref:homeremedies.com
7Day DAILY
ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အဆိပ်အတောက်တွေကို စစ်ယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေး တာကြောင့် ကျောက်ကပ်ကျန်းမာဖို့ဆိုတာ နှလုံးကျန်းမာဖို့လိုအပ်သလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ် ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

ဂေါ်ဖီထုပ် - ကျောက်ကပ်အတွက်အားဖြစ်စေတဲ့ သဘာဝအစားအစာတစ်ခုဖြစ်ပြီး ဗီတာမင်ဘီ၆၊ ဗီတာမင်စီ၊ ကေနဲ့ အမျှင်ဓာတ်၊ ဖောလစ်အက်စစ် တို့ကြွယ်ဝပါတယ်။

ဘယ်ရီသီးများ - စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ ဘယ်ရီသီး အားလုံးလိုလိုမှာ မဂ္ဂနိစ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ကျောက်ကပ်အတွက် အကျိုးပြုပါတယ်။

ငါး - အသားဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ကျောက်ကပ် သမားတွေ ငါးများများ စားပေးသင့်ပါတယ်။

ကြက်ဥအကာ - ကြက်ဥအကာတွေချည်းပဲ မွှေကြော်စားတာပဲဖြစ်ဖြစ်၊ ကျက်ကျက် ပြုတ်ထားတဲ့ ကြက်ဥကို အကာချည်းပဲဖြစ်ဖြစ် စားပေးသင့်ပါတယ်။

သံလွင်ဆီ - ကျောက်ကပ်အတွက်ရော နှလုံးအတွက်ရော ကောင်းကျိုးပြု ပါတယ်။

ကြက်သွန်ဖြူ - ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး မလိုအပ်တဲ့ ကိုလက်စထရော တွေကို ဖယ်ရှား ပေးပါ တယ်။

ကြက်သွန်နီ - အဆိပ်အတောက်တွေကင်းပြီး ကျောက်ကပ်ကိုသန့်စင် ပေးနိုင်စွမ်း ရှိပါတယ်။

ပန်းငရုတ်ပွနီ - သွေးတွင်းအဆိပ်အတောက်တွေဖယ်ရှားပေးပြီး ဗီတာမင်အေ၊ ဘီ၆၊ စီ၊ ဖောလစ် အက်စစ်နဲ့အမျှင်ဓာတ်ကြွယ်ဝပါတယ်။

ပန်းဂေါ်ဖီ - ဗီတာမင်စီ၊ အမျှငဓာတ်နဲ့ဖောလစ်အက်စစ်တို့ပါဝင်ပြီး ဂေါက်ရောဂါနဲ့ ကျောက်ကပ် ကျောက် တည်တာတွေကို သက်သာပျောက်ကင်း စေပါတယ်။

ပန်းသီး - ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ ကျောက်ကပ်ကျောက်တည်တာတွေ မဖြစ်အောင် ကာကွယ်နိုင် သလို ကိုလက်စထရောလည်းလျော့ကျစေပါတယ်။

Ref:homeremedies.com
7Day DAILY

No comments:

Post a Comment