Friday 21 November 2014

ဗိုလ်ချုပ်ဈေးသစ် ဆောက်လုပ်ရေးစီမံကိန်းအတွင်းရှိ ပေ၂၀ မြင့်သော မြေ သိုလှောင်ကန်မှ မြေကြီးများ လူသွားလမ်းပေါ်သို့ ကျွံကျမှုကြောင့် အလုပ်သမား နှစ်ဦး ဒဏ်ရာရ

Photo: ဗိုလ်ချုပ်ဈေးသစ် ဆောက်လုပ်ရေးစီမံကိန်းအတွင်းရှိ ပေ၂၀ မြင့်သော မြေ သိုလှောင်ကန်မှ မြေကြီးများ လူသွားလမ်းပေါ်သို့ ကျွံကျမှုကြောင့် အလုပ်သမား နှစ်ဦး ဒဏ်ရာရ
Friday, November 21, 2014

ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ရွှေတောင် ဆောက် လုပ် ရေးမှ တာဝန်ယူဆောက်လုပ်နေသည့် ဗိုလ်ချုပ်ဈေးသစ် ဆောက်လုပ်ရေး စီမံကိန်းအတွင်းရှိ ပေ ၂ဝ မြင့်သော မြေသိုလှောင်ကန်မှ မြေကြီးများ ၂၇ လမ်း ပေါ်သို့ ကျွံကျမှု နိုဝင်ဘာ ၂ဝ ရက် ညနေ ၄ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ဆောက်လုပ်ရေးစီမံကိန်းအတွင်း လုပ်ငန်းလုပ်ဆောင်ရာမှ ရရှိသောမြေကြီး များကို အကျယ် ပေ ၄ဝ ၊ အမြင့် ပေ ၂ဝ ရှိ တစ်ဖက်ပွင့်ကန်ကြီးထဲသို့ ထည့်ထားရှိလေ့ရှိပြီး ယင်းမြေကြီးများမှာ များပြားလာ၍ ကာရံထားသည့် သံကိုယ်ထည်ပြိုကျကာ ၂၇လမ်းဘက်သို့ ကျွံကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“ဝုန်းဆိုပြီး မြေကြီးတွေ ကျွံထွက်လာတာ အဲဒီထဲက အလုပ်သမားတစ်ယောက် က လမ်းဘက်ကို မြေကြီးတွေနဲ့အတူ ကျွံထွက်လာတယ်။ ကျန်တစ်ယောက် ကတော့ မြေ ကြီးတွေ တစ်ကိုယ်လုံးပိနေပြီး ကယ်ပေးပါလို့ အော်တယ်။ သူ့မှာ ခေါင်းပဲပေါ်တော့တယ်။ လမ်းမှာ တရားပွဲလုပ်နေတော့ အဲဒီကမိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေ အော်ခေါ်ပြီးပြောရတယ်။ ဒါတောင် မိနစ် ၂ဝ ကျော်လို့ မီးသတ်ကား၊ အရေးပေါ်ကားလာမှ မြေကြီးပိနေတဲ့လူကို ဆယ်ထုတ်တယ်”ဟု ဖြစ်စဉ်ကိုမြင်တွေ့သည့် ၂၇ လမ်းနေ အမျိုးသမီးတစ်ဦးက ပြောပြသည်။
 
အဆိုပါ မြေကြီးကျွံကျမှုကြောင့် လမ်းပေါ်ရှိ ရခိုင်မုန့်တီဆိုင်နှင့် ကွမ်းယာဆိုင် တို့ကို မြေကြီးများပိသွားခဲ့ပြီး ဆိုင်ရှိလူများ ထိခိုက် ဒဏ်ရာမရရှိခဲ့ဘဲ ဆောက်လုပ်ရေးအလုပ်သမားနှစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
 
“ပစောက်ပုံသဏ္ဌာန် တစ်ဖက်ပွင့် မြေကြီးထားတဲ့ သံကန်ပြိုကျတာပါ။ ဆောက်လုပ်ရေးကရိန်းကြောင့် ပြိုကျတာတော့ မဟုတ်ပါဘူး။ အခုကျွံကျတဲ့ကန်နဲ့ လမ်းဘေးမှာ ကာထားတဲ့နေရာနဲ့ကြားမှာ ပေ ၂ဝ ခြားပါသေးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ဆောက်လုပ်ရေး အလုပ်သမားနှစ်ဦးက အဲဒီနား လက်ဝင်ဆေးရင်း မြေကြီးပိသွားတာပါ။ တစ်ဦးကိုတော့ ဆေးရုံတင်ထားပါတယ်။ ဒါပေမဲ့ မစိုးရိမ်ရပါဘူး။ ကျန်တဲ့ထိခိုက်တာ ဘာမှမရှိပါဘူး။ အခုလမ်းပေါ်ကျတဲ့မြေကြီးတွေကို ပြန်သယ်နေပါပြီ”ဟု ပန်းဘဲတန်း မြို့နယ်ရဲစခန်းမှ ရဲအုပ်အဆင့် ရဲအရာရှိက ပြောကြားသည်။
 
အဆိုပါ မြေပြိုကျမှုကြောင့် လမ်းပေါ် ဖြတ်သန်းသွားလာခွင့်ကို ယာယီတားမြစ်ထားပြီး မြေပြိုကျမှုဖြစ်ပွားခဲ့သည့် အနီးဝန်းကျင်တွင် တရားပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

Eleven Media Group 

၂၇လမ်းပေါ်သို့ ပြိုကျခဲ့သည့် မြေကြီးများကို ဆောက်လုပ်ရေးလုပ်သားများမှ ဖယ်ရှားနေစဉ်(ဓာတ်ပုံ-ဝေလင်းအောင်)

၂၇လမ်းပေါ်သို့ ပြိုကျခဲ့သည့် မြေကြီးများကို ဆောက်လုပ်ရေးလုပ်သားများမှ ဖယ်ရှားနေစဉ်(ဓာတ်ပုံ-ဝေလင်းအောင်)

ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ရွှေတောင်ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက် လုပ်နေသည့် ဗိုလ်ချုပ်ဈေးသစ် ဆောက်လုပ်ရေး စီမံကိန်းအတွင်းရှိ ပေ ၂ဝ မြင့်သော မြေသိုလှောင် ကန်မှ မြေကြီးများ ၂၇ လမ်း ပေါ်သို့ ကျွံကျမှု နိုဝင်ဘာ ၂ဝ ရက် ညနေ ၄ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးစီမံကိန်းအတွင်း လုပ်ငန်းလုပ်ဆောင်ရာမှ ရရှိသောမြေကြီး များကို အကျယ် ပေ ၄ဝ ၊ အမြင့် ပေ ၂ဝ ရှိ တစ်ဖက်ပွင့်ကန်ကြီးထဲသို့ ထည့်ထားရှိလေ့ရှိပြီး ယင်းမြေကြီးများမှာ များပြားလာ၍ ကာရံထားသည့် သံကိုယ်ထည်ပြိုကျကာ ၂၇လမ်းဘက်သို့ ကျွံကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝုန်းဆိုပြီး မြေကြီးတွေ ကျွံထွက်လာတာ အဲဒီထဲက အလုပ်သမားတစ်ယောက် က လမ်းဘက်ကို မြေကြီးတွေနဲ့အတူ ကျွံထွက်လာတယ်။ ကျန်တစ်ယောက် ကတော့ မြေ ကြီးတွေ တစ်ကိုယ်လုံးပိနေပြီး ကယ်ပေးပါလို့ အော်တယ်။ သူ့မှာ ခေါင်းပဲပေါ်တော့တယ်။ လမ်းမှာ တရားပွဲလုပ်နေတော့ အဲဒီကမိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေ အော်ခေါ်ပြီးပြောရတယ်။ ဒါတောင် မိနစ် ၂ဝ ကျော်လို့ မီးသတ်ကား၊ အရေးပေါ်ကားလာမှ မြေကြီးပိနေတဲ့လူကို ဆယ်ထုတ်တယ်”ဟု ဖြစ်စဉ်ကိုမြင်တွေ့သည့် ၂၇ လမ်းနေ အမျိုးသမီးတစ်ဦးက ပြောပြသည်။

အဆိုပါ မြေကြီးကျွံကျမှုကြောင့် လမ်းပေါ်ရှိ ရခိုင်မုန့်တီဆိုင်နှင့် ကွမ်းယာဆိုင် တို့ကို မြေကြီးများပိသွားခဲ့ပြီး ဆိုင်ရှိလူများ ထိခိုက် ဒဏ်ရာမရရှိခဲ့ဘဲ ဆောက်လုပ်ရေးအလုပ်သမားနှစ်ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

“ပစောက်ပုံသဏ္ဌာန် တစ်ဖက်ပွင့် မြေကြီးထားတဲ့ သံကန်ပြိုကျတာပါ။ ဆောက်လုပ်ရေးကရိန်းကြောင့် ပြိုကျတာတော့ မဟုတ်ပါဘူး။ အခုကျွံကျတဲ့ကန်နဲ့ လမ်းဘေးမှာ ကာထားတဲ့နေရာနဲ့ကြားမှာ ပေ ၂ဝ ခြားပါသေးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ဆောက်လုပ်ရေး အလုပ်သမားနှစ်ဦးက အဲဒီနား လက်ဝင်ဆေးရင်း မြေကြီးပိသွားတာပါ။ တစ်ဦးကိုတော့ ဆေးရုံတင်ထားပါတယ်။ ဒါပေမဲ့ မစိုးရိမ်ရပါဘူး။ ကျန်တဲ့ထိခိုက်တာ ဘာမှမရှိပါဘူး။ အခုလမ်းပေါ်ကျတဲ့မြေကြီးတွေကို ပြန်သယ်နေပါပြီ”ဟု ပန်းဘဲတန်း မြို့နယ်ရဲစခန်းမှ ရဲအုပ်အဆင့် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ မြေပြိုကျမှုကြောင့် လမ်းပေါ် ဖြတ်သန်းသွားလာခွင့်ကို ယာယီတားမြစ်ထားပြီး မြေပြိုကျမှုဖြစ်ပွားခဲ့ သည့် အနီးဝန်းကျင်တွင် တရားပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment