Friday 21 November 2014

ကိုယ်အင်္ဂါအစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှုနှင့် မသမာသော နည်းလမ်းများဖြင့် ရယူခြင်းများမဖြစ်စေရေး ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာဥပဒေကို ပြန်လည်ရေးဆွဲနေ

ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမဝင်ရောင်း ဝယ်မှုနှင့် မသမာသော နည်းလမ်း များဖြင့် ရယူခြင်းများ မဖြစ်စေရန် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်း ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ရေး ဆွဲနေကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒေါက်တာဝင်း မောင်က ပြောသည်။

''သက်ရှိထင်ရှားရှိသူက ကိုယ် အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းသည် လူသားတို့၏ကိုယ်အင်္ဂါ အစိတ်အပိုင်း များ တရားမဝင် ရောင်းဝယ်မှုနှင့် မသမာနည်းများဖြင့် ရယူခြင်းမျိုးများ မဖြစ်စေရန်ရည်ရွယ်ကာ ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ လှူဒါန်းခြင်း ဥပဒေကို ပြန်လည်ရေးဆွဲလျက်ရှိပါ တယ်။ ထို့သို့ရေးဆွဲရာတွင် ကျန်း မာရေးဝန်ကြီးဌာနမှ ကျွမ်းကျင် ပညာရှင်များ၊ ဥပဒေဆိုင်ရာကျွမ်း ကျင်သူများနှင့် ဥပဒေဆိုင်ရာတာဝန် ရှိသူများနှင့်ဆွေးနွေးရေးဆွဲလျက်ရှိ ပါတယ်''ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့် က ပြောသည်။

နိုဝင်ဘာ ၂ဝရက်တွင် ကျင်းပ သည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်သန်းက ကိုယ်အင်္ဂါ လှူဒါန်းခြင်းဆိုင်ရာမေးမြန်းမှုနှင့် စပ်လျဉ်း၍ အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းဆိုင် ရာလှူဒါန်းခြင်းဥပဒေကို ပြန်လည် ရေးဆွဲမှုမှာ အားလုံးပြီးစီးပြီဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သဘော ထားမှတ်ချက်ရရှိပြီးဖြစ်ကာ ယင်း သဘောထားမှတ်ချက်အရ ပြုပြင် ပြင်ဆင်ပြီးပါက လွှတ်တော်သို့ တင် ပြသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဝင်းမြင့်က ဆိုသည်။

တခြားနိုင်ငံများတွင် ကျောက် ကပ်လှူဒါန်းရာတွင် ဆွေမျိုးမတော် စပ်သော်လည်း ကလာပ်စည်းအမျိုး အစားတူပါက လှူ၍ရသဖြင့် ကိုယ် အင်္ဂါအစိတ် အပိုင်းလှူဒါန်းခြင်းဆိုင် ရာ ဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းရန် အစီစဉ်ရှိမရှိနှင့် ကိုယ်အင်္ဂါအစိတ်အ ပိုင်း လှူဒါန်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ရေးသားနေ သည်မှာ မည် သည့်အဆင့်သို့ ရောက်ရှိနေကြောင်း တခြား နိုင်ငံများကဲ့သို့ကျောက်ကပ် လှူဒါန်းသူများရရှိနိုင်သည့် တစ်ရှူး တူသူ ဥပမာဝမ်းကွဲမောင်နှမများ ဦးလေး၊ အဒေါ်စသည်တို့ကို လှူဒါန်း ခွင့်ပြုရန် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာဥပဒေတွင် ထည့် သွင်းရန် အစီအစဉ်ရှိ မရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ အောင်သန်းက လွှတ်တော်တွင်း မေးမြန်းခဲ့သည်။

''ကိုယ်အင်္ဂါအစိတ်အပိုင်း လှူ ဒါန်းခြင်းဆိုင်ရာဥပဒေတွင် ကိုယ် အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်း ခွင့်ရရှိနိုင်ရေးနှင့် အမှန်တကယ် လှူဒါန်းလိုသူများ လှူဒါန်းခွင့်ရရှိရေး တို့ကို ထည့်သွင်းရေးဆွဲလျက်ရှိပါ တယ်။ စနစ်တကျဥပဒေနှင့်အညီ လှူဒါန်းနိုင်ရေးအတွက် ဥပဒေတွင် ထည့်သွင်းရေးဆွဲထားပါတယ်''ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာဝင်းမြင့်က လွှတ် တော်အတွင်းပြန်လည်ဖြေကြားခဲ့ သည်။

မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းလှူဒါန်းရာတွင် လှူဒါန်း သူသည် သက်ရှိထင်ရှားဖြစ်ပါက လက်ခံသူနှင့် မိဘညီအစ်ကိုမောင်နှမ အရင်းအချာဖြစ်မှသာ လှူဒါန်းခွင့် ရှိပြီး နောက်တစ်နည်းမှာ လှူဒါန်းသူ ကိုယ်တိုင်မသေဆုံးမီ ယင်း၏ကိုယ် အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်း ကြောင်းအဆိုပြုထားမှသာ လက်ခံ နိုင်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းတရားမဝင် ရောင်းဝယ် မှုနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မသမာသည့်နည်းများဖြင့် ရယူကာ ရောင်းဝယ်ခြင်း၊ ကုသခြင်း၊ ဈေးကွက်များ ကျယ်ပြန့်စွာဖြစ်ပေါ် နေကြောင်း ပြည်ပမီဒီယာများ၏ဖော်ပြချက်များ အရ သိရသည်။

မြန်မာနိုင်ငံရှိ ငွေကြေးကြွယ်ဝ သူကျောက်ကပ်ရောဂါရှင်အချို့သည် လည်း ပြည်ပနိုင်ငံများသို့သွားရောက် ကာ ကျောက်ကပ်အစားထိုးကုသ ခြင်းများ ပြုလုပ်ကြကြောင်း ပြည် တွင်းဆရာဝန်အသိုင်းအဝိုင်းမှ သိရ သည်။

Yangon Media Group

No comments:

Post a Comment