Friday 21 November 2014

သီရိလင်္ကာ သမ္မတ တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တရားရုံးဆုံးဖြတ်

Photo: သီရိလင်္ကာ သမ္မတ တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တရားရုံးဆုံးဖြတ်
Friday, November 21, 2014

သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပက်ဆေသည် တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တောင်းဆိုခဲ့မှုအပေါ် တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့် ဇန်န၀ါရီလတွင် ကျင်းပဖွယ်ရှိ သည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အတိုက်အခံများက သမ္မတ၏ တောင်းဆိုချက်အပေါ် ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတရာထူးကို ယခင်က နှစ်ကြိမ်သာ ထမ်းဆောင် ရန် ခွင့်ပြုထားကြောင်း အတိုက်အခံများက ထောက်ပြခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း က တရားလွှတ်တော်ချုပ်က အဆိုပါ ကန့်ကွက်ချက်ကို ပယ်ချသွားခဲ့ခြင်းကြောင့် ရာဇပက်ဆေအနေဖြင့် သမ္မတ ရာထူးအတွက် ထပ်မံရွေးကောက်ခံရန် လုပ်ဆောင်သွားတော့မည်ဟု မျှော်လင့်ရသည်။

“သမ္မတက အခု သူ့ရဲ့ ဒုတိယ လေးနှစ်သက်တမ်း ပြည့်မြောက်ပြီးတဲ့နောက် ရွေးကောက်ပွဲတွေ ကျင်းပပြီး ထပ်အရွေးခံဖို့အတွက် သူ့ဆီမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ရာဂျာပက်စီ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟန် စာမာရန်နာယေ့ကီ က အေအက်ဖ်ပီ သို့ပြောသည်။
သို့ရာတွင် ထိုကဲ့သို့ ရွေးကောက်ပွဲများကျင်းပရန်အတွက် သမ္မတက မည်သည့်အချိန်တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင်းကို ၎င်းက
ပြောကြားခဲ့ခြင်းမရှိသော်လည်း အစိုးရ သတင်းအရင်းအမြစ်များအရ သမ္မတက ၂၄ နာရီအတွင်း ကြေငြာနိုင်သည်ဟု သိရသည်။ လက်ရှိအချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ ကြေငြာချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း နိုင်ငံအနှံ့အပြားရှိ နေရာများတွင် ရာဂျာပက်စီ၏ ရုပ်ပုံကားချပ်များကို တွေ့မြင်ရလျက်ရှိသည်။

ရွေးကောက်ပွဲများကို လာမည့် ဇန်န၀ါရီ ၇ ရက် နှင့် ၈ ရက်နေ့များ၌ ကျင်းပနိုင်သည်ဟု ပြန်ကြားရေး ၀န်ကြီး ကာဟီယာ ရမ်ဘူဝယ်လာ က မကြာသေးမီက ပြောကြားထားခဲ့သည်။

သို့ရာတွင် ရာဂျာပက်စီ၏ အဓိက မဟာမိတ်ပါတီဖြစ်သော အမျိုးသား အမွေအနှစ်ပါတီ၏ ဗုဒ္ဒဘာသာဝင် ဘုန်းတော်ကြီးများသည် ယခုကဲ့သို့ ၎င်းအာဏာကို ဆက်လက်စွဲကိုင်ထားရန် လုပ်ဆောင်နေခြင်းများကို ကန့်ကွက်သည့်အနေဖြင့် ၎င်း၏ အစိုးရနှင့် လမ်းခွဲသွားခဲ့သည်။

လက်ရှိအချိန်တွင် ရာဂျာပက်စီသည် ၎င်း၏ ပါတီအပေါ် လူထုထောက်ခံမှုများ ထပ်မံကျဆင်းမသွားမီအချိန်တွင် အာဏာကို ထပ်မံ ရယူသွားလိုနေသည်ဟု အစိုးရသတင်းအရင်းအမြစ်များက ပြောကြားခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလက ပြည်တွင်း ဆန္ဒခံယူပွဲများတွင် ၎င်း၏ ညီညွတ်သော ပြည်သူ လွတ်မြောက်ရေး ပါတီ၏ရရှိသည့် ဆန္ဒမဲအရေအတွက် ကျဆင်းခဲ့သည်။

ရာဂျာပက်စီသည် ၂၀၀၅ ခုနှစ်က နိုင်ငံကို ပါလီမန် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး
သမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။ သို့ရာတွင် ၎င်းသည် ၂၀၁၀ ခုနှစ်၌ ဒုတိယသက်တမ်းကို ထပ်မံရယူခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ရေးသားခဲ့ကာ ယင်းတွင် သမ္မတရာထူး နှစ်နှစ်သက်တမ်းအဖြစ် ကန့်သတ်ထားမှုကို ဖယ်ရှားခဲ့သည်။

Mizzima - News in Burmese
သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပက်ဆေသည် တတိယအကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် တောင်းဆိုခဲ့မှု အပေါ် တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့် ဇန်န၀ါရီလတွင် ကျင်းပဖွယ်ရှိ သည့် ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။အတိုက်အခံများက သမ္မတ၏ တောင်းဆိုချက်အပေါ် ကန့်ကွက်ခဲ့သော်လည်း တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတရာထူးကို ယခင်က နှစ်ကြိမ်သာ ထမ်းဆောင် ရန် ခွင့်ပြုထားကြောင်း အတိုက်အခံများက ထောက်ပြခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း က တရားလွှတ်တော်ချုပ်က အဆိုပါ ကန့်ကွက်ချက်ကို ပယ်ချသွားခဲ့ခြင်းကြောင့် ရာဇပက်ဆေအနေဖြင့် သမ္မတ ရာထူးအတွက် ထပ်မံရွေးကောက်ခံရန် လုပ်ဆောင်သွားတော့မည်ဟု မျှော်လင့်ရသည်။

“သမ္မတက အခု သူ့ရဲ့ ဒုတိယ လေးနှစ်သက်တမ်း ပြည့်မြောက်ပြီးတဲ့နောက် ရွေးကောက်ပွဲတွေ ကျင်းပပြီး ထပ်အရွေးခံဖို့အတွက် သူ့ဆီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ရာဂျာပက်စီ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟန် စာမာရန်နာယေ့ကီ က အေအက်ဖ်ပီ သို့ပြောသည်။ သို့ရာတွင် ထိုကဲ့သို့ ရွေးကောက်ပွဲများကျင်းပရန်အတွက် သမ္မတက မည်သည့်အချိန်တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင်းကို ၎င်းက ပြောကြားခဲ့ခြင်းမရှိသော်လည်း အစိုးရ သတင်းအရင်းအမြစ်များအရ သမ္မတက ၂၄ နာရီအတွင်း ကြေငြာနိုင်သည်ဟု သိရသည်။ လက်ရှိအချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ ကြေငြာချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း နိုင်ငံအနှံ့အပြားရှိ နေရာများတွင် ရာဂျာပက်စီ၏ ရုပ်ပုံကားချပ်များကို တွေ့မြင်ရလျက်ရှိသည်။

ရွေးကောက်ပွဲများကို လာမည့် ဇန်န၀ါရီ ၇ ရက် နှင့် ၈ ရက်နေ့များ၌ ကျင်းပနိုင်သည်ဟု ပြန်ကြားရေး ၀န်ကြီး ကာဟီယာ ရမ်ဘူဝယ်လာ က မကြာသေးမီက ပြောကြားထားခဲ့သည်။

သို့ရာတွင် ရာဂျာပက်စီ၏ အဓိက မဟာမိတ်ပါတီဖြစ်သော အမျိုးသား အမွေအနှစ်ပါတီ၏ ဗုဒ္ဒဘာသာဝင် ဘုန်းတော်ကြီးများသည် ယခုကဲ့သို့ ၎င်းအာဏာကို ဆက်လက်စွဲကိုင်ထားရန် လုပ်ဆောင်နေခြင်းများကို ကန့်ကွက်သည့်အနေဖြင့် ၎င်း၏ အစိုးရနှင့် လမ်းခွဲသွားခဲ့သည်။

လက်ရှိအချိန်တွင် ရာဂျာပက်စီသည် ၎င်း၏ ပါတီအပေါ် လူထုထောက်ခံမှုများ ထပ်မံကျဆင်းမသွားမီ အချိန်တွင် အာဏာကို ထပ်မံ ရယူသွားလိုနေသည်ဟု အစိုးရသတင်းအရင်းအမြစ်များက ပြောကြားခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလက ပြည်တွင်း ဆန္ဒခံယူပွဲများတွင် ၎င်း၏ ညီညွတ်သော ပြည်သူ လွတ်မြောက် ရေး ပါတီ၏ရရှိသည့် ဆန္ဒမဲအရေအတွက် ကျဆင်းခဲ့သည်။

ရာဂျာပက်စီသည် ၂၀၀၅ ခုနှစ်က နိုင်ငံကို ပါလီမန် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ လုပ်ဆောင် သွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး သမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။ သို့ရာတွင် ၎င်းသည် ၂၀၁၀ ခုနှစ်၌ ဒုတိယသက်တမ်းကို ထပ်မံရယူခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ရေးသားခဲ့ကာ ယင်းတွင် သမ္မတရာထူး နှစ်နှစ်သက်တမ်းအဖြစ် ကန့်သတ်ထားမှုကို ဖယ်ရှားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment