Friday 21 November 2014

မိန်းလမ်းမကြီးများပေါ်တွင် မည်သည့် ယာဉ်မျှမရပ်ရန် စီစဉ်ဆောင်ရွက်သွားမည်

Photo: မိန်းလမ်းမကြီးများပေါ်တွင် မည်သည့် ယာဉ်မျှမရပ်ရန် စီစဉ်ဆောင်ရွက်သွားမည်
Friday, November 21, 2014 

ယာဉ်အသုံးပြုမှု များပြားချိန်တွင်မြို့တွင်း မိန်းလမ်းမကြီးများပေါ်၌ မည်သည့်ယာဉ်မျှမရပ်ရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ကျောင်းတက်ကျောင်းဆင်း၊ ရုံးတက် ရုံးဆင်းအချိန်များတွင် မြို့တွင်းယာဉ်အသုံးပြုမှုများပြီး ယာဉ်ကြောပိတ် ဆို့မှုများ မကြာခဏဖြစ်ပွားသောကြောင့် ၎င်းအချိန် အတောအတွင်း မိန်းလမ်းမကြီးများပေါ်တွင် မည်သည့် ယာဉ်မျှရပ်နားခြင်း မပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်

“နှစ်နာရီလောက် လမ်းပေါ်မှာ ရပ်ထားတဲ့ကားတွေကို ရှင်းထုတ်နိုင်ရင် Traffic က သက်သာသွားမယ်။ ယာဉ်အသုံးများချိန်တွေမှာ ကားတွေ လမ်းမကြီးပေါ်မှာ မရပ်ဖို့ ယာဉ်ထိန်းတွေက တတ်နိုင်သလောက် ဆောင်ရွက်ပေးကြပါ” ဟု ဝန်ကြီးက ပြောသည်။

ဇူလိုင်လမှစတင်၍ မြို့တွင်းလမ်းမကြီးများပေါ်တွင် နံနက် ၇ နာရီမှ ၉ နာရီနှင့် ညနေ ၄ နာရီမှ ၆ နာရီ အတွင်း ကုန်တင်ယာဉ်များ ရပ်နားခြင်းမပြုရန် မန်းစည်ပင်ကော်မတီက သတ်မှတ်ထားသည်။

အဆိုပါအချိန်အတွင်း ရပ်နားသည့်ယာဉ်များကို မန်းစည်ပင်ကော်မတီ အခွန်ဌာနက ယာဉ်သယ်ကရိန်းယာဉ်ဖြင့် ဆွဲယူပြီး ဒဏ်ရိုက် အရေးယူခြင်းများ ပြုလုပ်ကြောင်း အခွန်ဌာနမှ ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။

သတ်မှတ်နေရာများတွင် ကုန်တင်ယာဉ်များသာမက ပုဂ္ဂလိကယာဉ်များပါ ရပ်နားခြင်းမပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်ထိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များက ပူးပေါင်းဆောင်ရွက်ရန် ၀န်ကြီးက ညွှန်ကြားထားသည်။

မန္တလေးခရိုင်တွင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအထိ မော်တော်ယာဉ်အစီးရေ ၈၈,၀၀၀ ကျော်နှင့် မော်တော်ဆိုင်ကယ် အစီးရေ ၆၆၀,၀၀၀ ကျော်မှတ် ပုံတင်ထား ကြောင်းဆိုသည်။

Mizzima - News in Burmese 

မန္တလေးမြို့၊ မိန်းလမ်းမဘေးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - မြတ်မင်း၊ မဇ္ဈိမ)

မန္တလေးမြို့၊ မိန်းလမ်းမဘေးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ်

ယာဉ်အသုံးပြုမှု များပြားချိန်တွင်မြို့တွင်း မိန်းလမ်းမကြီးများပေါ်၌ မည်သည့်ယာဉ်မျှမရပ်ရန် စီစဉ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း က ပြောသည်။

ကျောင်းတက်ကျောင်းဆင်း၊ ရုံးတက် ရုံးဆင်းအချိန်များတွင် မြို့တွင်းယာဉ်အသုံးပြုမှုများပြီး ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပွားသောကြောင့် ၎င်းအချိန် အတောအတွင်း မိန်းလမ်းမကြီးများပေါ်တွင် မည်သည့် ယာဉ်မျှရပ်နားခြင်း မပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်

“နှစ်နာရီလောက် လမ်းပေါ်မှာ ရပ်ထားတဲ့ကားတွေကို ရှင်းထုတ်နိုင်ရင် Traffic က သက်သာသွားမယ်။ ယာဉ် အသုံးများချိန်တွေမှာ ကားတွေ လမ်းမကြီးပေါ်မှာ မရပ်ဖို့ ယာဉ်ထိန်းတွေက တတ်နိုင်သလောက် ဆောင်ရွက်ပေးကြပါ” ဟု ဝန်ကြီးက ပြောသည်။

ဇူလိုင်လမှစတင်၍ မြို့တွင်းလမ်းမကြီးများပေါ်တွင် နံနက် ၇ နာရီမှ ၉ နာရီနှင့် ညနေ ၄ နာရီမှ ၆ နာရီ အတွင်း ကုန်တင်ယာဉ်များ ရပ်နားခြင်းမပြုရန် မန်းစည်ပင်ကော်မတီက သတ်မှတ်ထားသည်။

အဆိုပါအချိန်အတွင်း ရပ်နားသည့်ယာဉ်များကို မန်းစည်ပင်ကော်မတီ အခွန်ဌာနက ယာဉ်သယ် ကရိန်း ယာဉ်ဖြင့် ဆွဲယူပြီး ဒဏ်ရိုက် အရေးယူခြင်းများ ပြုလုပ်ကြောင်း အခွန်ဌာနမှ ဌာနခွဲမှူး ဦးမောင်မောင်မြင့် က ပြောသည်။

သတ်မှတ်နေရာများတွင် ကုန်တင်ယာဉ်များသာမက ပုဂ္ဂလိကယာဉ်များပါ ရပ်နားခြင်းမပြုရန် ဆောင်ရွက် မည်ဖြစ်ပြီး ယာဉ်ထိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များက ပူးပေါင်းဆောင်ရွက်ရန် ၀န်ကြီးက ညွှန်ကြား ထားသည်။

မန္တလေးခရိုင်တွင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအထိ မော်တော်ယာဉ်အစီးရေ ၈၈,၀၀၀ ကျော်နှင့် မော်တော်ဆိုင်ကယ် အစီးရေ ၆၆၀,၀၀၀ ကျော်မှတ် ပုံတင်ထား ကြောင်းဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment