Friday 21 November 2014

ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်ကို မယုံကြည်နိုင်၍တောတွင်း၌ ၂၉ နှစ်ကြာ ပုန်းအောင်းနေခဲ့သည့် ဂျပန်စစ်သည်

Photo: ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်ကို မယုံကြည်နိုင်၍တောတွင်း၌ ၂၉ နှစ်ကြာ ပုန်းအောင်းနေခဲ့သည့် ဂျပန်စစ်သည်
Friday, November 21, 2014

ဂျပန်စစ်သားတစ်ဦးဖြစ်သည့် ဟီရိုအိုနိုဒါသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီ ဟူသောအချက်ကို မယုံကြည်နိုင်၍ ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းရှိ တောနက် ကြီးအတွင်း ၂၉ နှစ်ကြာ ပုန်းအောင်း နေထိုင်ခဲ့သူဖြစ်သည်။
ဟီရိုအိုနိုဒါသည် ၁၉၇၄ ခုနှစ်အတွင်း သူ၏ ၅၂ နှစ်ပြည့် မွေးနေ့ရောက်မှသာ ဖိလစ်ပိုင်သမ္မတ မားကို့စ်ထံတွင် သူ၏ ဆာမူရိုင်းဓားကိုအပ်ကာ လက်နက်ချခဲ့ ခြင်းဖြစ်သည်။

လက်နက်ချရာတွင်လည်း သူ၏ အကြီးအကဲဟောင်းကိုယ်တိုင် ဂျပန်မှလိုက်လာ ၍ အမိန့်ပေးမှသာ လက်နက်ချခဲ့သူဖြစ်သည်။ အဆိုပါ အကြီးအကဲသည် ဟီရိုအိုနိုဒါအား အမေရိကန် တပ်ဖွဲ့ဝင်များကို ထောက်လှမ်းရန် အတွက် နောက်ချန် နေခဲ့ရမည်ဟူ၍ အမိန့်ပေးခဲ့သည်ဟု ဆိုသည်။
ယင်းကြောင့် ဟီရိုအိုနိုဒါသည် ဒုတိယကမ္ဘာစစ်တွင် နောက်ဆုံးမှ လက်နက်ချခဲ့သည့် ဂျပန်စစ်သားဖြစ်လာခဲ့သည်။
သူ၏ ခိုင်မာသည့် စိတ်ဓာတ်ကြောင့် ဂျပန်တွင် သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူ၏ အကြောင်း စာအုပ်များ ရေးသားထုတ်ဝေကာ၊ ရုပ်ရှင်များ ရိုက်ကူးခဲ့ကြသည်။

ယခုအခါ မစ္စတာဟီရိုအိုနိုဒါသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

Ref:Wikipedia
စည်သူကျော်စွာ
(ပုံတွင် စာမူရိုင်းဓားကိုအပ်၍ လက်နက်ချပြီးနောက် အလေးပြုနေသော ဟီရိုအိုနိုဒါအား တွေ့မြင်ရသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဂျပန်စစ်သားတစ်ဦးဖြစ်သည့် ဟီရိုအိုနိုဒါသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီ ဟူသောအချက်ကို မယုံကြည် နိုင်၍ ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းရှိ တောနက် ကြီးအတွင်း ၂၉ နှစ်ကြာ ပုန်းအောင်း နေထိုင်ခဲ့သူဖြစ်သည်။
ဟီရိုအိုနိုဒါသည် ၁၉၇၄ ခုနှစ်အတွင်း သူ၏ ၅၂ နှစ်ပြည့် မွေးနေ့ရောက်မှသာ ဖိလစ်ပိုင်သမ္မတ မားကို့စ် ထံတွင် သူ၏ ဆာမူရိုင်းဓားကိုအပ်ကာ လက်နက်ချခဲ့ ခြင်းဖြစ်သည်။
လက်နက်ချရာတွင်လည်း သူ၏ အကြီးအကဲဟောင်းကိုယ်တိုင် ဂျပန်မှလိုက်လာ ၍ အမိန့်ပေးမှသာ လက်နက် ချခဲ့သူဖြစ်သည်။ အဆိုပါ အကြီးအကဲသည် ဟီရိုအိုနိုဒါအား အမေရိကန် တပ်ဖွဲ့ဝင်များကို ထောက် လှမ်းရန် အတွက် နောက်ချန် နေခဲ့ရမည်ဟူ၍ အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းကြောင့် ဟီရိုအိုနိုဒါသည် ဒုတိယကမ္ဘာစစ်တွင် နောက်ဆုံးမှ လက်နက်ချခဲ့သည့် ဂျပန်စစ်သားဖြစ်လာ ခဲ့သည်။ သူ၏ ခိုင်မာသည့် စိတ်ဓာတ်ကြောင့် ဂျပန်တွင် သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူ၏ အကြောင်း စာအုပ်များ ရေးသားထုတ်ဝေကာ၊ ရုပ်ရှင်များ ရိုက်ကူးခဲ့ကြသည်။

ယခုအခါ မစ္စတာဟီရိုအိုနိုဒါသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

Ref:Wikipedia
စည်သူကျော်စွာ
(ပုံတွင် စာမူရိုင်းဓားကိုအပ်၍ လက်နက်ချပြီးနောက် အလေးပြုနေသော ဟီရိုအိုနိုဒါအား တွေ့မြင်ရသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment