Friday 21 November 2014

ဆရာထင်လင်းဦး ကိစ္စ မန်းပါတီများမှ ကြေညာချက် ထုတ်ပြန်တောင်းဆိုမည်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ အနိမ့်ရွာတွင် ဟောပြောခဲ့သည့် ဆရာထင်လင်းဦး၏ ပြောဆို ဟောပြော ချက်များသည် ဘာသာသာသနာကို စော်ကားသည့်ဟောပြော ချက်များပါဝင်နေသဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်းများက အရေးယူပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ဒီမိုက ရက်တစ်ပါတီ (မြန်မာ)၊ ပြည်သူ့ ဒီမိုကရေစီပါတီ၊ အမျိုးသားမဟာမိတ်များ နိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ၈၈ မျိုး ဆက်သစ်ပါတီ၊ ဖက်ဒရယ်ယူနီယံပါတီတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အဆိုပါကော်မတီက ကြေညာချက်ထုတ်ပြန်နိုင်ရန် နိုဝင်ဘာ ၁၉ ရက်တွင် ကနဦးဆုံးဖြတ်ချက်များကိုချမှတ်ခဲ့သည်ဟုဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတိုင်းရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် စာပေဟောပြောပွဲ ဖြစ်မြောက်အောင် စီစဉ်သူ၊ ဟောပြောသူ ဆရာထင်လင်းဦးနှင့် လက်ခုပ်သြဘာပေးသည့်သူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက အရေးယူပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဦးကျော်ကျော်က ပြောသည်။

“အဓိကတော့ ဘာသာသာသနာနဲ့ ပတ်သက်တယ်။ ဆရာထင်လင်းဦးရဲ့ ဟောပြောချက်တွေက ဘာသာ သာသနာကို စော်ကားတဲ့ ပုံစံဖြစ်နေတယ်။ “ဘာသာသာသနာကို စော်ကားတဲ့ အပြောအဆိုတွေ၊ အသုံး အနှုန်းတွေ ပါနေတဲ့အတွက် ဒီလိုဆုံးဖြတ်ချက် ချပြီး ကြေညာချက် ထုတ်ဖို့စီစဉ် ရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment