Monday 8 September 2014

ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ပါလက်စတိုင်းကစားသမား ဂိုးအများဆုံးသွင်းယူ

ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလားပြိုင်ပွဲ (PFF Peace Cup 2014) တွင် ပါလက်စတိုင်းအသင်းကစားသမား အာမက်မေဟာက သွင်းဂိုးငါးဂိုးဖြင့် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည်။
အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာ၊ ပါလက်စတိုင်း၊ တရုတ်တိုင်ပေစ သည့်ပြိုင်ပွဲဝင်အသင်းလေးသင်းပါဝင် ယှဉ်ပြိုင်ခဲ့ သည့် အဆိုပါပြိုင်ပွဲကို မနီလာမြို့တွင် စက်တင်ဘာ၃  ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ ကျင်းပ သည့် စနစ်အရ အကြိုဗိုလ်လုပွဲအဆင့်မှ စတင် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

ပါလက်စတိုင်းအသင်းမှ အသက် ၂၂ နှစ်အရွယ်ရှိ ကွင်း လယ်ကစားသမား အာမက်မေ ဟာ သည် မြန်မာအသင်းနှင့်ယှဉ် ပြိုင်ခဲ့သည့် အကြိုဗိုလ်လုပွဲစဉ် တွင် သွင်းဂိုးတစ်ဂိုးနှင့် တရုတ် တိုင်ပေ အသင်းနှင့် ယှဉ်ပြိုင်ခဲ့ သည့် တတိယနေရာလုပွဲတွင် သွင်းဂိုးလေးဂိုးသွင်းယူကာ စုစု ပေါင်းသွင်းဂိုး ငါးဂိုးဖြင့် ယခုပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဘောလုံး သမားအဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ် သည်။

အေအက်ဖ်စီချဲလင့်ဖလား ပြိုင်ပွဲ ချန်ပီယံပါလက်စတိုင်းအ သင်းသည် ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလားပြိုင်ပွဲ တွင် မြန်မာအသင်း ကို ၁-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲတွင် တရုတ် တိုင်ပေအသင်းကို အချိန်ပိုတွင် ၇-၃ ဂိုးဖြင့် အနိုင်ယူကာ တတိယနေရာတွင် ရပ်တည်ခဲ့သည်။

ပါလက်စတိုင်းအသင်းသည် တရုတ်တိုင်ပေနှင့် ပွဲတွင် ပွဲချိန်မိနစ် ၉၀ အတွင်း ၃-၃ ဂိုးစီ သရေကျခဲ့ပြီး အချိန်ပို ဒုတိယပိုင်းတွင် ရှစ်မိနစ်အတွင်း အနိုင်ဂိုးလေးဂိုး ဆက်တိုက်သွင်းယူကာ အနိုင်ရရှိ ခဲ့ခြင်း ဖြစ် သည်။ အဆိုပါအချိန် ပိုအနိုင်ဂိုးလေးဂိုးကို အာမက်မေဟာတစ်ဦးတည်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်း ရေးဖလားပြိုင်ပွဲဗိုလ်လုပွဲစဉ်တွင်မြန်မာအသင်းက အိမ်ရှင်ဖိလစ် ပိုင်အသင်းကို  ၃-၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ချန်ပီယံဖြစ်ခဲ့ သည့် မြန်မာအသင်းမှ ကွင်းလယ်ကစား သမား ကျော်ဇေယျာဝင်း သည် ယခုပြိုင်ပွဲတွင် သွင်းဂိုးနှစ် ဂိုးဖြင့် ဖိလစ်ပိုင်နှင့် တရုတ်တိုင် ပေအသင်းမှ ကစား သမားနှစ်ဦး နှင့်အတူ ဂိုးသွင်းအများဆုံးစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့ သည်။

7Day DAILY

No comments:

Post a Comment