Monday 8 September 2014

အင်္ဂလန်အသင်း သင်ယူစရာ ကြီးကြီးမားမားမရှိဟု ဟော့ဆန်ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲမှ အလဲလဲအပြိုပြို  ထွက်ခွာခဲ့ရ သော်လည်း အင်္ဂလန်အသင်း အား အောက်ခြေ သိမ်းပြောင်း လဲ မှုများ  လုပ်ဆောင်ရ မည်ဆိုခြင်းကို ရွိုင်ဟော့ဆန် က ပယ်ချလိုက်သည်။
အင်္ဂလန်ကစားပုံနှင့် ဟော့ဆန်အတွက် ထူးချွန်သော ကစားသမားများရရှိနိုင်မှု နှင့် ပတ်သက်၍လည်း ဝေ ဖန်မှုများရှိခဲ့သည်။ သို့သော်ဖြုတ်၊ ထုတ်၊ သတ်လုပ် ရန်မလိုဟု လီဗာပူး နည်းပြဟောင်းကပြောသည်။

၂၀၁၆ ယူရိုခြေစစ်ပွဲကို ဆွစ်ဇာလန်နှင့် ကစားရန် ပြင်ဆင် နေစဉ် ဘီဘီစီ Radio Five Live အင်္ဂလန် တွင် ပြောကြားရာ၌ သဘာဝအတိုင်းဖြစ်ပေါ်တိုးတက် မှုမှာ အင်္ဂလန်အသင်းလမ်း ကြောင်း မှန်ပေါ် ပြန်ရောက် ရန် လုံလောက်သည် ဟု ဟော့ဆန် က ပြောကြားသည်။

ဘရာဇီးကမ္ဘာ့ဖလားတွင် စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်ကြောင့် အင်္ဂလန် သင်ခန်းစာရခဲ့ပါ သလား ဟု မေးမြန်းရာ၌ ဟော့ဆန် က ‘‘မရှိပါဘူး။ ကျွန်တော်တို့ ဦး နှောက်ပေါက်မတတ်စဉ်းစားကြတယ်။ သင်ခန်းစာတွေ အများ ကြီးရတယ်လို့ ပြောလိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေက သေးသေး မွှားမွှားတွေပါ’’ဟု အင်္ဂလန်နည်းပြ   ဟော့ဆန်က ပြောသည်။

Ref:Goal
7Day DAILY

No comments:

Post a Comment