Monday 8 September 2014

တစ်နိုင်ငံလုံး လူဦးရေစာရင်းနှင့် မဲပေးခွင့်ရှိသူဦးရေ ဆက်စပ်မှုမရှိဟုဆို

Photo: တစ်နိုင်ငံလုံး လူဦးရေစာရင်းနှင့် မဲပေးခွင့်ရှိသူဦးရေ ဆက်စပ်မှုမရှိဟုဆို
Monday, September 8, 2014

တစ်နိုင်ငံလုံး လူဦးရေ စာရင်းနှင့် ရွေးကောက်ပွဲတွင် မဲ ပေးပိုင်ခွင့်ရှိသူဦးရေသည် ဆက် စပ်မှုမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ၀င်ဦးဝင်းကြည် က ပြောကြား လိုက်သည်။

‘‘၂၀၁၀ တုန်းက မဲဆန္ဒရှင် ၂၉ သန်းဆိုတာ ဟုတ်သလား။ အရင်လူဦးရေ ခန့်မှန်း တုန်းက သန်း ၆၀ မှာ ကိုးသန်းပိုနေသလိုပဲ။ ပိုတဲ့ကိုးသန်းက ကြိုတင်မဲတွေ ဖြစ် သလားလို့ ပြောတာတွေ ရှိပါတယ်။ ဒါတွေက လုံးဝမဟုတ်ပါဘူး’’ ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးဝင်းကြည်က ပြောသည်။

သန်းခေါင်စာရင်းကောက် ယူမှုသည် နေရာတစ်နေရာတွင် ရှိနေသည့် လူဦးရေစာရင်းကိုသာ ကောက်ယူခြင်းဖြစ်ပြီး အဆိုပါ မြို့နယ်၌ အမြဲနေထိုင်မှု အိမ် ထောင်စုစာရင်း ရှိ၊ မရှိတို့နှင့် မသက်ဆိုင်ဘဲ မဲဆန္ဒရှင်စာရင်း သည် အိမ်ထောင်စုစာရင်းရှိသူ မဲပေးပိုင်ခွင့်ရှိသူများကိုသာ အခြေခံ၍ ပြုစုခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်က ဗဟို သန်းခေါင်စာရင်းကော်မရှင်က ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့ သည်။ လူဦးရေစာရင်းသည် ယခင်ခန့်မှန်းအသုံးပြုခဲ့သော လူ ဦးရေထက် ကိုးသန်းခန့်ကွာဟ နေသည်။

ယခင်လူဦးရေ သန်း ၆၀ ဟု ဆိုထားသဖြင့် ကိုးသန်း ဘယ် ရောက်သွားသလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပသည့် ၂၀၀၈ ခုနှစ်က လူဦးရေ ၅၇ သန်း ရှိသည်ဟု ဆိုသဖြင့် ခြောက်သန်း ဘယ်ရောက်သွားသလဲ မေးခွန်း များနှင့် ဝေဖန်မှုများသည် လူမှု ကွန်ရက်စာမျက်နှာများနှင့် မီဒီ ယာများတွင် ကျယ်ပြန့်စွာ ထွက် ပေါ်လာခဲ့သည်။

၂၀၁၅ မေလတွင် အသက် အရွယ်အပိုင်းအခြားနှင့် အသေး စိတ်အချက်အလက် များ ပါဝင် သည့် လူဦးရေစာရင်းကို သန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်မည့် အချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်းနှင့် တစ်နိုင်ငံလုံးခြုံကြည့် ပါက အနီးစပ်ဆုံးတူညီမည်ဖြစ်ပြီး ၉၅ ရာခိုင်နှုန်းခန့် တူညီပင်လျှင် လုပ်ငန်းအောင်မြင်သည်ဟု ဆိုနိုင်ကြောင်းဦးဝင်းကြည်က ပြောသည်။

၂၀၁၅ နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီး ဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းကို လူထုအခြေပြုအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း ၍ပြုစုနေခြင်း ဖြစ်သော်လည်း ရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးနိုင် ရန်မှာမူ ရွေးကောက်ပွဲစနစ် ပြောင်းလဲမည့် ဆုံးဖြတ်ချိန်ပေါ်တွင် မူတည် သည်ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

‘‘အချိန်က သိပ်ကပ်နေပြီ။ ကော်မရှင်ကလည်း မလုပ်လို့မရဘူး။ ဒါကြောင့် အချိန်ရလို့ရှိရင်တော့ ပိုပြီး စနစ်တကျ ကျင်းပပေးနိုင်မှာ ပါ’’ ဟု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ဆိုသည်။

7Day DAILY 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
တစ်နိုင်ငံလုံး လူဦးရေ စာရင်းနှင့် ရွေးကောက်ပွဲတွင် မဲ ပေးပိုင်ခွင့်ရှိသူဦးရေသည် ဆက် စပ်မှုမရှိကြော င်း ပြည်ထော င်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ၀င်ဦးဝင်းကြည် က ပြောကြား လိုက်သည်။
‘‘၂၀၁၀ တုန်းက မဲဆန္ဒရှင် ၂၉ သန်းဆိုတာ ဟုတ်သလား။ အရင်လူဦးရေ ခန့်မှန်း တုန်းက သန်း ၆၀ မှာ ကိုးသန်းပိုနေသလိုပဲ။ ပိုတဲ့ကိုးသန်းက ကြိုတင်မဲတွေ ဖြစ် သလားလို့ ပြောတာတွေ ရှိပါတယ်။ ဒါတွေက လုံးဝမဟုတ်ပါဘူး’’ ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးဝင်းကြည်က ပြောသည်။

သန်းခေါင်စာရင်းကောက် ယူမှုသည် နေရာတစ်နေရာတွင် ရှိနေသည့် လူဦးရေစာရင်းကိုသာ ကောက် ယူခြင်းဖြစ်ပြီး အဆိုပါ မြို့နယ်၌ အမြဲနေထိုင်မှု အိမ် ထောင်စုစာရင်း ရှိ၊ မရှိတို့နှင့် မသက်ဆိုင်ဘဲ မဲဆန္ဒရှင်စာရင်း သည် အိမ်ထောင်စုစာရင်းရှိသူ မဲပေးပိုင်ခွင့်ရှိသူများကိုသာ အခြေခံ၍ ပြုစုခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်က ဗဟို သန်းခေါင်စာရင်းကော်မရှင်က ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့ သည်။ လူဦးရေစာရင်းသည် ယခင်ခန့်မှန်းအသုံးပြုခဲ့သော လူ ဦးရေထက် ကိုးသန်းခန့်ကွာဟ နေသည်။

ယခင်လူဦးရေ သန်း ၆၀ ဟု ဆိုထားသဖြင့် ကိုးသန်း ဘယ် ရောက်သွားသလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပသည့် ၂၀၀၈ ခုနှစ်က လူဦးရေ ၅၇ သန်း ရှိသည်ဟု ဆိုသဖြင့် ခြောက်သန်း ဘယ်ရောက် သွားသလဲ မေးခွန်း များနှင့် ဝေဖန်မှုများသည် လူမှု ကွန်ရက်စာမျက်နှာများနှင့် မီဒီ ယာများတွင် ကျယ်ပြန့်စွာ ထွက် ပေါ်လာခဲ့သည်။

၂၀၁၅ မေလတွင် အသက် အရွယ်အပိုင်းအခြားနှင့် အသေးစိတ်အချက်အလက်များပါဝင်သည့် လူဦးရေ စာရင်းကို သန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်မည့် အချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင် စာရင်းနှင့် တစ်နိုင်ငံလုံးခြုံကြည့် ပါက အနီးစပ်ဆုံးတူညီမည်ဖြစ်ပြီး ၉၅ ရာခိုင်နှုန်းခန့် တူညီပင်လျှင် လုပ်ငန်းအောင်မြင်သည်ဟု ဆိုနိုင်ကြောင်းဦးဝင်းကြည်က ပြောသည်။

၂၀၁၅ နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီး ဆုံးဖြစ်သည့် မဲဆန္ဒရှင် စာရင်းကို လူထုအခြေပြုအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း ၍ပြုစုနေခြင်း ဖြစ်သော်လည်း ရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးနိုင်ရန်မှာမူ ရွေးကောက်ပွဲစနစ် ပြောင်းလဲမည့် ဆုံးဖြတ်ချိန်ပေါ်တွင် မူတည်သည် ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

‘‘အချိန်က သိပ်ကပ်နေပြီ။ ကော်မရှင်ကလည်း မလုပ်လို့မရဘူး။ ဒါကြောင့် အချိန်ရလို့ရှိရင်တော့ ပိုပြီး စနစ် တကျ ကျင်းပပေးနိုင်မှာ ပါ’’ ဟု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ဆိုသည်။

7Day DAILY

No comments:

Post a Comment