Monday 8 September 2014

မြန်မာယူ-၁၉အသင်း ထိုင်းကိုနိုင်ပြီး အကြိုဗိုလ်လုပွဲတက်ရန် အခြေအနေကောင်း

Photo: မြန်မာယူ-၁၉အသင်း ထိုင်းကိုနိုင်ပြီး အကြိုဗိုလ်လုပွဲတက်ရန် အခြေအနေကောင်း
Monday, September 8, 2014

၂၀၁၄အာဆီယံယူ- ၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ ဒုတိယရက်ပွဲစဉ် တွင် မြန်မာအ သင်းက ထိုင်းအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ယူခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် စက်တင်ဘာ ၆ရက်ကကျင်း ပခဲ့သည့် ၎င်းပွဲစဉ်သည် အုပ်စု (က)တွင်ပါဝင်သည့် မြန်မာယူ- ၁၉အသင်း၏ ဖွင့်ပွဲပွဲစဉ်ဖြစ်ပြီး  ထိုင်းအသင်းကို ခြေအသာဖြင့် ယှဉ်ပြိုင်ကစားနိုင်ကာ ရမှတ်သုံးမှတ်ရယူနိုင်ခဲ့သည်။ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှား အသင်းအား အနိမ့်ဆုံးသရေရလဒ်ရရှိရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် အင်ဒို နီးရှားအသင်းကို အနိုင်ယူထား သည့် ထိုင်းအသင်းမှာပထမပိုင်း တွင် ခံစစ်ကိုဦးစားပေးခဲ့သော ကြောင့် မြန်မာအသင်း ထိုးဖောက်ရန်အခက်တွေ့ခဲ့ပြီး ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာ အသင်းက ပိုမိုဖိအားပေးခဲ့ရာပွဲ ချိန် ၄၆မိနစ်တွင် တိုက်စစ်မှူး အောင်သူက ဦးဆောင်ဂိုးသွင်းယူ ခဲ့သည်။ ပွဲချိန် ၆၃မိနစ်တွင် မြန် မာအသင်းအတွက် ဒုတိယဂိုးကို ထိုက်ထိုက်အောင်က အလွတ် တည်ကန်ဘောမှတစ်ဆင့်အပြင်း ကန်သွင်းကာရယူခဲ့ခြင်းဖြစ်သည်။

ပွဲချိန် ၆၉မိနစ်တွင် ကွင်း လယ်ကစားသမား ကျော်မင်းဦး မှာနှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံခဲ့ ရပြီး လက်ကျန်ပွဲချိန်များတွင် မြန် မာအသင်းသည် ကစားသမား တစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရ သည်။ ထိုင်းအသင်းအတွက်ပွဲချိန်  ၉၀မိနစ်တွင် ထိုင်းကစားသမား တစ်ဦးက မြန်မာကစားသမား သန်းပိုင်ကို အ၀င်ကြမ်းသဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ် ပယ်ခံခဲ့ရသည်။

အုပ်စု(ခ)အခြားပွဲစဉ်တွင် ဂျပန်ယူ-၁၉ အသင်းက သြစတြေးလျအသင်းကို ၄-၃ဂိုးဖြင့်အနိုင်ယူခဲ့သည့်။ ၎င်းအုပ်စု အဖွင့်ပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သည့် သြစတြေးလျအသင်းမှာ နှစ်ပွဲဆက်အရှုံးဖြင့်အုပ်စုအဆင့်မှ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။

အာဆီယံ ယူ-၁၉ အုပ်စု နောက်ဆုံးပွဲစဉ်များကို စက်တင် ဘာ ၉ရက်တွင် ဆက်လက်ကျင်း ပမည်ဖြစ်ပြီး မြန်မာစံတော်ချိန်ည နေ ၄နာရီတွင် မြန်မာနှင့်အင်ဒိုနီး ရှား၊ ည ၆နာရီခွဲတွင် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။

7Day DAILY 

မြန်မာ ယူ-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - VTC News)
မြန်မာ ယူ-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - VTC News)
၂၀၁၄အာဆီယံယူ- ၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ ဒုတိယရက်ပွဲစဉ်တွင် မြန်မာအ သင်းက ထိုင်းအသင်း ကို ၂-၁ ဂိုးဖြင့်အနိုင်ယူခဲ့သည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် စက်တင်ဘာ ၆ရက်ကကျင်း ပခဲ့သည့် ၎င်းပွဲစဉ်သည် အုပ်စု(က)တွင် ပါဝင် သည့် မြန်မာယူ- ၁၉အသင်း၏ ဖွင့်ပွဲပွဲစဉ်ဖြစ်ပြီးထိုင်းအသင်းကို ခြေအသာဖြင့် ယှဉ်ပြိုင် ကစားနိုင်ကာ ရမှတ် သုံးမှတ်ရယူနိုင်ခဲ့သည်။ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှား အသင်းအား အနိမ့်ဆုံးသရေရလဒ်ရရှိရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် အင်ဒို နီးရှားအသင်းကို အနိုင်ယူထားသည့် ထိုင်းအသင်းမှာပထမပိုင်းတွင် ခံစစ်ကို ဦးစားပေးခဲ့သော ကြောင့် မြန်မာအသင်း ထိုးဖောက်ရန်အခက်တွေ့ခဲ့ပြီး ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာ အသင်းက ပိုမိုဖိအားပေးခဲ့ရာပွဲ ချိန် ၄၆မိနစ်တွင် တိုက်စစ်မှူး အောင်သူက ဦးဆောင်ဂိုးသွင်းယူ ခဲ့သည်။ ပွဲချိန် ၆၃မိနစ်တွင် မြန် မာအသင်းအတွက် ဒုတိယဂိုးကို ထိုက်ထိုက်အောင် က အလွတ် တည်ကန်ဘောမှတစ်ဆင့်အပြင်း ကန်သွင်းကာရယူခဲ့ခြင်းဖြစ်သည်။

ပွဲချိန် ၆၉မိနစ်တွင် ကွင်း လယ်ကစားသမား ကျော်မင်းဦး မှာနှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံခဲ့ ရပြီး လက်ကျန် ပွဲချိန်များတွင် မြန် မာအသင်းသည် ကစားသမား တစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရသည်။ ထိုင်းအသင်းအတွက် ပွဲချိန် ၉၀ မိနစ်တွင် ထိုင်းကစားသမား တစ်ဦးက မြန်မာကစားသမား သန်းပိုင်ကို အ၀င်ကြမ်းသဖြင့် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

အုပ်စု(ခ)အခြားပွဲစဉ်တွင် ဂျပန်ယူ-၁၉ အသင်းက သြစတြေးလျအသင်းကို ၄-၃ဂိုးဖြင့်အနိုင်ယူခဲ့သည့်။ ၎င်းအုပ်စု အဖွင့်ပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သည့် သြစတြေးလျအသင်းမှာ နှစ်ပွဲဆက် အရှုံးဖြင့် အုပ်စုအဆင့်မှ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။

အာဆီယံ ယူ-၁၉ အုပ်စု နောက်ဆုံးပွဲစဉ်များကို စက်တင်ဘာ ၉ရက်တွင် ဆက်လက်ကျင်း ပမည်ဖြစ်ပြီး မြန်မာစံတော်ချိန်ည နေ ၄နာရီတွင် မြန်မာနှင့်အင်ဒိုနီး ရှား၊ ည ၆နာရီခွဲတွင် ဂျပန်နှင့် အိမ်ရှင် ဗီယက်နမ်အသင်းတို့ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment