Monday 8 September 2014

ခရီးသည်ယာဉ်များထက် ကိုယ်ပိုင်နှင့် အငှားယာဉ်များက စည်းကမ်းပိုဖောက်သည်ဟု မထသ အတွင်းရေးမှူးပြော

ရန်ကုန်မြို့တွင်း သွား လာလျက်ရှိသည့် အငှားယာဉ်နှင့်   ကိုယ်ပိုင် ယာဉ်မောင်းန
နှင်သူများ မှာ ခရီးသည်တင်ယာဉ်မောင်း များထက် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း လိုက်နာကြခြင်းမရှိ သည့်အတွက် ယာဉ်မတော်တဆ မှုပိုမိုများပြားနေရကြောင်း မထသ(ဗဟို)အတွင်းရေးမှူး ဦးဘမြင့် ကပြောသည်။

ရန်ကုန်မြို့တွင်း မောင်းနှင် လျက်ရှိသည့် ယာဉ်မောင်းများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက် နာခြင်း မရှိဘဲ သတ် မှတ်ထားသော စည်းမျဉ်းစည်း ကမ်းများကိုလည်း နားလည်ခြင်း မရှိသည့်အတွက် ယာဉ်မတော် တဆမှုပိုမိုဖြစ်ပွားနေရကြောင်း ၎င်းကပြောသည်။

‘‘ရန်ကုန်မြို့တွင်းမှာ မောင်း နှင်နေကြတဲ့ ယာဉ်မောင်းတွေမှာ ကိုယ်ပိုင်ယာဉ်နဲ့ အငှားယာဉ် မောင်းတဲ့ သူတွေက ခရီးသည် တင်ယာဉ်မောင်းတွေထက် လမ်း စည်းကမ်း၊ ယာဉ်စည်းကမ်းကို မလိုက်နာကြဘူး။ စည်းမျဉ်းစည်း ကမ်းတွေလည်း မသိကြဘူး။ ဒါ ကြောင့် ရန်ကုန်မှာ  ယာဉ်မတော်တဆမှု
တွေ အဖြစ်များနေတာပါ’’ဟု ဦးဘမြင့်ကပြောသည်။

ခရီးသည်တင်ယာဉ်အများ စုသည် အခေါက်ရေပိုမိုရရှိရန်နှင့် ခရီးသည်များ ပိုမိုရရှိစေရန်ပြိုင် ဆိုင်မောင်းနှင် လျက်ရှိသောကြောင့်ယာဉ်စည်းကမ်း ချိုးဖောက်မောင်းနှင်မှုများပြားသည့်အတွက် မကြာခဏယာဉ် မတော်တဆမှုဖြစ်ပွားရကြောင်း ကိုယ်ပိုင်ယာဉ်ပိုင်ရှင်များကဆိုသည်။

 ‘‘သူတို့လိုင်းကားအချင်း ချင်းပြိုင်လာပြီဆိုရင် မှတ်တိုင်ကိုဘေးချရပ်လို့ရတဲ့အနေအထား ရှိတာတောင်မှ လမ်း လယ်မှာပဲရပ်ပြီးတော့ လူတင်၊လူချလုပ်တယ်။ ကိုယ်ပိုင်ယာဉ်တို့၊ တက္ကစီတို့က အဲဒီလိုမောင်းတာ နည်းတယ်’’ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ ကိုယ်ပိုင်ယာဉ်မောင်း ဦးရဲထွဋ်ကပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ပြေးဆွဲလျက်ရှိသည့် ခရီး သည်တင်ယာဉ်လိုင်းများမှာ ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်(တက္က စီ)များမှာ ခရီးသည်တင်ယာဉ် များထက် နှစ်ဆကျော်ပိုများပြား ပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွင်လည်း အများဆုံးကျူးလွန် နေကြကြောင်း မထသ(ဗဟို) အ တွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

‘‘သူတို့ပြောတာ သဘော မကျဘူး။ ခရီးသည်တင်တဲ့ ယာဉ် အများစုက မီးပွိုင့်တွေ တော် တော်များများမှာ လမ်းပြောင်းပြန် မောင်းတယ်။ ပိုဆိုးတာက လှည်း တန်းပွိုင့်ဆိုရင် ကျော်တက်ပြီး ပိတ်ဆို့နေတာ။ အဲဒါဆိုရင်  ဘတ်စ်ကားတွေ လမ်းပြောင်းပြန်မောင်းတာတို့၊ အတင်းကျော်တက်မောင်းတာတို့ကျတော့ ကျွန်တော်တို့ အငှားယာဉ်မောင်းတွေထက်တောင် ဆိုးသေးတယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အငှားယာဉ်မောင်း ဦးတင်ဦးက ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်အန္တရာယ်လျော့နည်းစေရန်အတွက် ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အဖွဲ့ကိုးဖွဲ့ ဖြင့် ယာဉ်ကြောပိတ်ဆို့မှုနေရာ များကိုလှည့်လည်စစ်ဆေးလျက် ရှိပြီး မထသ(ဗဟို)မှလည်း အထူးစစ်အဖွဲ့ခြောက်ဖွဲ့ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment