Monday 8 September 2014

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အိန္ဒိယကမ်းခြေသို့ဝင်ရောက်

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်း ရပ်ဝန်း သည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ရွေ့လျားဝင် ရောက်နေကြောင်းမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
၂၀၁၄ စက်တင်ဘာ ၇ ရက်မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလား ပင် လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ရွေ့လျားဝင်ရောက်ခဲ့ပြီ ဖြစ်သည်ဟု မိုး/ဇလကသတင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

‘‘အိန္ဒိယထဲဝင်သွားပြီဆို တော့ မြန်မာနိုင်ငံအတွက် စိုးရိမ် စရာမရှိတော့ဘူး။ ဒီရက်ပိုင်းထဲ မှာလည်း မိုးကြီး တာတို့၊ ရေကြီးမှာ တို့မပူရတော့ဘူး’’ဟု မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။

7Day DAILY

No comments:

Post a Comment