Monday 8 September 2014

တံတားဦးလေဆိပ်အား မစ်ဆူဘီရှီမှ လွှဲပြောင်းယူပြီးပါက ပို့ကုန်စင်တာတစ်ခု ဆက်စပ်ဖွင့်လှစ်မည်

Photo: တံတားဦးလေဆိပ်အား မစ်ဆူဘီရှီမှ လွှဲပြောင်းယူပြီးပါက ပို့ကုန်စင်တာတစ်ခု ဆက်စပ်ဖွင့်လှစ်မည်
Monday, September 8, 2014

တံတားဦးအပြည်ပြည် ဆိုင်ရာ လေဆိပ်အား မစ်ဆူဘီရှီ ကုမ္ပဏီက  တရားဝင်လွှဲပြောင်း ရယူပြီးပါက လေဆိပ်အနီးတွင် နိုင်ငံတကာသို့ တိုက်ရိုက်တင်ပို့ နိုင်မည့် ပို့ကုန်စင်တာတစ်ခု ဆက် စပ်ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

လေဆိပ်အနီးတစ်ဝိုက်တွင် မန္တလေးတိုင်းအတွင်းမှ ထွက်ရှိ သော  သစ်သီးဝလံစားသောက် ကုန်များကို Green house များ၊ glasshouse များဖြင့် တန်ဖိုးမြှင့် တင်ပြီး   ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် တံတားဦးလေဆိပ်စီမံချက်အတွင်း ထည့်သွင်းရေးဆွဲထားကြောင်း၊ လေဆိပ်အား  မစ်ဆူဘီရှီက လွှဲပြောင်းရယူပြီးနောက် မကြာမီ တည်ဆောက်ရန်     စီစဉ်ထား ကြောင်း   မန္တလေးတိုင်း စိုက် ပျိုးရေးဦးစီးဌာန   တိုင်းဦးစီးမှူး ဦးလှမြင့်အောင်က ပြောသည်။

‘‘လေဆိပ်အနီးတစ်ဝိုက်မှာ ပဲ ဖြစ်မယ်။ အစီအစဉ်တွေတော့ ရှိနေပြီ။ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေ အကုန်လုံးကို နိုင်ငံ တကာပို့နိုင်အောင် လုပ်မှာ’’ ဟု ဦးလှမြင့်အောင်က ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်း အတွင်းမှ ထွက်ရှိသည့် သစ်သီး များ၊ ဟင်းသီးဟင်းရွက်အများစု ကို တရုတ်နိုင်ငံသို့သာ အများဆုံး တင်ပို့နေရပြီး ဈေးနှုန်းမှာလည်း ၎င်းတို့ဈေးကွက်အတိုင်းသာ ဈေး ဖြတ်ခံရသောကြောင့် ယခုကဲ့သို့ နိုင်ငံတကာလေဆိပ်အနီးတွင် နိုင်ငံတကာသို့ အလွယ်တကူတင် ပို့နိုင်ရန် အစီအစဉ်များကြောင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူများအ တွက် များစွာ အဆင်ပြေလာနိုင် မည်ဟု ၎င်းက ဆိုသည်။

တံတားဦး အပြည်ပြည်ဆိုင် ရာ လေဆိပ်ကို မစ်ဆူဘီရှီ ကုမ္ပ ဏီထံ လွှဲပြောင်းပေးနိုင်ရန် ဆွေး နွေးနေဆဲဖြစ်ပြီး နောက်ဆုံးသ ဘောတူညီချက်စာချုပ်ကို ယခု နှစ်ကုန်တွင်  လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

တံတားဦးအပြည်ပြည်ဆိုင် ရာ လေဆိပ်သည် မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး လေဆိပ် ဖြစ်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ တိုက်ရိုက်ပျံ သန်းမှု အစီအစဉ်များကို လက်ခံ ပြုလုပ်ပေးနေသည်။

7Day DAILY 

တံတားဦးလေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))
တံတားဦးလေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))
တံတားဦးအပြည်ပြည် ဆိုင်ရာ လေဆိပ်အား မစ်ဆူဘီရှီ ကုမ္ပဏီက  တရားဝင်လွှဲပြောင်း ရယူပြီးပါက လေဆိပ်အနီးတွင် နိုင်ငံတကာသို့ တိုက်ရိုက်တင်ပို့ နိုင်မည့် ပို့ကုန်စင်တာတစ်ခု ဆက် စပ်ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

လေဆိပ်အနီးတစ်ဝိုက်တွင် မန္တလေးတိုင်းအတွင်းမှ ထွက်ရှိ သော  သစ်သီးဝလံစားသောက် ကုန်များ
ကို Green house များ၊ glasshouse များဖြင့် တန်ဖိုးမြှင့် တင်ပြီး   ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံ
တကာသို့ တင်ပို့နိုင်ရန် တံတားဦးလေဆိပ်စီမံချက်အတွင်း ထည့်သွင်းရေးဆွဲထားကြောင်း၊ လေဆိပ်အား  မစ်ဆူဘီရှီက လွှဲပြောင်းရယူပြီးနောက် မကြာမီ တည်ဆောက်ရန်     စီစဉ်ထား ကြောင်း  
မန္တလေး တိုင်း စိုက် ပျိုးရေးဦးစီးဌာန   တိုင်းဦးစီးမှူး ဦးလှမြင့်အောင်က ပြောသည်။

‘‘လေဆိပ်အနီးတစ်ဝိုက်မှာ ပဲ ဖြစ်မယ်။ အစီအစဉ်တွေတော့ ရှိနေပြီ။ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေ အကုန်လုံးကို နိုင်ငံ တကာပို့နိုင်အောင် လုပ်မှာ’’ ဟု ဦးလှမြင့်အောင်က ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်း အတွင်းမှ ထွက်ရှိသည့် သစ်သီး များ၊ ဟင်းသီးဟင်းရွက်အများစု ကို တရုတ်နိုင်ငံသို့သာ အများဆုံး တင်ပို့နေရပြီး ဈေးနှုန်းမှာလည်း ၎င်းတို့ဈေးကွက်အတိုင်းသာ ဈေး ဖြတ်ခံရသောကြောင့် ယခုကဲ့သို့ နိုင်ငံတကာလေဆိပ်အနီးတွင် နိုင်ငံတကာသို့ အလွယ်တကူတင် ပို့နိုင်ရန် အစီအစဉ်များကြောင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူများအ တွက် များစွာ အဆင်ပြေလာနိုင် မည်ဟု ၎င်းက ဆိုသည်။

တံတားဦး အပြည်ပြည်ဆိုင် ရာ လေဆိပ်ကို မစ်ဆူဘီရှီ ကုမ္ပ ဏီထံ လွှဲပြောင်းပေးနိုင်ရန် ဆွေး နွေးနေဆဲဖြစ်ပြီး နောက်ဆုံးသ ဘောတူညီချက်စာချုပ်ကို ယခု နှစ်ကုန်တွင်  လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်လိမ့်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

တံတားဦးအပြည်ပြည်ဆိုင် ရာ လေဆိပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး တရုတ်နိုင် ငံ၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ တိုက်ရိုက်ပျံ သန်းမှု အစီအစဉ်များကို လက်ခံ ပြုလုပ်ပေးနေသည်။

7Day DAILY 

No comments:

Post a Comment