Monday 8 September 2014

ချီလီစစ်အာဏာသိမ်း ၄၁ နှစ်မြောက် ချီတက်ပွဲ အဓိကရုဏ်းဖြစ်

Photo: ချီလီစစ်အာဏာသိမ်း ၄၁ နှစ်မြောက် ချီတက်ပွဲ အဓိကရုဏ်းဖြစ်
Monday, September 8, 2014

ချီလီမှာ စစ်တပ်အာဏာသိမ်းမှု ၄၁ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည် ချီတက်ပွဲမှာ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ ချီတက်ပွဲအစမှာ ငြိမ်းချမ်းခဲ့ပေမယ့် ရဲအဖွဲ့နဲ့ တချို့ ဆန္ဒပြသမားတွေ အပြန်အလှန့် ပစ်ပေါက်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာ ဖြစ်ပါတယ်။

ရုတ်ရုတ်သဲသဲ အခြေအနေကို တားဆီးဖို့ ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲ ခဲ့ရပါတယ်။

တချို့ ဆန္ဒပြသမားတွေဟာ လမ်းပေါ်မှာ အတားအဆီးတွေကို ချထားပြီးနောက် မီးရှို့ခဲ့ကြပါတယ်။

ချီလီမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ် လာတာ နှစ်ပေါင်း ၂၀ ကျော် ရှိလာပေမယ့် အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေးလက် ထက်မှာ ပျောက်ဆုံး သွားတဲ့ သူတွေရဲ့ ဆွေမျိုးသား ချင်းတွေဟာ စစ်ဗိုလ်ချုပ်တွေ ဖျောက် ဖျက် ထားတဲ့ သမိုင်းကို ပြန်ဖော်ဖို့ ကြိုးစားနေကြတာပါ။

ပီနိုရှေး လက်ထက်မှာ ပျောက်ဆုံးသွားသူတွေ ဘယ်လို ဖြစ်သွားသလဲ၊ သူတို့ရဲ့ ရုပ်ကြွင်းတွေကို ပြန်ပေးဖို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက တောင်းဆိုနေကြတာပါ။

ပီနိုရှေးခေတ်မှာ အသတ်ခံခဲ့ရတဲ့လူတွေထဲက အနည်းစုလောက်ကိုပဲ မထင်မရှား ကျင်းကြီးတခုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပီနိုရှေးဟာ ၁၉၇၃ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

၁၉၇၃ ကနေ ၁၉၉၀ အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ခုံရုံးတင် အစစ်ဆေးမခံခဲ့ရပါဘူး။

အဲဒီကာလအတွင်း လူပေါင်း ၃ ထောင်ဝန်းကျင် ပြန်ပေးဆွဲ သတ်ဖြတ်ခံရပြီး လူပေါင်း ၂ သောင်း ၈ ထောင်လောက် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။

DVB
ချီလီမှာ စစ်တပ်အာဏာသိမ်းမှု ၄၁ နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည် ချီတက်ပွဲမှာ အဓိကရုဏ်း ဖြစ်ခဲ့ ပါတယ်။
စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ ချီတက်ပွဲအစမှာ ငြိမ်းချမ်းခဲ့ပေမယ့် ရဲအဖွဲ့နဲ့ တချို့ ဆန္ဒပြသမားတွေ အပြန်အလှန့် ပစ်ပေါက်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာ ဖြစ်ပါတယ်။

ရုတ်ရုတ်သဲသဲ အခြေအနေကို တားဆီးဖို့ ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲ ခဲ့ရပါတယ်။

တချို့ ဆန္ဒပြသမားတွေဟာ လမ်းပေါ်မှာ အတားအဆီးတွေကို ချထားပြီးနောက် မီးရှို့ခဲ့ကြပါတယ်။

ချီလီမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ် လာတာ နှစ်ပေါင်း ၂၀ ကျော် ရှိလာပေမယ့် အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေးလက် ထက်မှာ ပျောက်ဆုံး သွားတဲ့ သူတွေရဲ့ ဆွေမျိုးသား ချင်းတွေဟာ စစ်ဗိုလ်ချုပ်တွေ ဖျောက် ဖျက် ထားတဲ့ သမိုင်းကို ပြန်ဖော်ဖို့ ကြိုးစားနေကြတာပါ။

ပီနိုရှေး လက်ထက်မှာ ပျောက်ဆုံးသွားသူတွေ ဘယ်လို ဖြစ်သွားသလဲ၊ သူတို့ရဲ့ ရုပ်ကြွင်းတွေကို ပြန်ပေးဖို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက တောင်းဆိုနေကြတာပါ။

ပီနိုရှေးခေတ်မှာ အသတ်ခံခဲ့ရတဲ့လူတွေထဲက အနည်းစုလောက်ကိုပဲ မထင်မရှား ကျင်းကြီးတခုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပီနိုရှေးဟာ ၁၉၇၃ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ကွယ် လွန်ခဲ့ပါတယ်။

၁၉၇၃ ကနေ ၁၉၉၀ အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် ခုံရုံးတင် အစစ်ဆေးမခံခဲ့ရပါဘူး။

အဲဒီကာလအတွင်း လူပေါင်း ၃ ထောင်ဝန်းကျင် ပြန်ပေးဆွဲ သတ်ဖြတ်ခံရပြီး လူပေါင်း ၂ သောင်း ၈ ထောင်လောက် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။

DVB

No comments:

Post a Comment