Monday 8 September 2014

ဒီချုပ်ပါတီဝင်ဟောင်းများ ပါတီထောင်၊ မထောင် ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြင်ပသို့ ရောက်ရှိနေ သော ပါတီဝင်ဟောင်းများ စုစည်းကာ နိုင်ငံရေးပါတီ တည်ထောင်မည့် ကိစ္စရပ်ကို ယခုလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်စတင်ထူထောင်စဉ်ကတည်းက ပါဝင်ခဲ့ပြီး ယခုအချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ပါတီ ပြင်ပသို့ ရောက်ရှိနေပြီး အဖွဲ့အစည်းအသီးသီး၌ ပါဝင်နေကြသူများ၊ အဖွဲ့ချုပ် အတွင်း  ပြန်လည်ဝင်ရောက်ခြင်းမပြုသူများ တွေ့ဆုံကာ ဆွေးနွေးကြမည် ဖြစ်သည်။

‘‘ပါတီထောင်မယ်၊ မထောင်မယ်ဆိုတာကိုတော့ အခုအချိန်မှာ ယတိပြတ်မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီနေ့တွေ့တဲ့အခါမှာ ပါတီတည်ထောင်ရေးကိုလည်း ထည့်ပြီး ဆွေးနွေးကြမှာပါ’’ဟု ၁၉၉၀ ရွေးကောက် ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟင်္သာတမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့် (ဟင်္သာတ)ကပြောသည်။

တစ်နိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဟောင်းများ ပါဝင်ဆွေးနွေးနိုင် ရေးအတွက် ဖိတ်ကြား ထားပြီး တက်ရောက်လာသူအများစု၏ သဘောထားများသည် နိုင်ငံရေး ပါတီတည်ထောင် ကာ နိုင်ငံရေး ကို ဆောင်ရွက်လိုပါက အများစု ၏ ဆန္ဒအတိုင်းဆောင်ရွက်သွား ဖြစ်မည်ဟု ၎င်းကဆို သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့  အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းများ စုစည်း၍ နိုင်ငံရေးအဖွဲ့အစည်း အဖြစ် ထူထောင် ရန် လုပ်ဆောင် နေမှုသည် လက်ရှိအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်ရန်အတွက် မဟုတ်သလို ၀န်းရံရေး အတွက်လည်း မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်က ပါဝင် ခဲ့သူ ဒေါက်တာသက်မင်းကဆိုသည်။

လက်ရှိအချိန်တွင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ ၀င်ရောက်ယှဉ် ပြိုင်ပြီး အရွေးချယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ စုစည်း၍ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ကော်မတီတစ်ရပ် ဖွဲ့စည်းထား သည်။

၁၉၉၀ အထွေထွေရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် ရာနှုန်းပြည့် နီးပါးအနိုင် ရရှိခဲ့သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၃ ခုနှစ်မတ်လ အတွင်းပါတီ၏ ပထမဆုံး အကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ကျင်းပခဲ့သည်။

7Day DAILY

No comments:

Post a Comment