Monday 8 September 2014

မြင်းခြံ၊ရေစကြိုရှိ ကျေးရွာအချို့ ကမ်းပါးပြိုမည့်အန္တရာယ် ရင်ဆိုင်နေရ

မြင်းခြံမြို့နယ်နှင့် ရေစ ကြိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် ကမ်းပါးပြိုကျ မည့် အန္တရာယ်စိုးရိမ်နေရကြောင်း သတင်းရရှိ သည်။

မကွေးတိုင်းဒေသကြီး ရေ စကြိုမြို့နယ် နတ်ညွှန်းကျေးရွာ၊ ကြက်တန်း ကုန်းကျေးရွာ၊ မြင်းခြံ မြို့နယ် ဒါးကျွန်းကျေးရွာတို့တွင် ရေဦးတက်ချိန်ကလည်း အိမ်ခြေ ၅၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း၊ ကမ်းပါးပြိုကျမှုမှာ နှစ်စဉ် ရေတက်ချိန်နှင့် ရေပြန်လည်ကျဆင်း ချိန်တွင် အဖြစ်များကြောင်း၊ ဧရာဝတီမြစ်ရေမှာ ပြန်လည်ကျဆင်းလာပြီဖြစ်၍ ကမ်းပါးပြိုကျသည့် အန္တရာယ်   စိုးရိမ်
နေရကြောင်း အဆိုပါ ကျေးရွာများမှ ဒေသခံများက ပြောသည်။ ‘‘ရေတက်တုန်းကလည်း ပါသွားပြီ။ ဘာအကူ အညီမှလည်း မလာဘူး။ လုပ်စားမြေတွေလည်း ကုန်ပြီ’’ဟု ရေစကြိုမြို့နယ် နတ်ညွှန်းကျေး ရွာတွင် နေထိုင်သူ ဒေါ်ဝင်းပိုက ပြောသည်။

ကမ်းပါးပြိုကျသည့်အတွက် အိမ်မြေနေရာများ ဆုံးရှုံးသည့်အ ပြင် လုပ်ကိုင်စားသောက်သည့် ကျွန်းမြေ များလည်း ဆုံးရှုံးခဲ့ ကြောင်း ဒေသခံများက ပြော သည်။ ‘‘ကမ်းပါးပြိုလို့ ရွာဆို သုံး ပိုင်းဖြစ်သွားပြီ။ တချို့သူတွေက တခြားရပ်ရွာကို ပြောင်းနေကြ တယ်။ တချို့ကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ကပ်နေရ တယ်။ အခုရေကျချိန်မှာလည်း ကမ်း ပါးပြိုတဲ့ အန္တရာယ်က ရှိနေ တယ်’’ဟု နတ်ညွှန်းကျေးရွာမှ ဦးခင်မောင်ကြည်က ပြောသည်။

ထို့အပြင် မတ္တရာမြို့နယ် အတွင်းရှိ ဒေါင်းကျွန်းကျေးရွာ၊ ရေလယ်ကျွန်း(ပျဉ်ကာ)ကျေးရွာ၊ ရွာတန်း ရှည်ကျေးရွာ၊ ဘိုကြီး ကျွန်းကျေးရွာ၊ စဥ့်ကူးမြို့နယ် မြစ်ကမ်းကြီးကျေးရွာတို့တွင် လည်း ကမ်းပါးပြိုကျမှုများ ဖြစ် ပေါ်နေ၍ ယာယီကာကွယ်ရေး အစီအမံများပြုလုပ်ပြီး အရေး ပေါ်ကာကွယ်ပေးခဲ့ရကြောင်း ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်းရှိ ဧရာဝတီမြစ်ကမ်းပါးပြို ကျမှုကာကွယ်ရေးကို ၂၀၁၃-၁၄ ခုနှစ်က ရွာကိုးရွာ၌   ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွင် ၁၃ ရွာအား ကျပ်သန်း ၁၇၉၇ ဒသမ ၃သန်း၊ 
၂၀၁၅-၁၆ ခုနှစ်တွင် ၁၂ ရွာအား ကျပ် ၁၅၉၂ ဒသမ ၅ သန်းအကုန်အကျခံကာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျန် ကမ်းပြိုကျေးရွာများတွင်လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်၊ ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment