Thursday 31 July 2014

ဆောက်လုပ်ဆဲကန်ထရိုက်တိုက်မှ အစောင့်တဲရွှေ့ပြောင်းစဉ် ဓာတ်ကြိုးနှင့်ငြိပြီး လျှပ်စစ် ဓာတ်ကြိုး ပြတ်တောက်မှုအတွက် အိမ်ရှင်ကို မြို့နယ်လျှပ်စစ်က အမှုဖွင့်ရန်စီစဉ်

မြောက်ဥက္က လာပမြို့နယ်အတွင်းရှိ ဝဇီရာ(၄) လမ်းတွင် ဇူလိုင် ၂၈ ရက်က ဆောက် လုပ်ဆဲကန်ထရိုက် တိုက် အစောင့် တဲ ရွှေ့ပြောင်း စဉ် လျှပ်စစ်ဓာတ်ကြိုးနှင့် ငြိကာ လျှပ်စစ်ဓာတ်ကြိုး ပြတ်တောက် မှုဖြစ်ကာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက် ဥက္ကလာပ မြို့နယ်၊ (စ)ရပ်ကွက်၊ ဝဇီရာ(၄)လမ်း ရှိ အိမ်အမှတ် စ/၁၇၅တွင် ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီခန့်က လျှပ် စစ်ဓာတ်ကြိုးအောက်တွင် တည် ဆောက်ထားသည့် တိုက်အစောင့် ယာယီတဲကို ရွှေ့ပြောင်းစဉ် တဲတွင် မိုးထားသည့် တာလပတ်စကို လေ တိုက်သည့်အတွက် အမိုးပေါ်ရှိဓာတ် ကြိုးနှင့်ငြိခဲ့ကြောင်း သိရသည်။ထို ကဲ့သို့ ဖြစ်နေခြင်းကို ပြန်လည်ဆွဲယူ ရာမှ ဓာတ်ကြိုးနှစ်ချောင်းပူးသဖြင့် လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ကာ ဓာတ် အားလိုင်း ပြတ်တောက်မှုဖြစ်ပွားခဲ့ ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

(စ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇင်ဘို က ''သူတို့စည်ပင်က ခွင့်ပြု ချက်ဆိုင်းဘုတ်မထောင်ဘဲ ဆောက် နေတာကြာပြီ။ ဒီနေ့ခွင့်ပြုချက်ဆိုင်း ဘုတ်ရလို့ ထောင်မယ်ဆိုပြီး အစောင့် ကောင်လေးက တဲကိုရွှေ့မယ် လုပ်ရင်း လေတိုက်လို့ တာလပတ်က ဓာတ် ကြိုးနဲ့ငြိပြီး ပြန်ဆွဲရာကနေ ကြိုးပူးပြီး ရှော့ခ်ဖြစ်လို့ လမ်းထိပ်ကနေ ဓာတ် ကြိုးနှစ်ချောင်းပြတ်သွားတယ်။

 အဲဒီ အစောင့်က ကြောက်ကြောက်နဲ့ အမိုး ပေါ်ကနေ ခုန်ချလို့ ဘေးကအုတ်ခဲ ပုံနဲ့ထိမိပြီး မေးကွဲသွားတယ်။ အခု သူ့ကိုလဲ ဆေးရုံပို့ပြီး ဆေး စစ်ချက် ယူနေပါတယ်''ဟုပြောသည်။ယင်းကဲ့သို့ လျှပ်စစ်ကြိုးပြတ် သည့်အတွက် မြို့နယ်လျှပ်စစ်ရုံးမှ ချက်ချင်းပြုပြင်ရာ ညနေ၄နာရီတွင် တပ်ဆင်ပြီးစီးပြီး မြို့နယ်လျှပ် စစ်ရုံးမှ အစောင့်တဲ အား ဘေးအန္တရာယ် မကင်းသည့် အခြေအနေတွင်တည် ဆောက် ထားပြီး လျှပ်စစ် မီးကြိုး ပြတ်တောက် ကာ ဓာတ်အားဆုံးရှုံး ခြင်း၊ လျှပ်စစ်မီတာခများ ဆုံးရှုံးခြင်း များဖြစ်ပေါ်စေသည့်အတွက် အိမ် ရှင်ကို လျှပ်စစ်ဥပဒေ ပုဒ်မ-၃၄ဖြင့် မြောက်ဥက္ကလာပရဲစခန်းတွင် အမှု ဖွင့်သွားရန်ရှိကြောင်း သိရသည်။မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး က''အခုလိုမီးကြိုးပြတ်တောက်သွား တဲ့အတွက် လျှပ်စစ်ဥပဒေအရ မြောက် ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်တရား စွဲသွား မှာဖြစ်တယ်။ မီးကြိုးပြတ် လို့ရှိရင် လျှပ်စစ်ဌာနကိုပြောကြ တယ်။ ဒီလိုဘေး အန္တရာယ်မလွတ် ကင်းတဲ့ အခြေအနေ မျိုးတွေ လုပ်ထား တဲ့ကိစ္စတွေ မသိကြ ဘူး။ နေအိမ်ကို လျှပ်စစ်ဓာတ်အားလိုင်းဘေးက စည် ပင်ရေမြောင်းရဲ့ ငါးပေကျော် ခွာ ဆောက်ရမှာဖြစ်တယ်။ အခုလိုမျိုး ဆောက်ထားတာ အန္တရာယ် အလွန် များတယ်။ ပုံမှန်စစ်ဆေးနေပေမယ့် သူတို့က လမ်းကြားထဲမှာ စည်ပင် ခွင့်ပြုချက်မရဘဲ တည်ဆောက်ထား တာဖြစ်တော့မသိလိုက်ဘူး။ နောက် ပိုင်း ဒီလိုဆောက်ထားတာ တွေ့လို့ ရှိရင် အရေးယူသွားမှာဖြစ်တယ်''ဟု ပြောသည်။
ပြည်မြန်မာ

No comments:

Post a Comment