Thursday 31 July 2014

ဦးဆန်းဆင့်အား ဒက်္ခိဏခရိုင် တရားရုံးတွင် ကြားနာစစ်ဆေး၊ ကျန်းမာရေး မကောင်းဟု မီဒီယာများကို ပြောကြား

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယမန်နေ့က နေပြည်တော် ကောင်စီ နယ်မြေ ဒက်္ခိဏခရိုင် တရားရုံးတွင် ရုံးထုတ်ကြားနာ စစ်ဆေးခဲ့ပြီး၊ တရားရုံးမှ ပြန်လည် ထွက်ခွာချိန်တွင် မီဒီယာများအား မိမိကျန်းမာရေး မကောင်းကြောင်း ပြောကြားခဲ့သည်။
သူ့မှာက ကျီးပေါင်း၊ နှလုံးရောဂါနဲ့ မျက်စိရောဂါရှိတယ်။ သူ့ကို ဂရုစိုက်ပြီးတော့ ကုသပေးဖို့ တောင်းဆို ထားတယ်။ သူတို့ကလည်း လုပ်ပေး မယ်လို့ ပြောသွားပါတယ်ဟု ဦးဆန်းဆင့်၏ မိသားစုဝင် ဦးအောင်ဌေး က ပြောသည်။ လက်ရှိတွင် ဦးဆန်းဆင့်အား တရားရုံးထုတ်မှု ငါးကြိမ် ရှိသွားပြီ ဖြစ်ပြီး ယမန်နေ့ တရားရုံး ထုတ် စစ်ဆေးမှုတွင် တစ်နေကုန် နီးပါး ကြာမြင့် ခဲ့သည်။ ဦးဆန်းဆင့်အား ယခုအကြိမ် တရားရုံး ထုတ်ရာတွင် ဒက်္ခိဏခရိုင် တရားရုံးမှ တာဝန် ရှိသူများက မီဒီယာများအား ကင်မရာ၊ ဖုန်း၊ အသံဖမ်းစက် များကိုမူ ကိုင်ဆောင်ခြင်းမပြုပဲ တရားရုံးအတွင်း ၀င်ရောက်ခွင့်ပြုခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉/၁၀၉ဖြင့် အမှု ဖွင့်ကာ တရားစွဲဆို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ဦးဆန်းဆင့်သည် ယခင် မြို့နယ် တရားရုံး ရုံးချိန်းတွင် မီဒီယာ များနှင့် တွေ့ဆုံစဉ်က မိမိအား အရေးယူ ဆောင်ရွက်ခြင်းသည် အလွန် မတရားမှုပြုလုပ်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Messenger News Journal

No comments:

Post a Comment