Thursday 31 July 2014

အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့

Photo: အမျိုးသမီး တစ်ဦးမှ (၂၄) ကြိမ်တွင် သားသမီး ၂၆ ဦး မွေးဖွားခဲ့
Thursday, July 31, 2014

ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။

သူမအနေဖြင့် ဦးမြင့်ဝေနှင့် အိမ်ထောင်ကျပြီး ၃၁နှစ်အတွင်း သားသမီး ၂၆ဦးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ''၁၉၇၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အကြိမ်(၂ဝ) မြောက်ကို ကလေး ၂ဝဦး မွေးဖွား ခဲ့ပါတယ်။ နောက်ထပ် ၂ဝ၁၃ခုနှစ်အထိ (၄)ကြိမ်မှာ နှစ်မြွှာ ပူးနှစ်ခါ၊ တစ်ဦးချင်း နှစ်ခါ မွေးခဲ့ပါတယ်''ဟု ဒေါ်ခင်သူဇာက ပြောပြ သည်။

''မွေးဖွားခဲ့တဲ့ (၂၄)ကြိမ်မှာ သား ၁၄ဦး၊ သမီး ၁၂ဦး မွေးဖွား ခဲ့ပါတယ်။ အကြီးဆုံး သားကြီးက ၃၈နှစ်ရှိပြီး အငယ်ဆုံးသားက ၁၂ နှစ်ရှိနေပါပြီ။ အန်တီက တစ်နှစ်ကို ၁ယောက်နှုန်းနဲ့ မွေးဖြစ် ခဲ့တာပါ။ သူတို့ အသက် ရှစ်နှစ် ကိုးနှစ် ရောက်ပြီးမှ ဆုံးသွား ခဲ့တာလည်း ရှိပါတယ်။ အခုဆိုရင် ယောက်ျားလေး ငါးဦး၊ မိန်းကလေး ရှစ်ဦးပဲ ရှိတော့တယ်။ ဆရာဝန်တွေ၊ အိုဂျီတွေ အပြင်ဆေးရုံ တွေကိုလည်း အမျိုးမျိုးပြောင်း ပြီး မွေးခဲ့ ရတာ တွေလည်းရှိပါတယ်'' ဟု ဒေါ်ခင်သူဇာက ပြောကြားသည်။

''အန်တီ့ ယောက်ျား ဦးမြင့်ဝေက ပို့ဆောင်ရေး ဝန်ကြီးဌာနက ဝန်ထမ်း အငြိမ်းစားဖြစ်တာက တစ်ကြောင်း၊ ကလေးတွေက အများကြီး ဖြစ်နေတာက တစ်ကြောင်း၊ သူတို့နဲ့ နေရေး၊ စားရေး၊ ကျောင်းတက်တဲ့ ကိစ္စတွေမှာလည်း အခက်အခဲတွေကတော့ ရှိပါတယ်။ သားသမီး၂၆ဦးမှာ အန်တီတို့ အဘိုးကြီး အဘွားကြီးတွေကို လေးဦး ငါးဦးပဲ လုပ်ကြွေး ရင်တောင်မှ ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ကလေး ၂၆ဦး မွေးဖွားခဲ့သည့် ဒေါ်ခင်သူဇာတို့ မိသားစုတွင် ဆုံးပါးသွားသည့် သားသမီးများ မပါ လက်ရှိ သားသမီး ၁၃ဦးအပြင် မြေး ၁၇ဦး၊ မြစ်တစ်ဦး ရရှိနေ ပြီ ဖြစ်သည်။ ဒေါ်ခင်သူဇာမှာ အသက် ၅၇နှစ် ရှိပြီး ယောက်ျားဖြစ်သူ ဦးမြင့်ဝေမှာ ၆၄နှစ် ရှိကြောင်း သိရသည်။

ထိုမိသားစုအား ဆရာတော် ရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)က မိဘ ကျေးဇူးကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်အလိုက် အလှူဒါနများ ပြုလုပ်ပေးခြင်း၊ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမ များမှ အလှူငွေများ ပေး အပ်ထောက် ပံ့ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေါ်ခင်သူဇာ၏ ပြောကြားချက် အရ သိရသည်။

မောင်မျိုး (ဧရာဝတီ)
မြ၀တီ
ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် သီတာဆိပ် မှတ်တိုင်အနီး ပြည်တော်သစ် အိမ်ရာ တိုက်အမှတ်(၂)၊ အခန်း (၁၈)နေ ဒေါ်ခင်သူဇာသည် မွေးဖွားသည့် အကြိမ်ရေ (၂၄)ကြိမ်တွင် ကလေး ၂၆ဦးအား ထူးခြား စွာ မွေးဖွား ခဲ့ကြောင်း သိရသည်။

သူမအနေဖြင့် ဦးမြင့်ဝေနှင့် အိမ်ထောင်ကျပြီး ၃၁နှစ်အတွင်း သားသမီး ၂၆ဦးအား မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ''၁၉၇၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ အကြိမ်(၂ဝ) မြောက်ကို ကလေး ၂ဝဦး မွေးဖွား ခဲ့ပါတယ်။ နောက် ထပ် ၂ဝ၁၃ခုနှစ်အထိ (၄)ကြိမ်မှာ နှစ်မြွှာ ပူးနှစ်ခါ၊ တစ်ဦးချင်း နှစ်ခါ မွေးခဲ့ပါတယ်''ဟု ဒေါ်ခင်သူဇာက ပြောပြ သည်။

''မွေးဖွားခဲ့တဲ့ (၂၄)ကြိမ်မှာ သား ၁၄ဦး၊ သမီး ၁၂ဦး မွေးဖွား ခဲ့ပါတယ်။ အကြီးဆုံး သားကြီးက ၃၈နှစ်ရှိပြီး အငယ်ဆုံးသားက ၁၂ နှစ်ရှိနေပါပြီ။ အန်တီက တစ်နှစ်ကို ၁ယောက်နှုန်းနဲ့ မွေးဖြစ် ခဲ့တာပါ။ သူတို့ အသက် ရှစ်နှစ် ကိုးနှစ် ရောက်ပြီးမှ ဆုံးသွား ခဲ့တာလည်း ရှိပါတယ်။ အခုဆိုရင် ယောက်ျားလေး ငါးဦး၊ မိန်းကလေး ရှစ်ဦးပဲ ရှိတော့တယ်။ ဆရာဝန်တွေ၊ အိုဂျီတွေ အပြင်ဆေးရုံ တွေကိုလည်း အမျိုးမျိုးပြောင်း ပြီး မွေးခဲ့ ရတာ တွေလည်းရှိပါတယ်'' ဟု ဒေါ်ခင်သူဇာက ပြောကြားသည်။

''အန်တီ့ ယောက်ျား ဦးမြင့်ဝေက ပို့ဆောင်ရေး ဝန်ကြီးဌာနက ဝန်ထမ်း အငြိမ်းစားဖြစ်တာက တစ်ကြောင်း၊ ကလေးတွေက အများကြီး ဖြစ်နေတာက တစ်ကြောင်း၊ သူတို့နဲ့ နေရေး၊ စားရေး၊ ကျောင်းတက်တဲ့ ကိစ္စတွေ မှာလည်း အခက်အခဲတွေကတော့ ရှိပါတယ်။ သားသမီး၂၆ဦးမှာ အန်တီတို့ အဘိုးကြီး အဘွားကြီးတွေကို လေးဦး ငါးဦးပဲ လုပ်ကြွေး ရင်တောင်မှ ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ကလေး ၂၆ဦး မွေးဖွားခဲ့သည့် ဒေါ်ခင်သူဇာတို့ မိသားစုတွင် ဆုံးပါးသွားသည့် သားသမီးများ မပါ လက်ရှိ သားသမီး ၁၃ဦးအပြင် မြေး ၁၇ဦး၊ မြစ်တစ်ဦး ရရှိနေ ပြီ ဖြစ်သည်။ ဒေါ်ခင်သူဇာမှာ အသက် ၅၇နှစ် ရှိပြီး ယောက်ျားဖြစ်သူ ဦးမြင့်ဝေမှာ ၆၄နှစ် ရှိကြောင်း သိရသည်။

ထိုမိသားစုအား ဆရာတော် ရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)က မိဘ ကျေးဇူးကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်အလိုက် အလှူဒါနများ ပြုလုပ်ပေးခြင်း၊ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမ များမှ အလှူငွေများ ပေး အပ်ထောက် ပံ့ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေါ်ခင်သူဇာ၏ ပြောကြားချက် အရ သိရသည်။

မောင်မျိုး (ဧရာဝတီ)
မြ၀တီ

No comments:

Post a Comment