Thursday 31 July 2014

ရန်ကုန်မြို့ အိမ်ရာလိုအပ်ချက် နှစ်စဉ်ကြီးမား နေသော်လည်း အစိုးရ၏ တန်ဖိုးနည်း အိမ်ရာ ဖော်ဆောင်မှု နည်းပါးနေသေးဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၀- ရန်ကုန်မြို့ပေါ်သို့ အလုပ်လုပ်ကိုင်ရန် တက်ရောက်လာသည့် ကျေးလက်နေ သူများ နှစ် စဉ် များပြားနေခြင်း ကြောင့် ရန်ကုန် အိမ်ရာလိုအပ်ချက်ကြီးမား နေပြီး အစိုးရ၏ တန်ဖိုးနည်း အိမ်ရာလုပ်ငန်း များမှာ ထိရောက်မှု နည်းပါးနေကြောင်း အိမ် ခြံမြေလုပ်ငန်းရှင်များကဆိုသည်။
နယ်မြေမတည်ငြိမ်မှုနှင့် ကျေးလက် အလုပ်အကိုင်ရှားပါး မှုကြောင့် ကျေး လက် ဒေသမှ တက်ရောက် လာသူများကြောင့် မြို့ နေလူဦးရေ များပြားလာပြီး ရန်ကုန်မြို့ လူ ဦးရေပိုမိုဖောင်းပွကာ မြို့တွင်း၊ မြို့ပြင် အိမ် ရာလိုအပ်သူများ တအိအိမြင့် တက်နေခြင်း တို့ကြောင့် အနာဂတ်အိမ်ရာငှားရမ်းမှုများ ဆက်လက်မြင့် တက်နေဦးမည်ဟု ပြည်တွင်း အိမ်ခြံမြေလုပ် ငန်းရှင်များက ပြောဆို သည်။

အိမ်ခြံမြေလုပ်ငန်းရှင် အသင်း ပြန် ကြားရေး တာဝန်ခံ ဦးကျော်ညီညီလတ်က ''နယ်မြေတွေက မတည် ငြိမ်တော့ လူတွေက မြို့တက်လာတယ်၊ ကျေးလက်နေသူတွေကလဲ အလုပ်အကိုင်ကြောင့် ရန်ကုန် ပြောင်း လာ တယ်၊ အကျိုးဆက်က ရန်ကုန် လူဦးရေ ဖောင်းပွလာတယ်၊ မြို့မှာ နေစရာအတွက် အိမ်ငှားကို အားကိုးနေရတော့ ဒီဈေးကွက် က နှစ်စဉ်ထိုး တက်လာ တယ်''ဟု ဆိုသည်။

မြို့နေလူဦးရေးတိုးပွားမှုကြောင့် အိမ် ငှားလုပ်ငန်းများ ဆက်လက်မြင့်တက်နေဦး မည်ဖြစ်ကြောင်း၊ အစိုးရမှ မြို့နေလူဦးရေတိုး ပွားမှုနှင့် အိမ်ရာလိုအပ်ချက်အားဖြည့်ဆည်း နိုင်ရန်အတွက် တန်ဖိုးနည်းအိမ်ရာများ ဖြည့် ဆည်းပေးသည်ဟုဆိုသော်လည်း အိမ်ရာ ဈေးကြီးမှု၊ ဖန်တီးသည့်အိမ်ရာအရေအ တွက်နှင့် တိုးတက်လာ သည့်လူဦးရေနှင့် မမျှ တခြင်းကြောင့် ထိရောက်မှု နည်းပါးလျက် ရှိကြောင်း ယင်းကထပ်မံပြောဆိုသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ၏ပြောဆိုမှုအရ ရန်ကုန်၏ နှစ်စဉ်အိမ်ရာ လိုအပ်ချက်မှာ ငါးသောင်း ဝန်းကျင်အထိ ရှိ နေကြောင်းလည်းသိရသည်။ ယင်းအား ဖြေရှင်းနိုင်ရန်အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များ ၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ ချမှတ် လုပ် ဆောင်နေပြီး ပထမငါးနှစ် စီမံကိန်းကာလ အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ရာအလုံးရေ တစ်သိန်း အား ပြည်ထောင်စု အစိုးရဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်နေကြောင်း သိရသည်။

အိမ်ခြံမြေ လုပ်ငန်းရှင် ဦးကျော်ဝင်းက ''မြို့ပေါ်ကိုတက်လာတဲ့ လူဦးရေက အရင် ကထက်စာရင် ဘယ်လောက် တက်လာသလဲ ဆိုတာ ဘတ်စ်ကားလိုင်းတွေ ဘယ်လောက် တိုးပွားပြီး လူတွေ ဘယ်လို စီးနေရသလဲဆို တာ ကြည့်တာနဲ့သိသာတယ်၊ အစိုးရ ကလဲ တန်ဖိုးနည်းအိမ်ရာတွေကို အကောင် အထည် ဖော်တယ်ဆိုပေမယ့် လုပ်ငန်းတွေက အခုမှ စကြတာများတော့ လိုအပ်နေတဲ့နေ စရာကို ချက်ချင်းပြေလည်ဖို့ မလွယ်ဖြစ်နေတာပါ၊ အဲဒီတော့ လူတွေက အိမ်ငှားကို အားကိုးရ တာများတယ်''ဟု ဆိုသည်။

လူဦးရေ ရှစ်သန်းကျော်အထိ ရှိနေ သည့် ရန်ကုန်မြို့တွင်တိုးပွားလာသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု များကြောင့် အလုပ်အကိုင် များ သိသာစွာတိုးတက် လာသည်ဟုဆိုသော် လည်း ရရှိသောလုပ်ခလစာ မှာ နေရေးနှင့် မကာမိခြင်းကြောင့် စနစ်မကျသောနေထိုင်မှု များတိုးပွားလာရာ မြို့ပြစီမံကိန်း များ ချမှတ် ခြင်းနှင့် ကျေးလက်ဒေသအထိ အလုပ်အကိုင် ဖြန့်ကြက်နိုင်မှသာ အဆင်ပြေ နိုင်ကြောင်း ယင်းက ထပ် မံပြောဆိုသည်။

အိမ်ခြံမြေလုပ် ငန်းရှင်တစ်ဦးက ''အစိုးရ ကလဲ တန်ဖိုးနည်းအိမ်ရာတွေ အကောင်အ ထည်ဖော်ပေမယ့်လဲ မြို့မှာတိုးပွား လာတဲ့လူ ဦးရေနဲ့ ကြည့် ရင် နောင်မှာလဲ အိမ်ငှားတို့ ရောင်းဝယ်ရေး လုပ်ငန်း တို့က မြင့်တက်နေ ဦးမှာပဲ၊ ဘာလို့လဲဆိုတော့ လူတွေက ကျေး လက်မှာထက် ရန်ကုန်က ဘာလေးပဲ လုပ်လုပ် အလွယ်တကူငွေရှာလို့ရတဲ့ အလုပ်တွေ ရှိနေ တော့ ကျေး လက်မှာနေ လိုသူတွေ နည်းပါး လာတယ်''ဟုဆိုသည်။

Yangon Media Group

No comments:

Post a Comment