Thursday 31 July 2014

လိုင်လီတိုက်စစ်မှူး အိုရီဂီအား လီဗာပူးစာချုပ်ခေါ်ယူ


ပရီမီယာလိဂ်ကလပ် လီဗာပူး အသင်းသည် ပြင်သစ်ပထမတန်း ကလပ် လိုင်လီအသင်းမှ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုရီဂီအား ပြောင်းရွှေ့ ကြေးပေါင် သန်း ၁ဝ(ယူရို ၁၂ သန်း)ဖြင့် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီဖြစ်ပြီး ယခု လက်ရှိတွင် လိုင်လီအသင်းသို့ အငှား ချထားလျက်ရှိသည်။ လိုင်လီအသင်း သို့ အငှားချထားသော်လည်း ၂ဝ၁၅ ခုနှစ်တွင် လီဗာပူးအသင်းသို့ ပြန် လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

တိုက်စစ်မှူး အိုရီဂီသည် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံ အသင်းနှင့်အတူ ငါးပွဲပါဝင်ကစားပေး ခဲ့ပြီး ရုရှားအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။တိုက်စစ်မှူး အိုရီဂီသည် ၎င်း၏အသက်(၁၅)နှစ်တွင် ဂျန့်အသင်းနှင့် အတူ ကစားသမားဘဝကို စတင်ခဲ့ပြီး လိုင်လီအသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ လက်ရှိတွင် လီဗာပူး အသင်းသည် ရစ်ကီလမ်းဘာ့၊ လယ်လ်လာနာ၊ လော့ဗ်ရန်၊ အမိရာ ကန်၊ မာကိုဗစ် စသည့်ကစားသမားများ ကို ခေါ်ယူထားပြီးဖြစ်၍ တိုက်စစ်မှူး အိုရီဂီသည် လီဗာပူးအသင်း၏ ခြောက်ယောက်မြောက်စာချုပ်ချုပ် ဆို ခေါ်ယူခဲ့သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။
The Mirror Daily

No comments:

Post a Comment