Thursday 31 July 2014

Ladies’ Code အဖွဲ့ သြဂုတ် လအတွင်း အယ်လ်ဘမ်သစ် ထွက်မည်ဟုဆို

31jl3
အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားသည့် Ladies’ Code ဆက်ကျော်သက် အမျိုးသမီး အဆိုအဖွဲ့သည် ပရိသတ်များ အတွက် အံ့သြဖွယ် သတင်းကောင်း အချို့ ရှိသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး ၎င်းတို့သည် သြဂုတ် ၇ရက်၌ တစ်ကိုယ်တော် အယ်လ်ဘမ် တစ်ချပ်နှင့် အတူ ပရိသတ် ရင်တွင်းသို့ ပြန်လည် ဝင်ရောက် လာမည်ဟု k pop net  တွင် ရေးသားထားသည်။“အခုထုတ်ခဲ့ အယ်လ်ဘမ်ကနေ Ladies’ Codeအဖွဲ့ရဲ့ လွမ်းမောစရာ ဂီတသံစဉ်နဲ့ ပိုပြီးကြည်လွင် ရွှင်ပြတဲ့ အသံတွေကို အဆင့်မြင့် ပုံစံ ပြုပြင်ပြောင်းလဲ ထားတာ တွေ့ရမှာ ဖြစ်သလို နားဆင်သူတွေ အဖို့ ကြည်နူး ချမ်းမြေ့စေရုံ သာမက ကြည့်ရှုသူတွေ အတွက်လည်း စတိတ်စင်ပေါ်က သူတို့ရဲ့ ထူးခြားထင်ရှားတဲ့ကပြ ဖျော်ဖြေမှုတွေ ကိုလည်း မြင်တွေ့ရမှာပါ”ဟု ၎င်းတို့၏ အေဂျင်စီ Polaris Entertainment က မှတ်ချက်ပြု ပြောကြားခဲ့သည်။

Ladies’ Code အဖွဲ့သည် ယခုထွက်မည့် အယ်လ်ဘမ် အတွက် ထုတ်လုပ်သူ စူပါချန်ဒိုင်းနှင့် ပူးပေါင်း ကြိုးပမ်းထားပြီး ယင်းပုဂ္ဂိုလ်သည် ၎င်းတို့ အဖွဲ့၏ ပွဲဦးထွက် အခွေ ထုတ်စဉ် ကတည်းက လက်တွဲ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၎င်းတို့ အဖွဲ့၏ ထူးခြား ထင်ရှားသည့် လွမ်းမောဖွယ် ဂီတသံစဉ်များကို ခံစားချက်များ ရိုးရှင်းစွာ ဖော်ကျူး ထားသည့် သီချင်း စာသားများဖြင့် ပေါင်းစပ်ကာ အဆင့်မြင့် ဗားရှင်းပုံစံ မျိုးဖြစ်အောင် ပြင်ဆင် လုပ်ဆောင်လျက် ရှိသည်ဟုလည်း ထုတ်ဖော် ပြောကြား ထားသည်။
 Mizzima News

No comments:

Post a Comment