Thursday 31 July 2014

အဖြေမှန်သည့် ကျောင်းသူကို အမှတ်လျှော့သည့် ဆရာမအား ရာထူးလျှော့ချ

အဋ္ဌမတန်းကျောင်းသူ ၏အဖြေမှန်သော်လည်း ရမှတ် လျှော့ချခဲ့မှုဖြင့် တိုင်ကြားခံရ သော ဆရာမအားအတန်းပိုင်ရာ ထူးမှ လျှော့ချခဲ့သလို အတန်း လျှော့ ၍ သင်ကြားရန်ဆုံးဖြတ် လိုက်ကြောင်း လပွတ္တာမြို့နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။လပွတ္တာမြို့ရှိအထက်တန်း ကျောင်းတွင် ပညာသင်ယူနေ သော အဋ္ဌမတန်းကျောင်းသူကို အတန်းပိုင်ဆရာမက သင်္ချာပုစ္ဆာ ဖြေဆိုရာ၌ အဖြေမှန်ကန် သော်လည်း အမှတ်လျှော့ခဲ့သဖြင့် ကျောင်းသူ၏မိဘက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။

အဆိုပါကျောင်းသူသည် အ တန်းပိုင်ဆရာမထံတွင် ကျုရှင် တက်ရောက်ခြင်းမရှိဘဲ ပြင်ပနာ မည်ကြီးကျူရှင်တွင်တက်ရောက် နေခြင်းကြောင့် အတန်းပိုင်ဆရာမ၏ ငြိုငြင်မှုခံရပြီး စာမေးပွဲတွင် အမှတ်လျှော့ခံရမှုနှင့် ငွေကြေးကောက်ခံမှုစွပ်စွဲချက်တို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

‘‘ကာယကံရှင်တွေအဆင် ပြေအောင် ညှိနှိုင်းပေးလိုက်တာ ပါ။ မိဘတွေ ဆန္ဒလည်းအဆင် ပြေအောင်၊ လူတော်ကျောင်းသူ လေးလည်း မဆုံး ရှုံးအောင်ဆောင် ရွက်ပေးတာပါ။ ဆရာမကို အဋ္ဌမ တန်းဘာသာရပ် သင်ကြားခွင့်မ ပေးတော့ဘူး။ အတန်းပိုင်အဖြစ် က ရပ်စဲလိုက်သလို လက်ရှိသင် နေတဲ့ အတန်းထက်လျှော့ချလိုက် ပါတယ်’’ဟု လပွတ္တာမြို့နယ်ပ ညာရေးညွှန်ကြားရေးမှူးကပြော သည်။ အတန်းပိုင် ဆရာမထံ တွင် ကျူရှင်မတက်ခြင်းကြောင့် ငြိုငြင် ခံရခြင်း၊ စာမေးပွဲအမှတ်လျှော့ခံရ ခြင်းနှင့် ငွေကြေးကောက်ခံခြင်း တို့ကြောင့် ကျောင်းသားမိဘက သက်သေအထောက်အထားခိုင် လုံစွာဖြင့် တိုင်ကြားခဲ့ခြင်းဖြစ် သည်။

‘‘ကလေးစာအုပ်ကိုလည်း တောင်းကြည့်တယ်။ အမှတ်ပေး စာအုပ်ကိုလည်းစစ်တယ်။ အဖြေ ကတော့ မှန်ပါတယ်။ သင်္ချာပုစ္ဆာမှာ အဆင့်ကူးပြောင်း တာက လွဲ တာရှိတယ်။ မိဘနဲ့ဆရာကြားမှာ အဆင်ပြေအောင်ဆောင်ရွက်ခဲ့ တာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ကျူရှင်ဈေးကွက်ကြီးထွား နေမှုနှင့် ဆရာ၊ ဆရာမများဘက် လိုက်မှုကြောင့် ဝေဖန်ခံနေရမှုအ ပေါ် ပြည်ထောင်စုဝန်ကြီးဒေါက် တာခင်စန်းရီက ဆရာ၊ဆရာမများအားလပ်ချိန်၌ ကိုယ်ပိုင်ဝင် ငွေဖြည့်ဆည်းနိုင်ကြောင်းပြော ထားသည်။ ‘‘ပညာရေးဝန်ကြီးကဆရာ မတွေကို စာနာနားလည် လို့ပြော ပေမယ့်လည်း ကျူရှင်မသင်ရအ မိန့်က တည်နေတုန်းပဲ။ တိုင်ကြား မှုရှိလာရင် စိစစ်အရေးယူမှုတွေ ရှိနေပါတယ်’’ဟု ပညာရေးဝန် ကြီးဌာန အရာရှိတစ်ဦးက ပြော ကြားသည်။

ဆရာ၊ ဆရာမများကျုရှင်မ သင်ရန် ထုတ်ပြန်ထားသော်လည်း သင်ကြားမှုများရှိနေပြီး ကုန်ကျစရိတ် ကြီးမားလာမှု ကြောင့် ပြင်ပ ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက် ရန်လိုအပ်ကြောင်း ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သတိပေးခဲ့သည်။

7Day Daily

No comments:

Post a Comment