Thursday 31 July 2014

နယ်စပ်ကုန်သွယ်ရေးဂိတ်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

Photo: နယ်စပ်ကုန်သွယ်ရေးဂိတ်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
Thursday, July 31, 2014

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် နယ်စပ်ကုန်သွယ်ရေး မယ်ယန်းပူးပေါင်းဂိတ် Mobile Team အဖွဲ့ခေါင်းဆောင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင် ဦးစီးသည့်စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းမီဒီယာများပါဝင်သောအဖွဲ့သည် ဇူလိုင် ၂၅ ရက် ည ၁ဝ နာရီက တောင်ကြီးမှ တာချီလိတ်သို့ သံလွင်လိုင်းပြေးဆွဲသည့် ၄၈/----Hiace အဖြူရောင်ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံး ရှစ်တုံး၊ အလေးချိန် ၂၄ ဒသမ ၈ ကီလို၊ ဆင်ရုပ် ၈၃ ရုပ်၊ အလေးချိန် ၂၁ ဒသမ ၅ ကီလို၊ လက်ကောက် ၆ဝ၃ ကွင်း၊ အလေးချိန် ၃ ကီလို၊ ကျောက်ပုတီး လုံး ၂၇ဝ၊ အလေးချိန် ၁၅ ကီလို၊ ဆည်းလည်းကျောက်ပြားခေါင်းလောင်း ၁၄ ကီလို၊ ကျောက်ဖြတ်စ ၂ ဒသမ ၁ ကီလို၊ ကျောက်လက်ပတ် ၄ဝ ဒသမ ၅ ကီလို၊ ပုတီး ကုံး ၁၂ဝ၊ အလေးချိန် ၁ဝ ဒသမ ၅ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၅၃၅ဝဝ ကို ရှာဖွေတွေ့ရှိသဖြင့် ယာဉ်ပိုင်ရှင် နန်းစမ်နွမ်ဟွမ်ကိုမေးရာ သံလွင်ယာဉ်လိုင်းတွင် အသင်းဝင်ယာဉ်ဖြစ်ပြီး သံလွင်ဂိတ်မှူးမှ တင်ဆောင်ပေးရန် သယ်ဆောင်ခ ၅ဝဝဝဝ ဖြင့်သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပိုင်ရှင်မှာ ဒေါ်ဂျမ်းစိန်ဖြစ်ပြီး မန္တလေးမှတာချီလိတ်သို့ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရပြီး သက်သေခံ ပစ္စည်းများအား မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ် လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဝင်းခိုင်က အဆိုပါပစ္စည်းများအား ဇူလိုင် ၂၈ ရက် နံနက်ပိုင်း က အကောက်ခွန်ဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

အကောက်ခွန်မဲ့ပစ္စည်းသယ်ဆောင်လာသူ ကျောက်စိမ်းပိုင်ရှင်အား ဥပဒေအရအရေးယူပေးရန် လက်ထောက်ညွှန်ကြားရေးမှူးက တရားလို ပြုလုပ်တိုင်တန်းရာ ဒေါ်ဂျမ်းစိန်အား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူပြီး သက်သေခံပစ္စည်းများကို ကျောက်စိမ်းအရိုင်းတုံး ဟုတ် မဟုတ်နှင့် တန်ဖိုးငွေတွက်ချက်စစ်ဆေးထင်မြင်ချက်တောင်းခံနိုင်ရန် ဦးဆောင် ညွှန်ကြားရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သတ္တု တွင်းဝန်ကြီးဌာန နေပြည်တော်သို့ ပေးပို့ထင်မြင်ချက်တောင်းခံထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် နယ်စပ်ကုန်သွယ်ရေး မယ်ယန်းပူးပေါင်းဂိတ် Mobile Team အဖွဲ့ခေါင်းဆောင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင် ဦးစီးသည့်စားသုံးသူအကာ အကွယ်ပေးေ ရးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီး ဌာန၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းမီဒီယာများပါဝင်သောအဖွဲ့သည် ဇူလိုင် ၂၅ ရက် ည ၁ဝ နာရီက တောင်ကြီးမှ တာချီလိတ်သို့ သံလွင်လိုင်းပြေးဆွဲသည့် ၄၈/----Hiace အဖြူရောင်ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံး ရှစ်တုံး၊ အလေးချိန် ၂၄ ဒသမ ၈ ကီလို၊ ဆင်ရုပ် ၈၃ ရုပ်၊ အလေးချိန် ၂၁ ဒသမ ၅ ကီလို၊ လက်ကောက် ၆ဝ၃ ကွင်း၊ အလေးချိန် ၃ ကီလို၊ ကျောက်ပုတီး လုံး ၂၇ဝ၊ အလေးချိန် ၁၅ ကီလို၊ ဆည်းလည်းကျောက်ပြားခေါင်းလောင်း ၁၄ ကီလို၊ ကျောက်ဖြတ်စ ၂ ဒသမ ၁ ကီလို၊ ကျောက်လက်ပတ် ၄ဝ ဒသမ ၅ ကီလို၊ ပုတီး ကုံး ၁၂ဝ၊ အလေးချိန် ၁ဝ ဒသမ ၅ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၅၃၅ဝဝ ကို ရှာဖွေတွေ့ရှိသဖြင့် ယာဉ်ပိုင်ရှင် နန်းစမ်နွမ်ဟွမ်ကိုမေးရာ သံလွင်ယာဉ်လိုင်းတွင် အသင်းဝင်ယာဉ်ဖြစ်ပြီး သံလွင်ဂိတ်မှူးမှ တင်ဆောင်ပေး ရန် သယ်ဆောင်ခ ၅ဝဝဝဝ ဖြင့်သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပိုင်ရှင်မှာ ဒေါ်ဂျမ်းစိန်ဖြစ်ပြီး မန္တလေးမှ တာချီလိတ်သို့ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရပြီး သက်သေခံ ပစ္စည်းများအား မယ်ယန်း ပူးပေါင်း စစ်ဆေးရေး ဂိတ် လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဝင်းခိုင်က အဆိုပါပစ္စည်းများအား ဇူလိုင် ၂၈ ရက် နံနက်ပိုင်း က အကောက်ခွန်ဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။
အကောက်ခွန်မဲ့ပစ္စည်းသယ်ဆောင်လာသူ ကျောက်စိမ်းပိုင်ရှင်အား ဥပဒေအရအရေးယူပေးရန် လက်ထောက် ညွှန်ကြားရေးမှူးက တရားလို ပြုလုပ်တိုင်တန်းရာ ဒေါ်ဂျမ်းစိန်အား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူပြီး သက်သေခံပစ္စည်းများကို ကျောက်စိမ်းအရိုင်းတုံး ဟုတ် မဟုတ်နှင့် တန်ဖိုးငွေ တွက်ချက် စစ်ဆေးထင်မြင်ချက်တောင်းခံနိုင်ရန် ဦးဆောင် ညွှန်ကြားရေးမှူး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း သတ္တု တွင်းဝန်ကြီးဌာန နေပြည်တော် သို့ ပေးပို့ထင်မြင်ချက်တောင်းခံ ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn

No comments:

Post a Comment