Thursday 31 July 2014

ထိုင်းလက်ရေးလှပြိုင် ပွဲမြန်မာကလေးငယ်အနိုင်ရ

 Photo: ထိုင်းလက်ရေးလှပြိုင် ပွဲမြန်မာကလေးငယ်အနိုင်ရ
Thursday, July 31, 2014

  မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးက မွေးဖွားသော ကလေးငယ်တစ်ဦးသည်ထိုင်း နိုင်ငံ၌ ကျင်းပခဲ့သော ထိုင်း လက်ရေးလှပြိုင်ပွဲ၌ အနိုင်ရခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖော်ပြ သည်။

ယမန်နေ့ကကျင်းပသော ထိုင်းအမျိုးသားဘာသာစကား နေ့အထိမ်းအမှတ်လက်ရေးလှ ပြိုင်ပွဲတွင် Tak ခရိုင်ရှိ Arunmetha ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၁၂ နှစ်)အရွယ် Yasa ဆိုသည့် မြန်မာကလေးငယ်သည် မူလတန်း အဆင့်ထိုင်းလက်ရေးလှပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

ထိုင်းအခြေခံပညာသင်ကြားရေးကော်မရှင် အထွေထွေအတွင်း ရေးမှူး Kamol Rodkhai က မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးမှ မွေးဖွားခဲ့သော Yasa သည် ထိုင်းလက်ရေးလှပြိုင်ပွဲ၌အနိုင်ရခဲ့ခြင်းကြောင့် ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်းနှင့် အံ့အားသင့်ဖွယ်အဖြစ်အပျက်တစ်ခုဖြစ် ကြောင်းပြောသည်။

Yasa ကို Tak ခရိုင်ရှိ Phop Phra ဒေသတွင် မွေးဖွားခဲ့ခြင်းဖြစ် သည်ဟုသိရသည်။ Yasa ၏ ဆရာဖြစ်သူ Saeng- arun Son saen က ''မြန်မာဘာသာသင်ကြားရေးစင်တာမှာ ပညာစသင်ခဲ့တဲ့ Yasa ဟာ အစောပိုင်းက ထိုင်းစာလုံးဝမတတ်ခဲ့ပါဘူး။ ဒါပေမယ့် အသက်(၁ဝနှစ်) အရွယ်အထိ ထိုင်းစာမတတ်ခဲ့တဲ့ Yasa ဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော် လောက်ကမှ ထိုင်းစာစသင်ခဲ့တာပါ။ ဥာဏ်ကောင်းတဲ့ Yasa ဟာထိုင်း ဘာသာစကားသင်ခန်းစာတွေကို စိတ်ဝင်တစား သင်ယူခဲ့တာကြောင့် တတ်မြောက်မှုနှုန်းမြန်ခဲ့ပါတယ်။ အတန်းထဲမှာလဲ Yasa ဟာ ထိုင်း ဘာသာစကားကိုရေးသားရာမှာ လက်ရေးအလှဆုံးသူဖြစ်သလို၊ အထူး ချွန်ဆုံးသူလဲဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းတစ်နိုင်ငံလုံးမှာ ပထမရခဲ့တာ ကအံ့သြစရာမရှိပါဘူး''ဟု ပြောသည်။

The Union Daily
မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးက မွေးဖွားသော ကလေးငယ်တစ်ဦးသည်ထိုင်း နိုင်ငံ၌ ကျင်းပ ခဲ့သော ထိုင်း လက်ရေးလှပြိုင်ပွဲ၌ အနိုင်ရခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖော်ပြ သည်။
ယမန်နေ့ကကျင်းပသော ထိုင်းအမျိုးသားဘာသာစကား နေ့အထိမ်းအမှတ်လက်ရေးလှ ပြိုင်ပွဲတွင် Tak ခရိုင်ရှိ Arunmetha ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၁၂ နှစ်)အရွယ် Yasa ဆို သည့် မြန်မာကလေးငယ်သည် မူလတန်း အဆင့်ထိုင်းလက်ရေးလှပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည် ဟု သိရ သည်။

ထိုင်းအခြေခံပညာသင်ကြားရေးကော်မရှင် အထွေထွေအတွင်း ရေးမှူး Kamol Rodkhai က မြန် မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးမှ မွေးဖွားခဲ့သော Yasa သည် ထိုင်းလက်ရေးလှပြိုင်ပွဲ၌အနိုင် ရခဲ့ခြင်းကြောင့် ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်းနှင့် အံ့အားသင့်ဖွယ်အဖြစ်အပျက်တစ်ခုဖြစ် ကြောင်းပြောသည်။

Yasa ကို Tak ခရိုင်ရှိ Phop Phra ဒေသတွင် မွေးဖွားခဲ့ခြင်းဖြစ် သည်ဟုသိရသည်။ Yasa ၏ ဆရာဖြစ်သူ Saeng- arun Son saen က ''မြန်မာဘာသာသင်ကြားရေးစင်တာမှာ ပညာစသင်ခဲ့တဲ့ Yasa ဟာ အစောပိုင်းက ထိုင်းစာလုံးဝမတတ်ခဲ့ပါဘူး။ ဒါပေမယ့် အသက်(၁ဝနှစ်) အရွယ်အထိ ထိုင်းစာမတတ်ခဲ့တဲ့ Yasa ဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော် လောက်ကမှ ထိုင်းစာစသင်ခဲ့တာပါ။ ဥာဏ်ကောင်းတဲ့ Yasa ဟာထိုင်း ဘာသာစကားသင်ခန်းစာတွေကို စိတ်ဝင်တစား သင်ယူခဲ့တာကြောင့် တတ်မြောက်မှုနှုန်းမြန်ခဲ့ပါတယ်။ အတန်းထဲမှာလဲ Yasa ဟာ ထိုင်း ဘာသာစကားကိုရေးသားရာမှာ လက်ရေးအလှဆုံးသူဖြစ်သလို၊ အထူး ချွန်ဆုံးသူလဲဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းတစ်နိုင်ငံလုံးမှာ ပထမရခဲ့တာ ကအံ့သြစရာမရှိ ပါဘူး''ဟု ပြော သည်။

The Union Daily

No comments:

Post a Comment