Thursday 5 June 2014

ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၁,၀၀၀ အီးယူ ကူညီမည်

ဥရောပသမဂ္ဂ (အီးယူ)က “ကရင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရေး အတွက် ငွေကြေးအကူအညီပေးသည့်အစီအစဉ်”ကို PlaNet Finance အဖွဲ့မှတစ်ဆင့် ဆောင်ရွက်သွား မည်ဖြစ်ရာ သုံးနှစ်တာထိုစီမံကိန်းအတွက် ကျပ်သန်း ၁,၂၅၀ သုံးစွဲမည်ဟု ဇွန် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

အီးယူက ၈၂ ရာခိုင်နှုန်း (သန်း ၁,၀၀၀) ထည့်ဝင်ပြီး ကျန်ငွေများကို ပြင်သစ်နိုင်ငံ အခြေစိုက်အဖွဲ့ တစ်ခုဖြစ် သည့် Agence Française de Développement (AFD) က ထည့်ဝင်ထားခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာသုံးဆယ် အိမ်ထောင်စုပေါင်း ၂,၀၀၀ ကို ချေးငွေရရှိစေရန် ငွေစုငွေချေးသမ၀ါယမသုံးခု တည်ထောင်ပြီး ကူညီသွားမည်ဖြစ်သည်။ သို့ဖြင့် လယ် သမား များက ၎င်းတို့၏ ၀င်ငွေများကို စုထားနိုင်သော လုံခြုံသည့်နေရာရရှိမည် ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ အလွန်များသည့် ယင်းဒေသများ ပြန်လည်တိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်သည်။

စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် PlaNet Finance နှင့် တွဲဖက်လုပ်ဆောင်နေသော ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့ဖြစ်သည့် လူထု ဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) နှင့် ပူးပေါင်း လုပ် ဆောင် သွားမည်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment