Thursday 5 June 2014

မန္တလေးတွင် အပူဒဏ်ကြောင့် သုံးရက်အတွင်း လူ ၇ ဦး ဆေးရုံရောက်

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင် က ပြောကြားသည်။

အပူချိန် မြင့်တက်နေချိန်တွင် အရက်သောက်သုံးသူများ၊ အခြေအနေမဲ့ သွားလာနေထိုင်သူများ၊ နယ်မှလာ ရောက်၍ ဈေးလာဝယ်သူများ ရုတ်တရက် အဖျားများ တက်လာခြင်း၊ ချွေးထွက်များ၍ မူးဝေလာခြင်းများ ကြောင့် ယင်းသို့ ဆေးရုံကြီးကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းလွင်က The Voice သို့ ထပ်မံ ရှင်းပြ သည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အပူကြောင့် လူနာ ၅၇ ဦး ရောက်ရှိ လာပြီး သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရက်ကြောင့် တစ်ဦးသေဆုံးသွားခဲ့ ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့တော်တွင် မေလ ၂၃ ရက်နေ့က အပူချိန် ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့ တွင် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝ သ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly 

No comments:

Post a Comment