Thursday 5 June 2014

နေ့စား ကျောင်းဆရာ၊ ဆရာမများကို တစ်ရက်လျှင် လုပ်အားခ ၃,၀၀၀ ပေးမည်

Photo: နေ့စား ကျောင်းဆရာ၊ ဆရာမများကို တစ်ရက်လျှင် လုပ်အားခ ၃,၀၀၀ ပေးမည်
Thursday, June 5, 2014 

အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“နေ့စား၊ လပေး အခြေခံပညာဆရာ၊ ဆရာမအတွက်တစ်ရက်ကို ၂,၇၀၀ ပေးနေ ရာကနေ အခုဆိုရင် ၃,၀၀၀ ကျပ်တိုးပေးဖို့ နှုန်းသတ်မှတ်နေပြီဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ တိုးမြင့်ပေးလိုက်ခြင်းမှာ ဆရာ၊ဆရာမများသည် တရားဝင်ခန့်အပ်ထားသောသူများကဲ့သို့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် သတ်မှတ်နှုန်းထားမရရှိခြင်း၊ ခန့်အပ်ထားသူကဲ့သို့ အခွင့်အရေးများ မရရှိခြင်းနှင့် နေ့စား၊ လပေးဆရာ၊ ဆရာမများ အဆင်ပြေစေရန် ရည်ရွယ်ခြင်းတို့ကြောင့် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နေ့စား၊လပေးဆရာ၊ ဆရာမများကို မူလတန်းအဆင့်ပညာသင်ကြား မှုများတွင် ပိုမိုသင်ကြားမှု ပြု လုပ်နိုင်ရန်အတွက် တိုးချဲ့ခန့်အပ်ရန် ရွေးချယ်မှုများပြုလုပ်နေပြီး လက်ရှိအချိန်တွင် မန္တလေးတိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ အင်အားနှင့် လိုအပ်မည့် အရေအတွက်ကို အချိုးချကာ စိစစ်မှုများကိုလည်း စတင် လုပ်ဆောင်နေပြီဖြစ်သည်။

“နေ့စား၊ လပေးဆရာ၊ ဆရာမဘယ်လောက်ကို ခန့်အပ်မယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တိုင်းအတွင်းရှိ မူလတန်းကျောင်း တွေမှာ ဆရာ၊ ဆရာမတွေ အရေအတွက်ကိုရယူပြီး လိုအပ်တဲ့နေရာတွေမှာ ခန့်အပ်ဖို့တော့ စီစဉ်နေပြီဖြစ် ပါ တယ်” ဟု ယင်းက ဆက်လက်ပြောသည်။

မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမခန့်အပ်ထားမှုမှာ စံနှုန်းအဖြစ် ကျောင်းသား ၄၀ ဦးလျှင် ဆရာ၊ ဆရာမ တစ်ဦးနှုန်း ခန့်အပ်ထားရမည်ဖြစ်ကြောင်း၊ သို့သော်လက်ရှိဆရာ၊ ဆရာမများစာရင်း အရကျောင်း သား ၅၀ ဦးလျှင် ဆရာ၊ ဆရာမတစ်ဦးနှုန်းကို ခန့်အပ်ထားသေးမည်ဖြစ်ကြောင်းနှင့် မူလတန်းကျောင်းများ တွင် ဆရာ၊ဆရာမငါးဦး တိုးချဲ့ခန့်အပ်ရန် စီစဉ်မှုများကို ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်း ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ မူလတန်းအဆင့်တွင် ငါးသိန်းကျော်၊ အ လယ်တန်းအဆင့်တွင် သုံးသိန်းကျော်နှင့်အထက်တန်းအဆင့်တွင်ကိုးသောင်းကျော်၊ဆရာ၊ဆရာမ များ အရေအတွက်အဖြစ် မူလတန်းအဆင့်တွင် နှစ်သောင်းကျော်၊ အလယ်တန်း အဆင့်ကိုးရာကျော်၊အထက် တန်းအဆင့်သုံးရာကျော်ရှိသည်ဟု အဆိုပါစာရင်းများတွင် ဖော်ပြထားသည်။

မျိုးသန့်
Mizzima - News in Burmese
အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေး မှူး ရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“နေ့စား၊ လပေး အခြေခံပညာဆရာ၊ ဆရာမအတွက်တစ်ရက်ကို ၂,၇၀၀ ပေးနေ ရာကနေ အခုဆိုရင် ၃,၀၀၀ ကျပ်တိုးပေးဖို့ နှုန်းသတ်မှတ်နေပြီဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ တိုးမြင့်ပေးလိုက်ခြင်းမှာ ဆရာ၊ဆရာမများသည် တရားဝင်ခန့်အပ်ထားသောသူများကဲ့သို့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် သတ်မှတ်နှုန်းထားမရရှိခြင်း၊ ခန့်အပ်ထားသူကဲ့သို့ အခွင့်အရေးများ မရရှိခြင်းနှင့် နေ့စား၊ လပေးဆရာ၊ ဆရာမများ အဆင်ပြေစေရန် ရည်ရွယ်ခြင်းတို့ကြောင့် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နေ့စား၊လပေးဆရာ၊ ဆရာမများကို မူလတန်းအဆင့်ပညာသင်ကြား မှုများတွင် ပိုမိုသင်ကြားမှု ပြု လုပ်နိုင်ရန်အတွက် တိုးချဲ့ခန့်အပ်ရန် ရွေးချယ်မှုများပြုလုပ်နေပြီး လက်ရှိအချိန်တွင် မန္တလေးတိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ အင်အားနှင့် လိုအပ်မည့် အရေအတွက်ကို အချိုးချကာ စိစစ်မှုများကိုလည်း စတင် လုပ်ဆောင်နေပြီဖြစ်သည်။

“နေ့စား၊ လပေးဆရာ၊ ဆရာမဘယ်လောက်ကို ခန့်အပ်မယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တိုင်းအတွင်းရှိ မူလတန်းကျောင်း တွေမှာ ဆရာ၊ ဆရာမတွေ အရေအတွက်ကိုရယူပြီး လိုအပ်တဲ့နေရာတွေမှာ ခန့်အပ်ဖို့တော့ စီစဉ်နေပြီဖြစ် ပါ တယ်” ဟု ယင်းက ဆက်လက်ပြောသည်။

မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမခန့်အပ်ထားမှုမှာ စံနှုန်းအဖြစ် ကျောင်းသား ၄၀ ဦးလျှင် ဆရာ၊ ဆရာမ တစ်ဦးနှုန်း ခန့်အပ်ထားရမည်ဖြစ်ကြောင်း၊ သို့သော်လက်ရှိဆရာ၊ ဆရာမများစာရင်း အရကျောင်း သား ၅၀ ဦးလျှင် ဆရာ၊ ဆရာမတစ်ဦးနှုန်းကို ခန့်အပ်ထားသေးမည်ဖြစ်ကြောင်းနှင့် မူလတန်းကျောင်းများ တွင် ဆရာ၊ဆရာမငါးဦး တိုးချဲ့ခန့်အပ်ရန် စီစဉ်မှုများကို ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်း ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ မူလတန်းအဆင့်တွင် ငါးသိန်းကျော်၊ အ လယ်တန်းအဆင့်တွင် သုံးသိန်းကျော်နှင့်အထက်တန်းအဆင့်တွင်ကိုးသောင်းကျော်၊ ဆရာ၊ ဆရာမများ အရေအတွက်အဖြစ် မူလတန်းအဆင့်တွင် နှစ်သောင်းကျော်၊ အလယ်တန်း အဆင့်ကိုးရာကျော်၊အထက် တန်းအဆင့်သုံးရာကျော်ရှိသည်ဟု အဆိုပါစာရင်းများတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment